Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ကော်ဆီကာ ကျွန်းပေါ်မှာ အပျော်တမ်း ခရီးထွက်သူတွေ ထိုးထားတဲ့ ရွက်ဖျင်တဲတွေ လေပြင်းနဲ့အတူ လွင့်ပါကုန်ပြီး အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာလည်း ရှေးလက်ရာ အမွေအနှစ်တချို့ ထိခိုက် ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ မုန်တိုင်းတွေနဲ့အတူ တချို့နေရာတွေမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့ပါတယ်။

ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး
ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ဥရောပတိုက် တောင်ပိုင်း နိုင်ငံတချို့မှာ ဖျက်ဆီးအား ပြင်းထန်တဲ့ မုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ကလေးတွေ အပါအဝင် လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အီတလီနဲ့ ဩစတြီးယားတို့မှာ မုန်တိုင်းတွေကြောင့် သစ်ပင်တွေ ပြိုလဲရာက ပိမိသေဆုံးမှုတွေ ရှိခဲ့ပြီး ပြင်သစ်ပိုင် ကော်ဆီကာ ကျွန်းမှာလည်း အသေအပျောက် သတင်းတွေ ကြားခဲ့ရပါတယ်။ ဥရောပ တနံတလျားမှာ မိုးခေါင်ပြီး အပူချိန် အလွန်အမင်း မြင့်တက်ခဲ့တဲ့ ကာလတွေ အပြီးမှာ အခုလိုမျိုး မုန်တိုင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကော်ဆီကာ ကျွန်းပေါ်မှာ အပျော်တမ်း ခရီးထွက်သူတွေ ထိုးထားတဲ့ ရွက်ဖျင်တဲတွေ လေပြင်းနဲ့အတူ လွင့်ပါကုန်ပြီး အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာလည်း ရှေးလက်ရာ အမွေအနှစ်တချို့ ထိခိုက် ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ မုန်တိုင်းတွေနဲ့အတူ တချို့နေရာတွေမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့ပါတယ်။

ဩဂုတ်လ ၁၈ ရက်က ဥရောပ တောင်ပိုင်း နိုင်ငံတွေမှာ မုန်တိုင်းတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦး စာရင်းရထားပြီး ကလေးငယ် ၃ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ကော်ဆီကာ ကမန်းပေါ်မှာ လေတိုက်နှုန်းက တစ်နာရီ ၂၂၄ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့ပြီး ပျော်ပွဲစား ရွက်ဖျင်တဲပေါ်ကို သစ်ပင်ပိမိလို့ အသက် ၁၃ နှစ်အရွယ် ကလေးမလေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ ကျွန်းပေါ်မှာ လူ ၂၀ လောက် ဒဏ်ရာရခဲ့ပြီး ၄ ယောက်က အခြေအနေ ဆိုးတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂါရဲလ် ဒါမာနင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြီးယားနဲ့ အီတလီတို့မှာလည်း မုန်တိုင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေ ဖြစ်ပွားပြီး အသေအပျောက် သတင်းတွေ အတည်ပြု ကြားသိခဲ့ရပါတယ်။ အီတလီမှာ မုန်တိုင်းတွေ တိုက်နေပေမယ့် အပူလှိုင်းဖြတ်တဲ့ အခြေအနေက ပြီးဆုံးမသွားသေးဘဲ ဆစ္စလီလို နေရာမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်တက်နေဆဲပါ။ အီတလီနဲ့ မြေထဲပင်လယ် ခြားပြီး တည်ရှိနေတဲ့ အယ်လ်ဂျီးရီးယား နိုင်ငံမှာ ဆိုရင်လည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။