Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်က နွားရိုင်းရှေ့ ပြေးကြတဲ့ ပွဲတော်မှာ နွားဝှေ့ခံရလို့ ၂၄ နာရီအတွင်း ၃ ဦးသေ

ဘူစ်အယ်လ်ကာရာလို့ ခေါ်တဲ့ နွားရိုင်းလိုက် အပြေးပွဲတော်ဟာ ဗလင်စီယာ ဒေသမှာတော့ နှစ်စဉ် ကျင်းပနေကြ အခမ်းအနား တစ်ခုပါပဲ။ ဒီပွဲတော်မှာ မြို့ထဲက လမ်းကျဉ်းလေးတွေထဲ နွားရိုင်းတွေကို လွှတ်ပေးလိုက်ပြီး လူတွေက ရှေ့ကနေ တိမ်းရှောင် ထွက်ပြေးကြတာ ဖြစ်ပါတယ်။

စပိန်က နွားရိုင်းရှေ့ ပြေးကြတဲ့ ပွဲတော်မှာ နွားဝှေ့ခံရလို့ ၂၄ နာရီအတွင်း ၃ ဦးသေ
စပိန်က နွားရိုင်းရှေ့ ပြေးကြတဲ့ ပွဲတော်မှာ နွားဝှေ့ခံရလို့ ၂၄ နာရီအတွင်း ၃ ဦးသေ

စပိန်နိုင်ငံ အရှေ့ပိုင်း ဒေသမှာ ကျင်းပနေတဲ့ နွားရိုင်းလိုက် အပြေးပွဲတော်မှာ နွားဝှေ့ခံရလို့ ၂၄ နာရီအတွင်း လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘူစ်အယ်လ်ကာရာလို့ ခေါ်တဲ့ နွားရိုင်းလိုက် အပြေးပွဲတော်ဟာ ဗလင်စီယာ ဒေသမှာတော့ နှစ်စဉ် ကျင်းပနေကြ အခမ်းအနား တစ်ခုပါပဲ။ ဒီပွဲတော်မှာ မြို့ထဲက လမ်းကျဉ်းလေးတွေထဲ နွားရိုင်းတွေကို လွှတ်ပေးလိုက်ပြီး လူတွေက ရှေ့ကနေ တိမ်းရှောင် ထွက်ပြေးကြတာ ဖြစ်ပါတယ်။

ဒါဟာ ဒေသခံတွေ အနေနဲ့ သတ္တိဘယ်လောက် ရှိသလဲ ဆိုတာကို ပြသတဲ့ အပြုအမူ တစ်ခုလို့ အစဉ်အဆက် ယူဆကြပေမယ့် တိရစ္ဆာန် အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ လူတွေ အတွက်ရော၊ နွားရိုင်းတွေ အတွက်ပါ အန္တရာယ် ရှိနိုင်တဲ့ မသင့်မလျော် ကိစ္စမျိုးလို့ ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

နှစ်ပတ်လောက် ကျင်းပတဲ့ ပွဲတော်မှာ ၂၄ နာရီအတွင်း နွားဝှေ့ခံရလို့ ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးရုံရောက်လာသူ ၃ ဦး ရှိခဲ့ပြီး အားလုံး သေဆုံးသွားတယ်လို့ ဗလန်စီယာ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် မဆုံးရှုံးပေမယ့် နောက်ထပ် ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိကြပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးဆိုရင် လမ်းလယ်က အတားအဆီး အကာအကွယ်တစ်ခု အနောက်မှာ ရပ်နေပေမယ့် နွားဝှေ့ခံရလို့ လေထဲ မြောက်တက်သွားပြီး ပြန်အကျမှာ ဦးနှောက် ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ဆေးရုံရောက်နေပြီး ၉ ရက်မြောက် နေ့မှာ သေဆုံးခဲ့တာပါ။

အဲဒီနေ့မှာပဲ အဆုတ်ကို နွားချို ထုတ်ချင်းဖောက်သွားတဲ့ အသက် ၅၀ အရွယ် အမျိုးသား တစ်ယောက်ရယ်၊ အသက် ၆၄ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တစ်ယောက်ရယ်လည်း ကွယ်လွန်ခဲ့ကြပါတယ်။ ဗလန်စီယာက နွားရိုင်းလိုက် အပြေးပွဲတော်တွေမှာ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း လူ ၂၀ လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

စပိန်ရဲ့ အကျော်ကြားဆုံး ပွဲတော်ဖြစ်တဲ့ ပမ်ပလိုနာ နွားရိုင်းပြေးပွဲမှာလည်း ဒီနှစ်ဆိုရင် ဒဏ်ရာရသူ ၃၅ ဦးထိ ရှိခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် ၃ နှစ်ကြာ ရပ်နားထားရတဲ့ ပွဲတော်ကို အခုနှစ်မှာ ပြန်ကျင်းပတာဖြစ်ပြီး အရမ်း လူစည်ကားခဲ့တယ်လို့ ပွဲကျင်းပရေး တာဝန်ခံတွေက ပြောပါတယ်။

ဗလန်စီယာမှာတော့ ဒီပွဲတော်ဟာ ပျော်ရွှင်မှု အတွက်ရော၊ ဒေသရဲ့ စီးပွားရေး အတွက်ပါ ကောင်းကျိုး သက်ရောက်စေတယ်လို့ ဆိုပါတယ်။ ၂၀၁၉ တုန်းက ပြုလုပ်တဲ့ စစ်တမ်းအရ ပွဲတော်ကာလမှာ အလုပ်အကိုင် ၃၀၀၀ လောက်ကို ဖန်တီးပေးပြီး တစ်နှစ်ကို ယူရို သန်း ၃၀၀ လောက် ဒေသတွင်း ဝင်ငွေ တိုးပွားစေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။