Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ် ပစ်ခတ်ခံရမှုကြောင့် ကွန်ဂိုနဲ့ ရဝမ်ဒါတို့ကြား တင်းမာမှုတွေရှိနေ

ဒီဖြစ်စဉ်မှာ ကွန်ဂိုရဲ့ Su-25 အမျိုးအစား တိုက်လေယာဉ်ဟာ လေပိုင်နက် ကျူးကျော်လာတာကြောင့် နည်းမှန်လမ်းမှန် တုံ့ပြန်ခဲ့တာလို့ ရဝမ်ဒါ စစ်တပ်က ပြောပါတယ်။

တိုက်လေယာဉ် ပစ်ခတ်ခံရမှုကြောင့် ကွန်ဂိုနဲ့ ရဝမ်ဒါတို့ကြား တင်းမာမှုတွေရှိနေ
တိုက်လေယာဉ် ပစ်ခတ်ခံရမှုကြောင့် ကွန်ဂိုနဲ့ ရဝမ်ဒါတို့ကြား တင်းမာမှုတွေရှိနေ

တိုက်လေယာဉ်တစ်စီး ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အာဖရိက နိုင်ငံတွေဖြစ်တဲ့ ကွန်ဂိုနဲ့ ရဝမ်ဒါတို့ကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

အခုသီတင်းပတ် အစောပိုင်းက နှစ်နိုင်ငံ နယ်စပ်နားမှာ ကွန်ဂို တိုက်လေယာဉ် တစ်စီးကို ရဝမ်ဒါ လေကြောင်း ကာကွယ်ရေး တပ်တွေက ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်မှာ ကွန်ဂိုရဲ့ Su-25 အမျိုးအစား တိုက်လေယာဉ်ဟာ လေပိုင်နက် ကျူးကျော်လာတာကြောင့် နည်းမှန်လမ်းမှန် တုံ့ပြန်ခဲ့တာလို့ ရဝမ်ဒါ စစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ ကွန်ဂိုကတော့ ဒီလုပ်ရပ်ဟာ စစ်ကြေညာတယ်လို့ ယူဆဖို့ လုံလောက်နေပြီလို့ တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ရဝမ်ဒါ အစိုးရ ရုပ်မြင်သံကြား ဌာနဟာ တိုက်လေယာဉ် တစ်စီးကို တစ်စုံတရာနဲ့ လှမ်းပစ်လို့ လေယာဉ် ကိုယ်ထည်နားမှာ ပေါက်ကွဲမှု ဖြစ်သွားတဲ့ ဗီဒီယို တစ်ခုကိုလည်း အလွတ်သဘော ထုတ်ပြန် ပြသခဲ့ပါတယ်။

ရဝမ်ဒါ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့က ကွန်ဂို တိုက်လေယာဉ်တွေဟာ ရဝမ်ဒါ လေပိုင်နက်ကို ကျူးကျော်တာ ၃ လအတွင်း ၃ ကြိမ်ထိ ရှိလာတဲ့အတွက် အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် သင့်တော်သလို စီမံ ဆောင်ရွက်ခဲ့ကြောင်း၊ ရဝမ်ဒါ အနေနဲ့ ကွန်ဂိုဖက်က ရန်လိုတဲ့ အပြုအမူတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုလိုကြောင်း ရဝမ်ဒါ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ယိုလန်ဒီ မာကိုလိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဂိုဖက်ကတော့ ရဝမ်ဒါရဲ့ ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်မှာ အနည်းငယ် မီးစွဲလောင်ခဲ့ပြီး ဂိုမာမြို့က နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်းနဲ့ ကွန်ဂို လေပိုင်နက်ထဲမှာ အဲဒီလေယာဉ် ရှိနေချိန် ပစ်ခတ်ခံရတာဖြစ်ကြောင်း ကြေညာပါတယ်။ လေယာဉ်ဟာ အကြီးစား ထိခိုက်ပျက်စီးမှုမျိုး မရှိဘဲနဲ့ ဆင်းသက်နိုင်ခဲ့ကြောင်း၊ အခုလို တိုက်ခိုက်မှုကို စစ်ကြေညာတဲ့ လုပ်ရပ်လို့ ယူဆနိုင်ကြောင်း ကွန်ဂို အစိုးရက ထုတ်ပြန်ပါတယ်။

ရဝမ်ဒါနဲ့ ကွန်ဂိုတို့ဟာ အိမ်နီးချင်းတွေ ဖြစ်ပေမယ့် ဆက်ဆံရေး အေးခဲတဲ့ နောက်ခံ အခြေအနေတွေ ရှိနေပါတယ်။ ကွန်ဂို အစိုးရက သူတို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ အိမ်နီးချင်း နိုင်ငံဟာ M23 စစ်သွေးကြွတွေကို ထောက်ခံ အားပေးနေကြောင်း စွပ်စွဲပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ ကွန်ဂိုမှာ ကြုံတွေ့နေရတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေဟာ နိုင်ငံသမိုင်းတလျှောက် ကြုံဖူးသမျှ ကူးစက်မှုတွေထဲမှာ မြန်နှုန်း အမြင့်ဆုံး ဖြစ်လာနေတယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။