Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ကော်ဆီကာ ကျွန်းပေါ်မှာ အပျော်တမ်း ခရီးထွက်သူတွေ ထိုးထားတဲ့ ရွက်ဖျင်တဲတွေ လေပြင်းနဲ့အတူ လွင့်ပါကုန်ပြီး အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာလည်း ရှေးလက်ရာ အမွေအနှစ်တချို့ ထိခိုက် ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ မုန်တိုင်းတွေနဲ့အတူ တချို့နေရာတွေမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့ပါတယ်။

ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး
ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ဥရောပတိုက် တောင်ပိုင်း နိုင်ငံတချို့မှာ ဖျက်ဆီးအား ပြင်းထန်တဲ့ မုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ကလေးတွေ အပါအဝင် လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အီတလီနဲ့ ဩစတြီးယားတို့မှာ မုန်တိုင်းတွေကြောင့် သစ်ပင်တွေ ပြိုလဲရာက ပိမိသေဆုံးမှုတွေ ရှိခဲ့ပြီး ပြင်သစ်ပိုင် ကော်ဆီကာ ကျွန်းမှာလည်း အသေအပျောက် သတင်းတွေ ကြားခဲ့ရပါတယ်။ ဥရောပ တနံတလျားမှာ မိုးခေါင်ပြီး အပူချိန် အလွန်အမင်း မြင့်တက်ခဲ့တဲ့ ကာလတွေ အပြီးမှာ အခုလိုမျိုး မုန်တိုင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကော်ဆီကာ ကျွန်းပေါ်မှာ အပျော်တမ်း ခရီးထွက်သူတွေ ထိုးထားတဲ့ ရွက်ဖျင်တဲတွေ လေပြင်းနဲ့အတူ လွင့်ပါကုန်ပြီး အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာလည်း ရှေးလက်ရာ အမွေအနှစ်တချို့ ထိခိုက် ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ မုန်တိုင်းတွေနဲ့အတူ တချို့နေရာတွေမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့ပါတယ်။

ဩဂုတ်လ ၁၈ ရက်က ဥရောပ တောင်ပိုင်း နိုင်ငံတွေမှာ မုန်တိုင်းတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦး စာရင်းရထားပြီး ကလေးငယ် ၃ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ကော်ဆီကာ ကမန်းပေါ်မှာ လေတိုက်နှုန်းက တစ်နာရီ ၂၂၄ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့ပြီး ပျော်ပွဲစား ရွက်ဖျင်တဲပေါ်ကို သစ်ပင်ပိမိလို့ အသက် ၁၃ နှစ်အရွယ် ကလေးမလေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ ကျွန်းပေါ်မှာ လူ ၂၀ လောက် ဒဏ်ရာရခဲ့ပြီး ၄ ယောက်က အခြေအနေ ဆိုးတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂါရဲလ် ဒါမာနင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြီးယားနဲ့ အီတလီတို့မှာလည်း မုန်တိုင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေ ဖြစ်ပွားပြီး အသေအပျောက် သတင်းတွေ အတည်ပြု ကြားသိခဲ့ရပါတယ်။ အီတလီမှာ မုန်တိုင်းတွေ တိုက်နေပေမယ့် အပူလှိုင်းဖြတ်တဲ့ အခြေအနေက ပြီးဆုံးမသွားသေးဘဲ ဆစ္စလီလို နေရာမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်တက်နေဆဲပါ။ အီတလီနဲ့ မြေထဲပင်လယ် ခြားပြီး တည်ရှိနေတဲ့ အယ်လ်ဂျီးရီးယား နိုင်ငံမှာ ဆိုရင်လည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက ပုဂ္ဂလိက လေကြောင်းသိပ္ပံ ကုမ္ပဏီ တစ်ခုဟာ အာကာသထဲကို ဒုံးပျံတစ်စင်း ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။