Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆည်ကြီးတစ်ခုကို ဖောက်ခွဲဖို့ ရုရှားကြံစည်နေကြောင်း ယူကရိန်း စွပ်စွဲ

ယူကရိန်း တောင်ပိုင်းက ခက်ကော့ဗာ ဆည်ကြီးမှာ ရုရှားတပ်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်နေကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ တကယ်လို့သာ ဒီနိုင်ပါ မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်ကြီးကို ဖောက်ခွဲလိုက်မယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ကြုံတွေ့ရလိမ့်မယ်လို့ ယူကရိန်းက သတိပေးထားပါတယ်။

ဆည်ကြီးတစ်ခုကို ဖောက်ခွဲဖို့ ရုရှားကြံစည်နေကြောင်း ယူကရိန်း စွပ်စွဲ
ဆည်ကြီးတစ်ခုကို ဖောက်ခွဲဖို့ ရုရှားကြံစည်နေကြောင်း ယူကရိန်း စွပ်စွဲ

ရုရှားစစ်တပ်ဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် တည်ဆောက်ထားတဲ့ ဆည်ကြီးတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ယူကရိန်း တောင်ပိုင်းက ခက်ကော့ဗာ ဆည်ကြီးမှာ ရုရှားတပ်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်နေကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ တကယ်လို့သာ ဒီနိုင်ပါ မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်ကြီးကို ဖောက်ခွဲလိုက်မယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ကြုံတွေ့ရလိမ့်မယ်လို့ ယူကရိန်းက သတိပေးထားပါတယ်။

အဲဒီ ဆည်ကြီးဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ယူကရိန်း တပ်တွေက တရွေ့ရွေ့ နီးကပ်လာနေပါတယ်။ ဒီအခြေအနေမှာ ရန်သူထိုးစစ်ကို တားဆီးဖို့အတွက် ရုရှားက ဆည်ကြီးကို ဖောက်ခွဲပစ်လိုက်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဆည်ကြီးသာ ပေါက်သွားမယ်ဆိုရင် ခါဆွန်ဒေသက မြို့ရွာ တော်တော်များများ ရေမြုပ်သွားနိုင်ပါတယ်။

ခါဆွန်ဒေသကို ရုရှားနဲ့ ယူကရိန်းက ခွဲဝေ ထိန်းချုပ်ထားပြီး လတ်တလောမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲပါ။ ယူကရိန်း တပ်တွေက တဖြည်းဖြည်းချင်း ရှေ့တိုးလာနေတဲ့နောက် ရုရှားက ခါဆွန်မှာ ရှိနေတဲ့ ရုရှားနိုင်ငံသား ၅ သောင်းကျော် ၆ သောင်းလောက်ကို ရွှေ့ပြောင်း ထွက်ခွာကြဖို့ ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကတော့ တကယ်လို့ ဆည်ကိုသာ ဖောက်ခွဲပစ်လိုက်ရင် ယူကရိန်းရဲ့ ဇာပေါ်ရစ်ဇီရာ ဒေသမှာ ရှိနေတဲ့ ဥရောပတိုက်ရဲ့ အကြီးဆုံး ဆည်ကြီးကို အအေးပေးဖို့ ရေအရင်းအမြစ် ပျောက်ကွယ်သွားမယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် ခါဆွန်မြို့ အပါအဝင် မြို့ရွာပေါင်း ၈၀ လောက် ရေလွှမ်းသွားပြီး လူတွေ ထောင်သောင်းချီ ထိခိုက် ခံစားရလိမ့်မယ်လို့လည်း ယူကရိန်း သမ္မတက ဆိုတယ်။ နောက်ပြီး မြောက်ပိုင်း ခရိုင်းမီးယား တူးမြောင်းပါ ပျောက်ကွယ်သွားစေရမယ်လို့လည်း ဇီလန်စကီးက ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီ တူးမြောင်းကို ၁၉၇၅ ခုနှစ်တုန်းက ဖောက်လုပ်ထားခဲ့ပြီး လက်ရှိမှာ ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသအတွက် ရေအရင်းအမြစ် ၈၅ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေပါတယ်။ ဇီလန်စကီးက ရုရှားတွေဟာ ခက်ကော့ဗာ ဆည်ကြီးကို ဖောက်ခွဲဖို့ ကြံစည်နေတယ် ဆိုတာက ခါဆွန်တင် မကဘဲ တောင်ပိုင်းက ခရိုင်းမီးယား ဒေသတစ်ခုလုံးကိုပါ လက်လွှတ်ရနိုင်တဲ့ အခြေအနေတွေအတွက် ကြိုစဉ်းစားနေတာလို့လည်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။