Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းက သိမ်းပိုက်နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေ ရုရှား ထုတ်ပြန်

စစ်အုပ်ချုပ်ရေး အမိန့်နဲ့ ပတ်သက်လို့ ကရင်မလင် နန်းတော်ဖက်က အသေးစိတ် မထုတ်ပြန်ပေမယ့် နယ်စပ် အဝင်အထွက်တွေ ပိုမိုတင်းကျပ်တာ၊ ဒေသတွင်းမှာ အစစ်အဆေးတွေ ပိုမိုကြမ်းတမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား သိမ်းပိုက် နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၉ ရက်၊ ကရင်မလင်နန်းတော်ရဲ့ အမိန့်ကြေညာချက်အရ ယူကရိန်း နယ်မြေတွေဖြစ်တဲ့ ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာတို့မှာ ရုရှားအစိုးရ ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အရေးပေါ် လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးထားတာ တွေ့ရပါတယ်။

လေ့လာသူတွေကတော့ ဒီကိစ္စဟာ ရုရှားအနေနဲ့ ယူကရိန်း နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အခက်အခဲတွေ ပိုမို ရင်ဆိုင်လာရတဲ့ အဓိပ္ပါယ်မျိုးလို့ သုံးသပ်ကြပါတယ်။ ပူတင်ဟာ သိမ်းပိုက် နယ်မြေတွေမှာ ပိုပြီး တင်းကျပ်တဲ့ စီမံအုပ်ချုပ်မှု ပုံစံတွေနဲ့ ကိုင်တွယ်ပြီး ရုရှားဩဇာ မြဲမြံအောင် ကြိုးစား ရုန်းကန်နေရတဲ့ သဘောပါပဲ။

စစ်အုပ်ချုပ်ရေး အမိန့်နဲ့ ပတ်သက်လို့ ကရင်မလင် နန်းတော်ဖက်က အသေးစိတ် မထုတ်ပြန်ပေမယ့် နယ်စပ် အဝင်အထွက်တွေ ပိုမိုတင်းကျပ်တာ၊ ဒေသတွင်းမှာ အစစ်အဆေးတွေ ပိုမိုကြမ်းတမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်းရဲ့ ပြည်နယ် ၄ ခုကို ပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာထားပေမယ့် အဲဒီပြည်နယ်တွေရဲ့ အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ယူကရိန်း တပ်တွေကလည်း စစ်ဆင်ရေးတွေ အောင်မြင်ပြီး ရုရှားလက်ထဲက နယ်မြေတွေကို နေ့တိုင်းလိုလို ပြန်ပြီး သိမ်းယူနေပါတယ်။

ခါဆွန် ဒေသမှာတော့ ယူကရိန်းတပ်တွေ တဖြည်းဖြည်း ရှေ့တိုးလာနေတာကြောင့် အောက်တိုဘာ ၁၉ ရက်ကစလို့ ရုရှားနိုင်ငံသား ၆ သောင်းလောက်ကို ကြိုတင် ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။ အခြေအနေတွေ ရှုပ်ထွေးလာချိန်မှာ ပူတင်က ယူကရိန်းပိုင် ဒေသ ၄ ခုရဲ့ ပြည်သူတွေ အနေနဲ့ ရုရှားနဲ့ အပြည့်အဝ မပေါင်းစည်းနိုင်သေးခင်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို လက်ခံပေးကြဖို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ တိုက်တွန်းသွားခဲ့ပါတယ်။

ရုရှားဟာ နယ်စပ်ဒေသ တချို့မှာလည်း အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့်တွေ ထုတ်ပြန်လာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပူတင်အနေနဲ့ စစ်မြေပြင် အနေအထားတွေကြောင့် လူကြိုက်နည်းမယ့် အမိန့် ကြေညာချက်တွေကို ထုတ်ပြန်နေရပြီး မကြာသေးခင်ကလည်း အငြင်းပွားစရာ အခြေအနေတွေအဖြစ် ရုရှားရဲ့ အရန်တပ်ဖွဲ့ဝင် ၃ သိန်းလောက်ကို ရှေ့တန်း စစ်မြေပြင် စေလွှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။