Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်းက သိမ်းပိုက်နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေ ရုရှား ထုတ်ပြန်

စစ်အုပ်ချုပ်ရေး အမိန့်နဲ့ ပတ်သက်လို့ ကရင်မလင် နန်းတော်ဖက်က အသေးစိတ် မထုတ်ပြန်ပေမယ့် နယ်စပ် အဝင်အထွက်တွေ ပိုမိုတင်းကျပ်တာ၊ ဒေသတွင်းမှာ အစစ်အဆေးတွေ ပိုမိုကြမ်းတမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား သိမ်းပိုက် နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၉ ရက်၊ ကရင်မလင်နန်းတော်ရဲ့ အမိန့်ကြေညာချက်အရ ယူကရိန်း နယ်မြေတွေဖြစ်တဲ့ ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာတို့မှာ ရုရှားအစိုးရ ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အရေးပေါ် လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးထားတာ တွေ့ရပါတယ်။

လေ့လာသူတွေကတော့ ဒီကိစ္စဟာ ရုရှားအနေနဲ့ ယူကရိန်း နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အခက်အခဲတွေ ပိုမို ရင်ဆိုင်လာရတဲ့ အဓိပ္ပါယ်မျိုးလို့ သုံးသပ်ကြပါတယ်။ ပူတင်ဟာ သိမ်းပိုက် နယ်မြေတွေမှာ ပိုပြီး တင်းကျပ်တဲ့ စီမံအုပ်ချုပ်မှု ပုံစံတွေနဲ့ ကိုင်တွယ်ပြီး ရုရှားဩဇာ မြဲမြံအောင် ကြိုးစား ရုန်းကန်နေရတဲ့ သဘောပါပဲ။

စစ်အုပ်ချုပ်ရေး အမိန့်နဲ့ ပတ်သက်လို့ ကရင်မလင် နန်းတော်ဖက်က အသေးစိတ် မထုတ်ပြန်ပေမယ့် နယ်စပ် အဝင်အထွက်တွေ ပိုမိုတင်းကျပ်တာ၊ ဒေသတွင်းမှာ အစစ်အဆေးတွေ ပိုမိုကြမ်းတမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်းရဲ့ ပြည်နယ် ၄ ခုကို ပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာထားပေမယ့် အဲဒီပြည်နယ်တွေရဲ့ အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ယူကရိန်း တပ်တွေကလည်း စစ်ဆင်ရေးတွေ အောင်မြင်ပြီး ရုရှားလက်ထဲက နယ်မြေတွေကို နေ့တိုင်းလိုလို ပြန်ပြီး သိမ်းယူနေပါတယ်။

ခါဆွန် ဒေသမှာတော့ ယူကရိန်းတပ်တွေ တဖြည်းဖြည်း ရှေ့တိုးလာနေတာကြောင့် အောက်တိုဘာ ၁၉ ရက်ကစလို့ ရုရှားနိုင်ငံသား ၆ သောင်းလောက်ကို ကြိုတင် ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။ အခြေအနေတွေ ရှုပ်ထွေးလာချိန်မှာ ပူတင်က ယူကရိန်းပိုင် ဒေသ ၄ ခုရဲ့ ပြည်သူတွေ အနေနဲ့ ရုရှားနဲ့ အပြည့်အဝ မပေါင်းစည်းနိုင်သေးခင်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို လက်ခံပေးကြဖို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ တိုက်တွန်းသွားခဲ့ပါတယ်။

ရုရှားဟာ နယ်စပ်ဒေသ တချို့မှာလည်း အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့်တွေ ထုတ်ပြန်လာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပူတင်အနေနဲ့ စစ်မြေပြင် အနေအထားတွေကြောင့် လူကြိုက်နည်းမယ့် အမိန့် ကြေညာချက်တွေကို ထုတ်ပြန်နေရပြီး မကြာသေးခင်ကလည်း အငြင်းပွားစရာ အခြေအနေတွေအဖြစ် ရုရှားရဲ့ အရန်တပ်ဖွဲ့ဝင် ၃ သိန်းလောက်ကို ရှေ့တန်း စစ်မြေပြင် စေလွှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။