Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ကလေး ၈၀ ကျော် ခရမ်းချဉ်သီးတုပ်ကွေး ရောဂါသစ် ကူးစက်ခံရ

ကလေးတွေက အနီကွက်တွေ၊ အနာဖုတွေကို လက်သည်းတွေနဲ့ ကုတ်တာ၊ ဆိတ်တာမျိုး မလုပ်မိဖို့လိုပြီး အဲဒီကျရင် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်သွားနိုင်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယမှာ ကလေး ၈၀ ကျော် ခရမ်းချဉ်သီးတုပ်ကွေး ရောဂါသစ် ကူးစက်ခံရ
အိန္ဒိယမှာ ကလေး ၈၀ ကျော် ခရမ်းချဉ်သီးတုပ်ကွေး ရောဂါသစ် ကူးစက်ခံရ

အိန္ဒိယ နိုင်ငံက ကလေးငယ်တွေမှာ ခရမ်းချဉ်သီး တုပ်ကွေးလို့ခေါ်တဲ့ အဖျားရောဂါသစ်တစ်မျိုး ပျံ့နှံ့ ဖြစ်ပွားနေတဲ့အပေါ် ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။

မေလ ၆ ရက်က ကီရာလာ ပြည်နယ်မှာ အဲဒီ တုပ်ကွေးဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့ပြီး လက်ရှိ အချိန်ထိ ရောဂါဖြစ်ပွားမှု ၈၆ ခုထက်မနည်း ဆေးစစ် အတည်ပြုထားပါတယ်။ အဲဒီ ဖျားနာမှုဟာ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ဖျားက ဩရိသ ပြည်နယ် တစ်ခုတည်းမှာတင် ခရမ်းချဉ်သီး တုပ်ကွေး ဖြစ်ပွားတဲ့ ကလေးငယ် ၂၆ ဦးလောက် များပြားခဲ့ပါတယ်။ ဒီရောဂါဟာ လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပေမယ့် အရွယ်ရောက်ပြီးသူတွေရဲ့ ကိုယ်ခံအား စနစ်က ပိုမိုကောင်းမွန်တာကြောင့် ရောဂါ ဖြစ်ဖို့ ခဲယဉ်းကြောင်း သိရပါတယ်။ ကလေးတွေမှာတောင် သွေးလွန်တုပ်ကွေးလို ရောဂါမျိုး ဖြစ်ပွားဖူးသူတွေမှာ ကူးစက်နိုင်ခြေ သိသိသာသာ ပိုများပါတယ်။

ခရမ်းချဉ်သီး တုပ်ကွေး ဖြစ်ပွားရင် အသက်အန္တရာယ် ထိခိုက်နိုင်ခြေ မရှိသလောက် နည်းပေမယ့်လည်း ကလေးတွေ အတော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ရောဂါဖြစ်ပွားရင် ကိုယ်လက် ကိုက်ခဲတာ၊ ဖျားတာ၊ နွမ်းနယ်တာတွေနဲ့ အစပြုပြီး တချို့က ဝမ်းပျက်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ အဆစ်အမြစ် နာကျင်တာတွေပါ ခံစားရတတ်ပါတယ်။ နောက်ပြီး အရေပြားပေါ်မှာ အနီရောင် အကွက်တွေလည်း နေရာအနှံ့ ပေါ်လာတတ်ပါတယ်။

Public Service Announcement

Public Service Announcement

ကီရာလာမှာ စတင်တွေ့ရှိခဲ့တဲ့ ခရမ်းချဉ်သီး တုပ်ကွေးဟာ ရောဂါအသစ် တစ်ခုဖြစ်ပြီး ဘယ်လို ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်သလဲ ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ရောဂါကြောင့် ဖြစ်လာတဲ့ အနီရောင် အကွက်တွေက ဝိုင်းစက်ပြီး ခရမ်းချဉ်သီးနဲ့ တူတာကြောင့် ဒီနာမည် ပေးထားတာပါ။ ရောဂါ ကူးစက်ခံရပြီးရင် တစ်ပတ်လောက်အတွင်း သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ ပေါ့ပေါ့ဆဆ သဘောထားရင် ပျံ့နှံ့မှု အရမ်းမြန်ဆန်သွားပြီး နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အပေါ် ဝန်ပိလာစေနိုင်ကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် ကိုဗစ် ကပ်ရောဂါဆိုးကြီးရဲ့ ခြိမ်းခြောက်မှုတွေ အကင်းမသေသေးချိန်မှာ နောက်ထပ် ရောဂါတစ်ခုကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါဟာ သလိပ်၊ တံတွေး အစရှိတဲ့ ခံတွင်းကထွက်တဲ့ အရည်တွေကနေတဆင့် အဓိက ကူးစက်နိုင်ပါတယ်။

ခရမ်းချဉ်သီး တုပ်ကွေး ရောဂါအတွက် တိကျတဲ့ ကုသဆေး မရှိသေးဘဲ ရောဂါလက္ခဏာအလိုက် သက်သာစေမယ့် ဆေးတွေသာ သုံးစွဲနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒီရောဂါဟာ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတဲ့ ကလေးတွေမှာ အဖြစ်များတာကြောင့် အကောင်းဆုံး ကာကွယ်နည်းက တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ဖို့သာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ရောဂါဖြစ်တဲ့ ကလေးတွေဟာ အပြည့်အဝ အနားယူသင့်ပြီး အဲဒီလို မဟုတ်ရင် နောက်ဆက်တွဲ မလိုလားအပ်တဲ့ အကျိုးဆက်တချို့ စွဲကျန်နေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။ နောက်ပြီး ကလေးတွေက အနီကွက်တွေ၊ အနာဖုတွေကို လက်သည်းတွေနဲ့ ကုတ်တာ၊ ဆိတ်တာမျိုး မလုပ်မိဖို့လိုပြီး အဲဒီကျရင် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်သွားနိုင်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။