Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို ရုရှားအစိုးရ စတင်အရေးယူ

လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို အစောပိုင်းမှာ ကတည်းက ရုရှားရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်း စုံစမ်းခဲ့ပါသေးတယ်။ သူတို့ဟာ ပူတင်နုတ်ထွက်ပေးဖို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုစာကို ဒူးမား လွှတ်တော်ဆီ တင်သွင်းဖို့ ကြိုးစားခဲ့တာပါ။

ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို ရုရှားအစိုးရ စတင်အရေးယူ
ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို ရုရှားအစိုးရ စတင်အရေးယူ

သမ္မတ ဗလာဒီမာပူတင် ရာထူးက နုတ်ထွက်ပေးဖို့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေကို ရုရှားအစိုးရဖက်က စတင် ဖိအားပေး တုံ့ပြန်လာကြောင်း သိရပါတယ်။

မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်တို့လို မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့က မြူနီစီပယ် အုပ်ချုပ်ရေးမှူးပေါင်း ၁၀၀ ကျော်လောက်က ပူတင်ရဲ့ ခေါင်းဆောင်မှုဟာ ရုရှားကို ထိခိုက် နစ်နာစေခဲ့တဲ့အတွက် သမ္မတ ရာထူး စွန့်လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ ယူကရိန်းကို ကိုယ့်သဘောနဲ့ကိုယ် ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်းကလည်း ပူတင်အနေနဲ့ နိုင်ငံတော်အပေါ် အကြီးအကျယ် သစ္စာဖောက်ရာ ရောက်ခဲ့တာကြောင့် ရာထူးက နုတ်ထွက်ပေးသင့်ကြောင်း အဲဒီ မြူနီစီပယ် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

အခုအခါမှာတော့ ရုရှားတရားရုံး တစ်ခုက စိန့်ပီတာစဘာ့ဂ်မှာရှိတဲ့ ဆမိုလ်နင်စကိုက မြူနီစီပယ် အုပ်ချုပ်ရေးမှူး ဒီမစ်ထရီ ပါလျူဂါကို အစိုးရအပေါ် အသရေဖျက်ခဲ့ကြောင်း စွပ်စွဲပြီး ဒဏ်ကြေး ရူဘယ်လ် ၄၇၀၀၀ (အမေရိကန်ဒေါ်လာ ၇၈၀ ဝန်းကျင်) ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။ ပါလျူဂါနဲ့ တခြား မြူနီစီပယ် အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ရပ်ဟာ ရုရှားအစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေကြောင်း တရားရုံးက ပြောပါတယ်။

ပါလျူဂါကတော့ ဒီကိစ္စကို Twitterမှာ အသိပေး ကြေညာခဲ့ပြီး သူ့အနေနဲ့ အယူခံ ဆက်ဝင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။ လောလောဆယ်တော့ ပူတင် နုတ်ထွက်ပေးဖို့ တောင်းဆိုစာမှာ ပါဝင် လက်မှတ်ရေးထိုးခဲ့သူ တခြား မြူနီစီပယ် အုပ်ချုပ်ရေး အရာရှိ ၄ ယောက်လည်း အခုသီတင်းပတ်အတွင်း တရားရုံးတွေမှာ သွားရောက် လျှောက်လဲ ဖြေရှင်းရဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို အစောပိုင်းမှာ ကတည်းက ရုရှားရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်း စုံစမ်းခဲ့ပါသေးတယ်။ သူတို့ဟာ ပူတင်နုတ်ထွက်ပေးဖို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုစာကို ဒူးမား လွှတ်တော်ဆီ တင်သွင်းဖို့ ကြိုးစားခဲ့တာပါ။

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် လူ့အသက်တွေ အမြောက်အမြား ဆုံးရှုံးရသလို စစ်မှုထမ်းတွေလည်း မသန်စွမ်းဘဝ ရောက်ခဲ့ကြရကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးသွားသလို ပြိုင်ဘက် NATO စစ်မဟာမိတ် အုပ်စုရဲ့ ဩဇာဖြန့်ကျက်မှု ပိုအားကောင်းအောင် တွန်းပို့ရာ ရောက်ခဲ့ကြောင်း မြူနီစီပယ် အုပ်ချုပ်ရေး အရာရှိတွေက စွပ်စွဲပါတယ်။

ရုရှားလွှတ်တော်ဟာ နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်ဝေသူတွေကို ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တယ်ဆိုတဲ့ ဥပဒေသစ် တစ်ရပ် မတ်လတုန်းက ပြဋ္ဌာန်းခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပူတင်က ပုံဖော်ပြထားတဲ့ စစ်ပွဲအခြေအနေနဲ့ ဆန့်ကျင်ပြောဆိုသူတွေကို မတရား ထောင်ချနိုင်မယ့် ဥပဒေမျိုး ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ယူကရိန်း အရှေ့ပိုင်းက စစ်မြေပြင်မှာ ရုရှားတပ်တွေ မရှုမလှ အရေးနိမ့်နေတဲ့ ကိစ္စက ဖုံးမနိုင် ဖိမရ ဖြစ်နေပြီး ရုရှားအစိုးရ ကိုယ်တိုင်က စစ်မြေပြင်မှာ အရေးနိမ့်နေကြောင်း ဝန်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။