Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်

ရုရှားနဲ့ တရုတ်တို့ဆီက အန္တရာယ် ပေးလာနိုင်စွမ်းတွေဟာ ကွဲပြားတဲ့ ပုံသဏ္ဍန်တွေနဲ့ အသီးသီး အရေးကြီးတယ် ဆိုပေမယ့် ရုရှားဟာ အမေရိကန်ကို ရေရှည် ဖိအားပေးနိုင်တဲ့ အစီအမံတွေ မရှိသေးဘူးလို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက သုံးသပ်ပါတယ်။

အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်
အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်ရပေမယ့် တရုတ်ကသာ အမေရိကန်ရဲ့ တစ်ခုတည်းသော စိန်ခေါ်မှုအဖြစ် ရှိနေဦးမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဆီက အန္တရာယ် ပေးလာနိုင်စွမ်းတွေဟာ ကွဲပြားတဲ့ ပုံသဏ္ဍန်တွေနဲ့ အသီးသီး အရေးကြီးတယ် ဆိုပေမယ့် ရုရှားဟာ အမေရိကန်ကို ရေရှည် ဖိအားပေးနိုင်တဲ့ အစီအမံတွေ မရှိသေးဘူးလို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက သုံးသပ်ပါတယ်။

ရုရှားနဲ့ မတူဘဲ တရုတ်ကတော့ အင်ဒို-ပစိဖိတ် ဒေသကို လွှမ်းမိုး ချုပ်ကိုင်ရေးနဲ့ ကိုယ်ကျိုးအတွက် နိုင်ငံတကာ စည်းမျဉ်း ကျင့်ဝတ်တွေကို ပြောင်းလဲနိုင်ရေးအတွက် ထဲထဲဝင်ဝင် ကြိုးစားနေပြီး အဲဒီ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်တဲ့ အင်အားမျိုးလည်း ရှိနေတယ်လို့ အော်စတင်က သတိပေးခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လို ခြိမ်းခြောက်နေသလို တရုတ်ကလည်း ထိုင်ဝမ်ကို သိမ်းယူဖို့ အစဉ်တစိုက် အားထုတ်နေကြောင်း သူက ထောက်ပြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် ဆိုရင်တော့ တရုတ်ကသာ အမေရိကန်ကို အားပြိုင် ရပ်တည်လိမ့်မယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အမေရိကန်ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေကို ပိုမို အလေးထားဖို့ လိုလာပြီလို့လည်း အော်စတင်က ဝန်ခံပါတယ်။ ရုရှားက နျူကလီးယား လက်နက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံအနေနဲ့ ရပ်တည်နှင့်ပြီး ဖြစ်သလို တရုတ်ကလည်း နျူကလီးယား လက်နက်တိုက်ကို နှစ်စဉ် ဖြည့်တင်းနေကြောင်း၊ ၂၀၃၀ ပြည့်လွန်နှစ်တွေလောက်ကျရင် အမေရိကန်ဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား လက်နက်နိုင်ငံ နှစ်ခုဆီက ကွဲပြားတဲ့ ဖိအားပေးမှုတွေကို တပြိုင်တည်း ကြုံလာနိုင်ကြောင်း ကာကွယ်ရေး မဟာဗျူဟာ အစီရင်ခံစာ အသစ်ကို ထုတ်ပြန်ချိန်မှာ အော်စတင်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကိုပါ ထည့်သွင်း သတိပေး ဖော်ပြထားပါတယ်။ ဥရောပမှာ NATOနဲ့ ရုရှားတပ်တွေက နျူကလီးယား မဟာဗျူဟာ တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုတွေကို အပြိုင် လုပ်ဆောင်နေချိန်မှာ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ထည့်သွင်း ဖော်ပြထားတဲ့ ပင်တဂွန် အစီရင်ခံစာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။