Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကင်မ်ဂျုံအန်း လုပ်ကြံခံရရင် နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ့် ဥပဒေ မြောက်ကိုရီးယား ပြဋ္ဌာန်း

မြောက်ကိုရီးယားက သူတို့ဟာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ရန်လို တိုက်ခိုက်မှုတွေနဲ့ ကြုံမှသာ နျူကလီးယား လက်နက်တွေကို ထုတ်သုံးသွားမယ်လို့ ပြောပြီး ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ရည်ညွှန်းဖွယ် ရှိပါတယ်။

ကင်မ်ဂျုံအန်း လုပ်ကြံခံရရင် နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ့် ဥပဒေ မြောက်ကိုရီးယား ပြဋ္ဌာန်း
ကင်မ်ဂျုံအန်း လုပ်ကြံခံရရင် နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ့် ဥပဒေ မြောက်ကိုရီးယား ပြဋ္ဌာန်း

ပြည်ပနိုင်ငံ တစ်ခုခုရဲ့ ပယောဂကြောင့် ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်း သေဆုံးတာနဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုပြီး ချက်ချင်း လက်တုံ့ပြန် တိုက်ခိုက်စေမယ့် ဥပဒေသစ် တစ်ရပ်ကို မြောက်ကိုရီးယားက အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို ကင်မ်ကိုယ်တိုင် အဆိုပြု တင်သွင်းခဲ့ပြီး အာဏာရ ပါတီရဲ့ ဩဇာခံ သက်သက်ဖြစ်တဲ့ မြောက်ကိုရီးယား လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆိုးရွားတဲ့ ကာလတစ်ခုမှာ သူကိုယ်တိုင် လုပ်ကြံ သတ်ဖြတ် ခံလိုက်ရမယ်ဆိုရင် ရန်သူနိုင်ငံကို ခြွင်းချက်မရှိ လက်တုံ့ပြန်ဖို့ နိုင်ငံခေါင်းဆောင်က ကြိုတင် ညွှန်ကြားထားလိုက်တဲ့ သဘောပါပဲ။

ရန်သူနိုင်ငံတွေဆီက လက်နက်တွေဟာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာ ပစ်မှတ်တွေဆီ ချိန်ရွယ်နေပြီလို့ ထောက်လှမ်း သိရှိတာနဲ့ အဲဒီလက်နက်တွေ အမှန်တကယ် မပစ်လွှတ်ခင် မြောက်ကိုရီးယားက လက်ဦးမှုယူ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ဥပဒေသစ်မှာ ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။

စက်တင်ဘာ ၉ ရက်က ဒီဥပဒေသစ်တွေကို ကြေညာချိန်မှာ ကင်မ်က မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေးကို လုံးဝ စိတ်မဝင်စားတော့သလို နျူကလီးယား လက်နက်တွေကိုလည်း ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး ကိစ္စတွေမှာ ဒီကိစ္စဟာ ဘယ်တော့မှ ထည့်သွင်း အပေးအယူလုပ်မယ့် ရွေးချယ်မှု ဖြစ်လာမှာ မဟုတ်ကြောင်း ပြောကြားသွားတယ်လို့ အစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ ကင်မ်ဟာ ဖခင်ဖြစ်သူလိုပဲ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ရေးကို သံသယကြီးကြီးနဲ့ တွန့်ဆုတ်နေပြီး ဒီလက်နက်တွေကြောင့် သူ့အစိုးရရဲ့ ရပ်တည်မှုက ခြေကုပ်မြဲမြံ ခိုင်မာနေတာလို့ ယုံကြည်နေဟန် ရှိကြောင်း သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားက သူတို့ဟာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ရန်လို တိုက်ခိုက်မှုတွေနဲ့ ကြုံမှသာ နျူကလီးယား လက်နက်တွေကို ထုတ်သုံးသွားမယ်လို့ ပြောပြီး ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ရည်ညွှန်းဖွယ် ရှိပါတယ်။

တကယ်လို့ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်းကို သမားရိုးကျ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ရင်တောင် နျူကလီးယား လက်နက်တွေ အသုံးပြု တုံ့ပြန်ခွင့် ရှိတယ်လို့ ဥပဒေသစ်က သတ်မှတ်ထားပါတယ်။ ပြဿနာက မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး စွမ်းရည်မှာ မေးခွန်းထုတ်စရာတွေ ရှိနေပြီး အကြောင်းအရာ တစ်ခုခုကို ဆုံးဖြတ်ချက် လွဲရာက နျူကလီးယား လက်နက်တွေကို အဆောတလျင် ထုတ်သုံးလိုက်ရင် ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမလဲဆိုတဲ့ မေးခွန်း ဖြစ်တယ်လို့ 38 North စီမံကိန်းရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူ ဂျန်နီတောင်းက ထောက်ပြခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုလ်က သူဟာ မြောက်ကိုရီးယားဖက်က ရန်လိုမှုတွေ မြင့်တက်လာရင် လက်ဦးမှုယူ တိုက်ခိုက်ပြီး နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းကို ထိထိရောက်ရောက်၊ တိတိကျကျ ရှင်းလင်းသွားတာမျိုး ရည်ရွယ်ထားကြောင်း အရိပ်အမြွက် ပြောဆိုဖူးပါတယ်။ အခုတော့ ကင်မ်က ယွန်းရဲ့ စကားတွေကို သံယောင်လိုက် တုံ့ပြန်သလို ဖြစ်လာပါတယ်။

အမေရိကန် ထောက်လှမ်းရေးတွေကတော့ အခုအခါ ကင်မ်ဟာ သူသာ သေသွားရင်တောင် နျူကလီးယား ခလုတ်ကို တမလွန်ကနေ နှိပ်ဖြစ်အောင် နှိပ်စေဖို့ ကြိုတင်စီမံထားကြောင်း တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်တာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။