Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ ကုလသမဂ္ဂ ရဟတ်ယာဉ် ပျက်ကျပြီး ၈ ဦးသေဆုံး

ကုလသမဂ္ဂဟာ ကွန်ဂိုမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် နိုင်ငံတကာ စစ်သည်တွေကို စေလွှတ်ပေးထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ ၂၀၁၁ ကစလို့ ကွန်ဂိုမှာ ကုလသမဂ္ဂရဲ့ လေကြောင်းချီ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ထဲထဲဝင်ဝင် အကူအညီ ပေးနေခဲ့တာ ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၉ ရက်က ကွန်ဂို အရှေ့ပိုင်းမှာ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြု ကြေညာခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပါကစ္စတန် နိုင်ငံသား ရဟတ်ယာဉ် အမှုထမ်း ၆ ဦးနဲ့ တခြား စစ်သည် ၂ ဦး ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ စစ်သားတွေက ရုရှားနဲ့ ဆာဘီးယား နိုင်ငံသားတွေပါ။

ကုလသမဂ္ဂဟာ ကွန်ဂိုမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် နိုင်ငံတကာ စစ်သည်တွေကို စေလွှတ်ပေးထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ ၂၀၁၁ ကစလို့ ကွန်ဂိုမှာ ကုလသမဂ္ဂရဲ့ လေကြောင်းချီ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ထဲထဲဝင်ဝင် အကူအညီ ပေးနေခဲ့တာ ဖြစ်ပါတယ်။

အခု ပျက်ကျတဲ့ ရဟတ်ယာဉ်ကို ပါကစ္စတန် စစ်တပ်က ကင်းထောက်ဖို့အတွက် အသုံးပြုပြီး ရှန်ဇူး ဒေသနားမှာ ပျက်ကျသွားတာလို့ ဆိုပါတယ်။ အဲဒီ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကွန်ဂို စစ်တပ်နဲ့ M23လို့ ခေါ်တဲ့ သူပုန် အဖွဲ့တစ်ခုတို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဂို စစ်တပ်ကတော့ ကုလသမဂ္ဂရဲ့ ရဟတ်ယာဉ်ကို သူပုန်တွေက ပစ်ချခဲ့တာလို့ စွပ်စွဲပေမယ့် M23က ငြင်းဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်က ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ပြောပါတယ်။

M23ဟာ ၂၀၁၂ လောက်မှာ စတင် အင်အားကောင်းလာတဲ့နောက် ကွန်ဂို စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကွန်ဂိုကနေ ဆုတ်ခွာပြီး အိမ်နီးချင်း ယူဂန္ဓာနဲ့ ရဝမ်ဒါ နယ်စပ်တွေမှာ ခြေကုပ်ယူ လှုပ်ရှားနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ M23က ကွန်ဂို စစ်စခန်း နှစ်ခုကို စီးနင်းဖို့ ကြိုးစားခဲ့ရာက နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ ယူဂန္ဓာ စစ်တပ်ကလည်း နယ်စပ်မှာရှိတဲ့ M23 သူပုန်တွေကို တိုက်ခိုက်လာခဲ့ပါတယ်။ M23ကတော့ သူတို့ဟာ ကွန်ဂို စစ်တပ်ကို ရန်စခဲ့တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ကြိုးစားနေတာလို့ ကြေညာထားပါတယ်။10:50 AM

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတသက်တမ်းကို ထပ်တိုးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲ အဆိုပြုချက်ကြောင့် ကွန်ဂိုမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Facebook