Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့
တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့

တရုတ်နိုင်ငံမှာ တစ်လအတွင်း ကိုဗစ် ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးသူ ၆၀၀၀၀ နီးပါးလောက် ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တရုတ် အာဏာပိုင်တွေဟာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတဲ့ ဇီးရိုးကိုဗစ် မူဝါဒတွေကို ဖြေလျှော့ပေးလိုက်တဲ့နောက်ပိုင်း ပြည်တွင်းက နေ့စဉ်ကူးစက်မှုနဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို ပုံမှန် မထုတ်ပြန်တော့ပါဘူး။ ဒါပေမဲ့ မျက်မြင် အခြေအနေတွေအရ တရုတ်ရဲ့ အထင်ကရ မြို့ကြီးတချို့မှာ ဆေးရုံဆေးခန်းတွေ မနိုင်မနင်း ဝန်ပိတဲ့ထိ ကိုဗစ်လူနာတွေ တိုးပွားနေသလို သင်္ချိုင်းနဲ့ နာရေးဝန်ဆောင်မှု ဌာနတွေလည်း အရမ်း အလုပ်များနေပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူ တချို့က ဒီဇင်ဘာ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်ရောဂါနဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် သေဆုံးသူ ၅၉၉၃၈ ဦး ရှိခဲ့ပြီး အများစုက အသက် ၈၀ ကျော် အရွယ်တွေလို့ ဆိုပါတယ်။ ဒါတောင်မှ တရုတ်ဟာ ကပ်ရောဂါကြောင့် သေဆုံးသူတွေ စာရင်းကို လျှော့ပေါ့ ထုတ်ပြန်နေကြောင်း စွပ်စွဲ ခံနေရပါသေးတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ပီကင်းတက္ကသိုလ်ရဲ့ သုတေသန စစ်တမ်းတစ်ခုက တရုတ်မှာ ကိုဗစ်ရောဂါ ခံစားခဲ့ရဖူးသူ စုစုပေါင်း သန်း ၉၀၀ ကျော်လောက်ထိ များပြားလိမ့်မယ်လို့ ခန့်မှန်း ကြေညာခဲ့ပါတယ်။ ဒါဟာ တရုတ်တစ်နိုင်ငံလုံး လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်း နီးပါးလောက် ဖြစ်ပါတယ်။

တရုတ် ကျန်းမာရေးဌာန အာဏာပိုင်တွေရဲ့ အဆိုအရ တစ်လအတွင်း သေဆုံးသူ ၆ သောင်းနီးပါးထဲမှာ အသက်ရှူ စနစ် ပျက်စီးလို့ သေဆုံးသူ စုစုပေါင်း ၅၅၀၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ တရုတ် အစိုးရဟာ အစောပိုင်းတုန်း ကိုဗစ်ရောဂါသည် ဖြစ်လျက်နဲ့တောင် အသက်ရှူလမ်းကြောင်း ပျက်စီးတဲ့ ဝေဒနာကြောင့် အသက်ဆုံးရှုံးတာမျိုး မဟုတ်ရင် ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူးလို့ သတ်မှတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရောဂါနဲ့ သေဆုံးမှုကို အဲဒီလို ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်မျိုး ထားရှိတဲ့အပေါ် ဝေဖန် မေးခွန်းထုတ်ထားပါသေးတယ်။

လတ်တလောမှာတော့ တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေ အဓိက စိုးရိမ်နေတာက ကပ်ရောဂါဆိုးဟာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ ကျေးလက် ဧရိယာတွေဆီ ပျံ့နှံ့သွားမှာကို ဖြစ်ပါတယ်။ အခု လကုန်ပိုင်းမှာ တရုတ်နှစ်သစ်ကူးကာလ ရှိနေပြီး အဲဒီ အချိန်ဆိုရင် မြို့ကြီးတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ ဇာတိ ကျေးရွာတွေဆီ အုံနဲ့ကျင်းနဲ့ ပြန်လေ့ ရှိတာကြောင့် ရောဂါ ပိုမို ပျံ့နှံ့မယ့် ခြိမ်းခြောက်မှုတွေလည်း ကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook