Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမိုင်းတလျှောက် အသက်အရှည်ဆုံး ခွေးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဘိုဘီ

ခွေးတွေအတွက် အထူးစီမံ ထုတ်လုပ်ထားတဲ့ အစာနဲ့ သူတို့ စားတဲ့ထဲက အသားတစ်ဖတ်နဲ့ ယှဉ်ပြီး ချကျွေးလိုက်ရင် ဘိုဘီဟာ လူတွေရဲ့ အစားအစာကို ရွေးဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်နေလေ့ မရှိကြောင်း လီယိုနယ်လ်က ပြောပါတယ်။

သမိုင်းတလျှောက် အသက်အရှည်ဆုံး ခွေးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဘိုဘီ
သမိုင်းတလျှောက် အသက်အရှည်ဆုံး ခွေးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဘိုဘီ

ပေါ်တူဂီ နိုင်ငံက ခွေးတစ်ကောင်ဟာ သမိုင်းတလျှောက် အသက်အရှည်ဆုံး ခွေးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

Rafeiro do Alentejo ခွေးမျိုးစိတ်ဖြစ်တဲ့ ဘိုဘီဟာ အသက် ၃၀ နဲ့ ၂၂၆ နှစ် အရွယ် ဖေဖော်ဝါရီ ၁ ရက်မှာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အရင် စံချိန်ရှင်ဟောင်းကတော့ ၁၉၃၉ ခုနှစ်မှာ သေဆုံးသွားတဲ့ ဩစတြေးလျက ခွေးလေး ဘလူဝီဖြစ်ပြီး သူ့သက်တမ်းက ၂၉ နှစ်နဲ့ ၅ နှစ်လောက်ထိ ရှည်ကြာခဲ့ပါတယ်။

Rafeiro do Alentejo မျိုးစိတ်တွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၁၂ နှစ်နဲ့ ၁၄ နှစ်ကြား ဖြစ်တာကြောင့် ဘိုဘီဟာ သက်တမ်း နှစ်ဆလောက် နေခဲ့ပြီးပြီလို့ ဆိုနိုင်ပါတယ်။ သူ့အသက်အရွယ်နဲ့ ယှဉ်ရင် ဘိုဘီရဲ့ ကျန်းမာရေးဟာ အတော် ကောင်းမွန်နေဆဲလို့ ပိုင်ရှင် ဖြစ်သူက ပြောပါတယ်။

ပိုင်ရှင်ဖြစ်သူက ဘိုဘီရဲ့ မွေးနေ့ကို ပေါ်တူဂီ အစိုးရဆီက အိမ်မွေးတိရစ္ဆာန် မှတ်တမ်းရုံးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဘိုဘီဟာ ပေါ်တူဂီ အနောက်ပိုင်းက ကမ်းခြေရွာလေး တစ်ခုဖြစ်တဲ့ ကွန်ကွီရော့စ်မှာ ကော်စတာဆိုတဲ့ မိသားစု တစ်ခုနဲ့ ဘဝတလျှောက် အတူနေထိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘိုဘီမှာ မွေးချင်း မောင်နှမ ၃ ကောင် ရှိပါတယ်။ ဘိုဘီ မွေးတုန်းက အသက် ၈ နှစ်ပဲ ရှိသေးတဲ့ လီယိုနယ်လ် ကော်စတာက အဲဒီအချိန်မှာ ခွေးတွေ အများကြီးကို ဆက်မွေးဖို့ မနိုင်မနင်း ဖြစ်နေတဲ့အတွက် သူ့ဖခင်က အိမ်ဘေး အဖီမှာ ရှိနေတဲ့ ခွေးပေါက်လေးတွေကို ဖျက်ဆီး (သတ်ဖြတ်) ပစ်ခဲ့ပေမယ့် ဘိုဘီကတော့ ရှင်သန် ကျန်ရစ်နေခဲ့ကြောင်း ပြောပြပါတယ်။

ခွေးပေါက်လေး ဘိုဘီကို လီယိုနယ်လ်နဲ့ သူ့အစ်ကိုတွေက ဝှက်ထားခဲ့ပြီး ဆက်စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ရဲ့ မိဘတွေက ဘိုဘီကို တွေ့သွားပေမယ့် မိသားစုထဲမှာ လက်ခံထားခဲ့ကြောင်း လီယိုနယ်လ်က ရှင်းပြပါတယ်။

ဘိုဘီဟာ မျိုးရိုးစဉ်ဆက် အသက်ရှည်တယ်လို့တောင် ဆိုနိုင်ပြီး သူ့မိခင်ကလည်း အသက် ၁၈ နှစ်ကျော်မှ သေဆုံးသွားခဲ့တာပါ။ ဘိုဘီ ငယ်ငယ်ကတည်းက ခွေးစာတွေထက် ကော်စတာ မိသားစုရဲ့ အစားအသောက်တွေကိုပဲ ပိုပြီး မက်မောတတ်တယ်လို့ ဆိုပါတယ်။

ခွေးတွေအတွက် အထူးစီမံ ထုတ်လုပ်ထားတဲ့ အစာနဲ့ သူတို့ စားတဲ့ထဲက အသားတစ်ဖတ်နဲ့ ယှဉ်ပြီး ချကျွေးလိုက်ရင် ဘိုဘီဟာ လူတွေရဲ့ အစားအစာကို ရွေးဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်နေလေ့ မရှိကြောင်း လီယိုနယ်လ်က ပြောပါတယ်။

၂၀၁၈ တုန်းက ဘိုဘီဟာ အသက်ရှူရ ခက်တဲ့ ပြဿနာကြောင့် ဆေးရုံတက် ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကလွဲလို့ ဘိုဘီရဲ့ ဘဝဖြတ်သန်းမှုက အတော့်ကို ဒုက္ခကင်းပြီး သိမ်မွေ့ခဲ့တယ်လို့ ပိုင်ရှင်ဖြစ်တဲ့ လီယိုနယ်လ်က မှတ်ချက် ပေးပါတယ်။ သူ့ခွေးက အခုလို အသက်ရှည်ရတဲ့ အကြောင်းရင်းတွေထဲမှာ အခုလိုမျိုး ငြိမ်းချမ်း အေးဆေးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန် ကြီးပြင်း နေထိုင်ခွင့် ရခဲ့တာကလည်း အဓိကအချက် တစ်ခု ဖြစ်လိမ့်မယ်လို့ လီယိုနယ်လ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ