Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ရစ်ချ်တာစကေး ၇.၁ အဆင့် အင်အားပြင်း ငလျင်လှုပ်

ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနက ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုး မရှိပေမယ့် ရက်ပိုင်းအတွင်း ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နိုင်သေးတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်မှာ ရစ်ချ်တာစကေး ၇.၁ အဆင့် အင်အားပြင်း ငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ငလျင်ဟာ ဖိလစ်ပိုင်ရဲ့ လူဦးရေ အထူထပ်ဆုံး နေထိုင်ရာ လူဇုန်ကျွန်းကို ဦးတည် လှုပ်ခတ်ခဲ့ပြီး ဆေးရုံတစ်ရုံနဲ့ တခြား အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ကြောင်း ကနဦး သိရှိထားရပါတယ်။ အက်ဘရာ ဒေသက ဆေးရုံဟာ တစိတ်တပိုင်း ပြိုကျသွားတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ငလျင်ရဲ့ လှုပ်ခတ်မှုဒဏ်ကို မနီလာမြို့တော်ကလည်း သက်ရောက် ခံစားခဲ့ရပြီး လွှတ်တော်ထဲက ဥပဒေပြု အမတ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူအသေအပျောက် သတင်းတွေတော့ မကြားရသေးပါဘူး။

ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနက ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုး မရှိပေမယ့် ရက်ပိုင်းအတွင်း ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နိုင်သေးတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုန်းပိတ် ဧရိယာ တစ်ခုဖြစ်တဲ့ အက်ဘရာ ဒေသဟာ ငလျင်ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ နေရာဖြစ်ပြီး Facebookပေါ် မျှဝေထားတဲ့ ဓာတ်ပုံတွေအရ အဆောက်အအုံတွေ ထိခိုက် ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကတော့ ငလျင်ရဲ့ ဗဟိုချက်ဟာ ဒိုလိုရက်စ်မြို့ရဲ့ အရှေ့-အရှေ့တောင်ထောင့် ၆ မိုင်လောက်အကွာ မြေအနက် ၆ မိုင်လောက်ကို ဦးတည်နေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မြေတိမ်ငလျင် ဖြစ်တာကြောင့် မြေမျက်နှာပြင် အထက်ပိုင်းမှာ သက်ရောက် ထိခိုက်မှုတွေ ပိုများပြားခဲ့ပါတယ်။

ငလျင်ဟာ စက္ကန့် ၃၀ လောက်ကြာအောင် ယိမ်းထိုး လှုပ်ရှားနေခဲ့ပြီး ငလျင်ဒဏ် သက်ရောက် ခံစားရတဲ့ ဒေသခံတွေဟာ လမ်းတွေပေါ်ကို အလန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ဆန်းစစ်နေဆဲ ဖြစ်သလို လောလောဆယ် မနီလာမြို့တော် ဧရိယာ တဝိုက်က ရထားပြေးဆွဲမှုတွေကိုပါ ယာယီ ပိတ်ထားပြီး လုံခြုံရေး စံနှုန်းတွေ ပြန်လည် စစ်ဆေးနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။