Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်၊ လိုက်ပါလာသူတွေ အထိအခိုက်မရှိ

A330 ခရီးသည်တင် လေယာဉ်ဟာ ပြေးလမ်းဆီ ချဉ်းကပ်ပြီး ဆင်းသက်ဖို့ ကြိုးစားပေမယ့် ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့ပါဘူး။ တတိယ ဆင်းသက်တဲ့ အချိန်မှာတော့ ပြေးလမ်းနဲ့ လွဲချော်ပြီး မြက်ခင်းထဲ ခေါင်းစိုက် ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်
ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်

ဖိလစ်ပိုင် နိုင်ငံမှာ လူ ၁၇၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ခဲ့ပေမယ့် ကံအားလျော်စွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အောက်တိုဘာ ၂၃ ရက်က ကိုရီးယား လေကြောင်းပိုင် ခရီးစဉ် လေယာဉ်ဟာ စီဘူ နိုင်ငံတကာ လေဆိပ်ရဲ့ ပြေးလမ်းကနေ ချော်ထွက်ပြီး မြက်ခင်းတစ်ခုဆီ ထိုးဆင်းသွားတာ ဖြစ်ပါတယ်။ A330 အမျိုးအစား လေယာဉ်ဟာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်ကနေ စီဘူကို ဦးတည် ပျံသန်းလာခဲ့တာပါ။

A330 ခရီးသည်တင် လေယာဉ်ဟာ ပြေးလမ်းဆီ ချဉ်းကပ်ပြီး ဆင်းသက်ဖို့ ကြိုးစားပေမယ့် ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့ပါဘူး။ တတိယ ဆင်းသက်တဲ့ အချိန်မှာတော့ ပြေးလမ်းနဲ့ လွဲချော်ပြီး မြက်ခင်းထဲ ခေါင်းစိုက် ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်နဲ့ အမှုထမ်း ၁၇၃ ဦးဟာ အထိတ်တလန့် ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ခရီးသည်တွေကို လေဆိပ်နားက ဟိုတယ်တွေဆီ ပို့ဆောင်ပေးခဲ့ပြီး လိုရာခရီးဆက်မယ့် သူတွေကိုလည်း တခြားလေယာဉ်တွေ ပြောင်းလဲ စီစဉ်ပေးထားကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မှတ်တမ်း ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အရတော့ လေယာဉ်ရဲ့ ခေါင်းပိုင်းက အတော်လေး ထိခိုက် ပျက်စီးသွားသလို ရှေ့ဖက်မှာရှိတဲ့ လေယာဉ်ဘီးရဲ့ ဝင်ရိုးကလည်း ကျိုးသွားဟန် ရှိပါတယ်။ လေကြောင်းလိုင်း ဥက္ကဋ္ဌ ကီဟွန်ဝူက ခရီးသည်တွေအတွက် အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စမျိုး ကြုံခဲ့တဲ့အပေါ် လေကြောင်းလိုင်း ဝက်ဘ်ဆိုက်ကနေ တောင်းပန်ထားပြီး ဖိလစ်ပိုင်၊ တောင်ကိုရီးယား အာဏာပိုင်တွေနဲ့အတူ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

အခု မတော်တဆမှု ဖြစ်ခဲ့တဲ့ A-330-300 အမျိုးအစား ဂျက်လေယာဉ်ဟာ ကိုရီးယား လေကြောင်းလိုင်းဆီ ၁၉၉၈ ခုနှစ်မှာ စတင် ရောက်ရှိနေခဲ့တာလို့ ဆိုပါတယ်။ လေယာဉ် ပြေးလမ်းချော်မှု အပြီးမှာတော့ လေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု တချို့ကို ဆိုင်းငံ့ခဲ့ရသလို လေဆိပ်ဆီ ဦးတည်လာတဲ့ တခြားလေယာဉ်တွေကိုလည်း လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ပါတယ်။

ကိုရီးယား လေကြောင်းလိုင်းဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း လူအသေအပျောက် ဖြစ်တဲ့ မတော်တဆမှုမျိုး မရှိခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်တွေ မတိုင်ခင်ကတော့ လေကြောင်းလိုင်းရဲ့ လုံခြုံရေး အစီအမံတွေက အားနည်းခဲ့ပေမယ့် Boeing ကုမ္ပဏီ၊ ဒယ်လ်တာ လေကြောင်းလိုင်းတွေရဲ့ အကူအညီကို ရယူခဲ့တဲ့နောက်ပိုင်း ကိုရီးယား လေကြောင်းလိုင်းရဲ့ လုံခြုံရေးဆိုင်ရာ စံနှုန်း အဆင့်တွေက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။