Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ့်လေယာဉ် ကိုယ်ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှား နှုတ်ဆိတ်နေ

လေယာဉ် ကိုယ်ထည်ပေါ် ရေးသားထားတဲ့ နံပါတ်တွေအရ လွန်ခဲ့တဲ့ တစ်လလောက်ကမှ လေတပ်က လက်ခံရရှိထားတဲ့ SU-34M အသစ်ကျပ်ချွတ် ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ကိုယ့်လေယာဉ် ကိုယ်ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှား နှုတ်ဆိတ်နေ
ကိုယ့်လေယာဉ် ကိုယ်ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှား နှုတ်ဆိတ်နေ

ယူကရိန်း ပိုင်နက်ထဲမှာ ကိုယ့်တိုက်လေယာဉ်ကိုယ် မှားယွင်း ပစ်ချမိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖြေရှင်းတာမျိုး မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ယူကရိန်း မီဒီယာတွေက ရုရှားဟာ နိုင်ငံ အရှေ့ပိုင်း၊ လူဟန့်စ်ခ် ဒေသမှာ ဖြတ်ပျံနေတဲ့ လေယာဉ် တစ်စီးကို မှားယွင်း ပစ်ချခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ SU-34M Fullback ဗုံးကြဲ တိုက်လေယာဉ်တွေဟာ ရုရှား လေတပ်မှာ စတင် အမှုထမ်းတာ တစ်လကျော်လောက်သာ ရှိပါသေးတယ်။ အခုတော့ ယူကရိန်းဖက်က အဆိုသာ မှန်ကန်ရင် အဲဒီ ခေတ်မီ တိုက်လေယာဉ် အသစ်တစ်စီးကို ရုရှားက ကိုယ်တိုင် မှားယွင်း ပစ်ချခဲ့ဟန် ရှိပါတယ်။

ရုရှား စစ်တပ်ကို ထောက်ခံတဲ့ လူမှုကွန်ရက် မီဒီယာ အကောင့်တချို့က ဇူလိုင် ၁၇ ရက် ညဖက် ကောင်းကင်ယံမှာ မီးလုံးကြီးတစ်ခု လောင်ကျွမ်းရင်း ထိုးဆင်းလာပုံ ဗီဒီယိုတွေကို ပြသပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။ ဒီပုံရိပ်ဟာ ရန်သူ ယူကရိန်း စစ်လေယာဉ်တစ်စီး ပစ်ချ ခံခဲ့ရတာလို့ အဲဒီအကောင့်တွေက ပြောပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာတော့ စိုက်ခင်း တစ်ခုထဲမှာ တွေ့ရတဲ့ မီးကျွမ်းနေတဲ့ ကိုယ်ထည် အပျက်အစီးတွေဟာ ရုရှားရဲ့ ခေတ်အမီဆုံး ဗုံးကြဲ တိုက်လေယာဉ်အသစ် SU-34M တစ်စီးရဲ့ အစိတ်အပိုင်းတွေလို့ လက်နက် ပါရဂူတွေက ပြောကြားခဲ့ပါတယ်။ လေယာဉ် ကိုယ်ထည်ပေါ် ရေးသားထားတဲ့ နံပါတ်တွေအရ လွန်ခဲ့တဲ့ တစ်လလောက်ကမှ လေတပ်က လက်ခံရရှိထားတဲ့ SU-34M အသစ်ကျပ်ချွတ် ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

SU-34M တိုက်လေယာဉ်ပေါ် လိုက်ပါသွားတဲ့ လေယာဉ်မှူး ၂ ဦးရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။ ယူကရိန်း မီဒီယာတွေကတော့ ဒီလွဲချော်မှု သတင်းကို ဝေဝေဆာဆာ ဖော်ပြနေပြီး ရုရှားစစ်တပ်ကို လှောင်ပြောင်နေပါတယ်။ ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ခေတ်မီ စစ်လက်နက်တွေကို အသုံးပြုနေပေမယ့် မတော်တဆ ချွတ်ချော်မှုတွေ မကြာခဏ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မကြာသေးခင်ကလည်း Iskander ဒုံးကျည်တစ်စင်းဟာ ပစ်စင်ကနေ လွှတ်တင်ပြီးပြီးချင်း ထပေါက်ကွဲတာမျိုး ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ရုရှားလေတပ်ရဲ့ အစောပိုင်း ထုတ်ပြန်ချက်တွေအရ SU-34Mတွေဟာ ကနဦး SU-34တွေထက် စစ်ရေးစွမ်းရည် နှစ်ဆ မြှင့်တင်နိုင်အောင် မွမ်းမံ တည်ဆောက်ထားတာလို့ သိရပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်း မျိုးဆက်ဟောင်း SU-34 ၁၁ စီး အပါအဝင် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ် စုစုပေါင်း ၃၅ စီးထက်မနည်း ဆုံးရှုံးခဲ့ပြီးပြီလို့လည်း စစ်ရေး သုတေသန ဌာနတစ်ခုဖြစ်တဲ့ Oryx Blogက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။