Connect with us

Hi, what are you looking for?

ဗီဒီယို

အိန္ဒိယမှာ ကြိုးတံတား ပြတ်ကျပြီး လူ ၁၃၀ ထက်မနည်း သေဆုံး

အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ ရုပ်အလောင်း ၁၃၀ လောက် ရှာတွေ့ထားပြီဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေသူ တော်တော်များများ ရှိသေးတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အဖွားအိုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ကြိုးတံတား ပြတ်ကျမှုကြောင့် လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ဇာတိ ပြည်နယ်လည်းဖြစ်တဲ့ ဂူဂျာရတ်မှာ လူတွေ စည်ကားနေတုန်း အောက်တိုဘာ ၃၀ က ကြိုးတံတား ပြတ်ကျခဲ့တာ ဖြစ်ပါတယ်။ ဒေပဝါလီ ပွဲတော်ကာလ ဖြစ်တာကြောင့် ကြိုးတံတားပေါ် လည်ပတ်သူတွေ စည်ကားနေတဲ့ အချိန်မှာ အခုလို မတော်တဆ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့တာပါ။

မော်ဘီးမြို့မှာ တည်ရှိတဲ့ ကြိုးတံတား ပြတ်သွားချိန် တံတားပေါ်မှာ ရှိနေသူတွေ ရာနဲ့ချီပြီး ရေထဲ ပြုတ်ကျကုန်ပါတယ်။ အဲဒီနောက် လူပေါင်း ၈၀ ကျော်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ညအမှောင် ကြီးစိုးသွားချိန်မှာ ကယ်ဆယ်ရေး ဆက်လက် ဆောင်ရွက်ဖို့ အခက်တွေ့ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ ရုပ်အလောင်း ၁၃၀ လောက် ရှာတွေ့ထားပြီဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေသူ တော်တော်များများ ရှိသေးတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အဖွားအိုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကြိုးတံတားကို ကိုလိုနီခေတ် ၁၉ ရာစုကာလမှာ တည်ဆောက်ထားခဲ့တာပါ။ ကြံ့ခိုင်မှု အားနည်းလာတဲ့အတွက် အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ကြိုးတံတားကို ပြန်ဖွင့်လှစ်ထားတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ လူတွေ အမြောက်အမြား တက်လိုက်တဲ့ အခါမှာတော့ တံတားက တောင့်မခံနိုင်ဘဲ ပြတ်ကျခဲ့တာလို့ ယူဆရပါတယ်။

ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဘူပန်ဒရာ ပက်တဲလ်က အခင်းဖြစ်ရာ နေရာကို ကိုယ်တိုင်သွားရောက်ပြီး သေဆုံးသူတွေရဲ့ မိသားစုတွေကို အားပေး တွေ့ဆုံခဲ့ပါတယ်။ ပက်တဲလ်က သေဆုံးသူ တစ်ဦးစီအတွက် ပြည်နယ် အစိုးရက နစ်နာကြေး ရူပီး ၄ သိန်း ထောက်ပံ့သွားမယ်လို့ ကတိပြုပါတယ်။ နိုင်ငံ ဝန်ကြီးချုပ် မိုဒီကလည်း ဗဟိုအစိုးရ အနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ရူပီး ၂ သိန်းစီ သီးခြား နစ်နာကြေး ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ရဲတွေက တံတားပြတ်ကျတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်မယ်လို့ အာမခံထားပါတယ်။ မျက်မြင်တချို့ရဲ့ အဆိုအရ ဖြစ်ရပ်ဆိုးကြီး မကြုံခင်က ကြိုးတံတားရဲ့ အလယ်ပိုင်းလောက်မှာ လူတော်တော်များများက ခုန်ပေါက်တာ၊ တံတားကို အလွန်အကျွံ ယိမ်းယိုင် လှုပ်ခါအောင် လုပ်နေတာတွေ တွေ့ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook