Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖိလစ်ပိုင်တွင်ကြက်သွန်နီပြတ်လပ်မှုအခွင့်ကောင်းယူ၍စစ်အုပ်စုက ကြက်သွန်နီပို့ ဒေါ်လာရှာရန်စီစဥ်​နေ

စစ်အုပ်စုနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံး သီးနှများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံပြီးနိုင်ငံခြားငွေရရှိရန် စစ်ကောင်စီက ကြက်သွန်နီတင်ပို့ရန် စီစဉ်နေသည်။

(စစ်​ကောင်စီကအ​မေရီကန် ဒေါ်လာရရှိရန် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို တိုး၍ခွင့်ပြု​​နေသည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီကအ​မေရီကန် ဒေါ်လာရရှိရန် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို တိုး၍ခွင့်ပြု​​နေသည်။ဓါတ်ပုံ-CJ)

ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီပြတ်လပ်နေမှုကိုအခွင့်ကောင်းယူပြီး စစ်ကောင်စီက ပြည်တွင်းကြက်သွန်များတင်ပို့ကာ နိုင်ငံခြားငွေရရန် ကြံစည်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီပြတ်လပ်​တေပြီးဈေး အဆမတန်မြင့်တက်လာပြီးနောက် စစ်ကောင်စီက ထိုအခွင့်အရေးကို ရယူကာ နိုင်ငံခြားငွေရရှိရန် ပြည်တွင်းကြက်သွန်နီများကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းဒဏ်ကြောင့် ကြက်သွန်နီဈေး အဆမတန်မြင့်တက်နေပြီး ကြက်သွန်နီတစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၅ ​ဒေါ်လာကျော်ပေးဝယ်နေရခြင်းဖြစ်သည်။

စစ်ကောင်စီခန့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော်စိုက်ပျိုးပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိနေသည်ဟုဆိုကာပြည်ပအမြောက်အများတင်ပို့ရန် စီစဉ်နေသည်ဟု စစ်အုပ်စုအစည်းအဝေးတွင်ပြောကြားခဲ့သည်။

စစ်အုပ်စုနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံး သီးနှများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံပြီးနိုင်ငံခြားငွေရရှိရန် စစ်ကောင်စီက ကြက်သွန်နီတင်ပို့ရန် စီစဉ်နေသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရန် ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဂရုမစိုက်ဘဲ စိုက်ပျိုးရေးသီးနှီးများကိုပြည်ပနိုင်ငံများကို အလွန်အကျွံတင်ပို့နေပြီး စစ်အုပ်စုနှင့် နီးစပ်သည့်လုပ်ငန်းရှင်များကပါ အလိုတူအလိုပါဆောင်ရွက်နေခြင်းဖြစ်သည်ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ပြည်တွင်းမှာ ရောင်းတာထက် ပြည်ပမှရောင်းရင်ငွေပို့ရကြတော့ လုပ်ငန်းရှင်တွေက ကိုယ်ကျိုးအတွက် စားနပ်ရိက္ခာတွေကို ပြည်ပပို့ဖို့ စစ်အစိုးရကို တွန်းအားပေးနေတာ။ သူတို့ကလည်း ဒေါ်လာလိုနေတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြတာပေါ့။ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံလား မဖူလုံလား သူတို့ မစဉ်းစားကြဘူး ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပြီးနှစ်စဉ်ကြက်သွန်နီတန်ချိန် တစ်သိန်းမှ နှစ်သိန်းကြားကို ပြည်ပတင်ပို့နေခြင်းဖြစ်သည်။စစ်အုပ်စု၏အာဏာသိမ်းမှု​​ကြောင့် စစ်ကိုင်၊မ​ကွေးတိုင်းရှိ မြို့နယ်အများစုတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊စစ်​ကောင်စီတပ်ကစစ်​ကြောင်းထိုး၍ ​နေအိမ်များမီးရှို့ဖျက်ဆီး ၊အကြမ်းဖက်၍ပြည်သူများရွာတွင်မ​နေနိုင်ဘဲထွက်​ပြေး​နေရသဖြင့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု မည်မျှ​လျော့ကျသည်ကို မသိရ​သော်လည်း စစ်​ကောင်စီက ကြက်သွန်နီပြည်ပတင်ပို့ခွင့် ယခင်ထက်ပို၍ ခွင့်ပြု​နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ကြက်သွန်နီကို ပြည်ပသို့ အလွန်အကျွံတင်ပို့နေခြင်းကြောင့် ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်လာပြီး တပိဿာကို ကျပ် ၅၀၀၀ ခန့်အထိပြီးခဲ့သည့်နှစ်နိုဝင်ဘာတွင် စံချိန်တင်မြင့်တက်ခဲ့သည်။

​နိုင်ငံခြား​ငွေအသဲအသန်လိုအပ်နေ​သောစစ်ကောင်စီက ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ဗီယက်နမ်နှင့်တရုတ်နိုင်ငံများသို့ အပါတ်စဉ် တင်ပို့နေခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီရှားပါးလာကာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ကုန်သည်များကပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၂၂ မေလတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်သာရှိခဲ့သည်။ ၂၀၂၂ နိုဝင်ဘာတွင်ကြက်သွန်နီ တပိသာကို ကျပ် ၅၀၀၀ခန့်ထိတက်ခဲ့သည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် ကြက်သွန်နီပေါ်ချိန်ရောက်လာသဖြင့်​ဈေးပြန်ကျ​သော်လည်းရန်ကုန်တွင် လက်လီတစ်ပိသာလျှင်ကျပ် ၃၀၀၀ ခန့်ရှိ​နေဆဲဖြစ်သည်။

ယခုအခါ ဖိလစ်ပိုင်နိုင်ငံက ကြက်သွန်တန်ချိန်နှစ်သောင်းကို ပြည်ပက တင်သွင်းမည်ထုတ်ပြန်ရာ စစ်​ကောင်စီကဖိလစ်ပိုင်သို့ကြက်သွန်နီတင်ပို့၍ နိုင်ငံခြား​ငွေရှာ​ဖွေရန်ကြိုးစားနေခြင်းဖြစ်သည်။

ကုန်သွယ်​မှုနှင့် ပြည်ပရင်းနှီးမြှပ်နှံမှု​လျော့ကျသွားပြီး ​ဒေါ်လာအရနည်းလာသဖြင့်စစ်​ကောင်စီက နိုင်ငံတစ်ဝန်းပြည်သူများ၏ ခုခံစစ်ပွဲများတွင် တိုက်ခိုက်ရန် ​လေယာဥ်ဆီအပါအဝင် လက်နက်ခဲယမ်းများဝယ်ယူရန် နိုင်ငံခြား​ငွေကိုရနိုင်သ​လောက်ရှာ​ဖွေ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

နိုင်ငံတကာ

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။