Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံက မုန်တိုင်းဒဏ် သင့်နေချိန် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်လို့ ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင် သမ္မတ

မားကို့စ်ဟာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာတော့ ဖိလစ်ပိုင်ကို ပြန်ရောက်နေပြီး မနီလာမြို့တော်က မြေအောက်ရထား ပရောဂျက်တစ်ခု အုတ်မြစ်ချ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံက မုန်တိုင်းဒဏ် သင့်နေချိန် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်လို့ ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင် သမ္မတ
နိုင်ငံက မုန်တိုင်းဒဏ် သင့်နေချိန် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်လို့ ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင် သမ္မတ

ပြည်သူတွေ သဘာဝ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်ခဲ့တာကြောင့် ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတစ်ယောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စင်ကာပူမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို သမ္မတ မားကို့စ်၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေနဲ့ နိုင်ငံရေး မဟာမိတ်တွေ အတူသွားရောက် ကြည့်ရှု အားပေးနေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်း နိုရူရဲ့ဒဏ်ကို အလူးအလဲ ခံစားထားရပြီး ရက်ပိုင်း အကြာမှာ မားကို့စ်က ဖော်မြူလာဝမ်း အထူးတန်း ပွဲကြည့်စင်ကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်သူ မိသားစုဝင် ၄ ဦးမှာ ၃ ဦးက ရွေးကောက်ခံ အရာရှိတွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေချိန်မှာ သမ္မတက ကားပြိုင်ပွဲ သွားအားပေးနေတယ်ဆိုတဲ့ ကိစ္စဟာ ဖိလစ်ပိုင် ပြည်သူတွေအတွက် ဒေါသထွက်စရာ ဖြစ်လာပါတယ်။

အစောပိုင်းမှာ ဖိလစ်ပိုင် သမ္မတရုံးက ဒီကိစ္စကို နှုူတ်ဆိတ်နေပေမယ့် စင်ကာပူ အစိုးရက မားကို့စ် အလည်အပတ် လာရောက်သွားကြောင်း အတည်ပြုလိုက်တဲ့ နောက်ပိုင်းမှာ သမ္မတဟာ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ သွားကြည့်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။

ဒါပေမဲ့ စင်ကာပူ ဂရင်းပရီ ဖော်မြူလာဝမ်း ပွဲစဉ်ကို မားကို့စ် အနေနဲ့ ကိုယ်ပိုင် ငွေကြေး သုံးစွဲပြီး သွားရောက် အားပေးခဲ့တာလား၊ ပြည်သူ့ အခွန်ငွေတွေ အသုံးပြုပြီး သွားရောက်ခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေသလို နောက်ထပ် ၅၂ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လယ်ယာလုပ်ငန်းခွင်တွေ ပျက်စီးပြီး လယ်သမားတွေ ဒုက္ခရောက်နေချိန်မှာ သမ္မတက အေးအေးလူလူနဲ့ စိတ်အပန်းဖြေနေတာ မြင်ရတော့ အံ့ဩမိတယ်လို့ ဖိလစ်ပိုင် လယ်သမား သမဂ္ဂ အကြီးအကဲ ရာဖေးလ် မာရီယာနိုက ဝေဖန်ပါတယ်။

ဖိလစ်ပိုင် ဘေယန် တိုးတက်ရေး အင်အားစုရဲ့ တက်ကြွ လှုပ်ရှားသူ ရီနာတို ရေးယက်စ် ဂျူနီယာကလည်း အခုလို အခြေအနေမျိုးမှာ စင်ကာပူကို အပျော်ခရီး သဘောမျိုး သွားရောက်ခဲ့တဲ့ မားကို့စ်ရဲ့ လုပ်ရပ်ဟာ တာဝန်မဲ့ပြီး မလျော်မကန် ဖြစ်နေလွန်းတယ်လို့ ပြောကြားသွားပါတယ်။

တစ်ဖက်မှာလည်း မားကို့စ်ကို အားပေး ထောက်ခံသူတွေက သမ္မတဟာ ခရီးရှည်ကြီး သွားခဲ့တာ မဟုတ်ဘဲ ဖော်မြူလာဝမ်း အားကစားအပေါ် ဝါသနာထုံလွန်းလို့သာ ခဏတဖြုတ် သွားအားပေးခဲ့တာလို့ ကာကွယ် ပြောဆိုနေပါတယ်။ နောက်ပြီး ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ နိုင်ငံတကာ ဘီလီယံနာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနိုင်တာကြောင့် စီးပွားရေး သဘောတူညီမှုတွေ ရယူနိုင်ခြေ ရှိတယ်လို့လည်း ဖာဖာထေးထေး ထောက်ခံနေကြပါသေးတယ်။

မားကို့စ်ဟာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာတော့ ဖိလစ်ပိုင်ကို ပြန်ရောက်နေပြီး မနီလာမြို့တော်က မြေအောက်ရထား ပရောဂျက်တစ်ခု အုတ်မြစ်ချ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။

နိုင်ငံတကာ

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

နိုင်ငံတကာ

သူ့ကို ထောက်ခံ မဲပေးကြတဲ့ ပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် ဘရာဇီး နိုင်ငံရဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။