Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး
လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး

အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တစ်ခု ဖြတ်သန်း တိုက်ခတ်မှုကြောင့် အမေရိကန် တောင်ပိုင်းမှာ လူ ၂ ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖျက်ဆီးအား ပြင်းထန်လှတဲ့ လေဆင်နှာမောင်းဟာ အခုသီတင်းပတ်ကုန်မှာ မစ္စစ္စပီနဲ့ အလာဘားမား ပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မစ္စစ္စပီ ပြည်နယ်ထဲက ရိုးလင်းဖော့ခ် မြို့က အခြေအနေ အတော်ဆိုးပြီး တစ်မြို့လုံးနီးပါး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စစ္စပီ ပြည်နယ် အစိုးရကလည်း မိုးလေဝသနဲ့ ဆက်စပ်တဲ့ အရေးပေါ် အခြေအနေကို အမြန်ဆုံး ထုတ်ပြန် ကြေညာခဲ့ရပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာ ပျက်စီးပြိုလဲနေတဲ့ နေအိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေနဲ့ ပိပြားနေတဲ့ ကားတွေကို တွေ့ရပါတယ်။ လမ်းတွေပေါ်မှာလည်း ကျောက်ခဲတွေ၊ မှန်ကွဲစတွေနဲ့ အမှိုက်သရိုက်တွေ ပြန့်ကြဲနေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေ ရှိနေနိုင်သေးကြောင်း ပြောကြားပြီး အပူတပြင်း ရှာဖွေနေကြပါတယ်။ လက်ရှိ အချိန်ထိတော့ ပြည်နယ်နှစ်ခုမှာ သေဆုံးသူ ဦးရေဟာ ၂၆ ဦးထက်မနည်း ရှိလာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

လူ ၂၀၀၀ လောက်သာ နေထိုင်တဲ့ ကျေးလက်မြို့လေး ရိုးလင်းဖော့ခ်ဟာ တစ်မြို့လုံးနီးပါး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ နေရာအနှံ့မှာ အိမ်တွေက ပြားပြားဝပ် ပြိုလဲပျက်စီးနေပြီး အုတ်ပုံ အကျိုးအပဲ့တွေ အနေနဲ့သာ ကျန်နေပါတော့တယ်။

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဗဟိုအစိုးရ အနေနဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေကို အမြန်ဆုံး ထိထိရောက်ရောက် ကူညီဖို့ ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပြီး မစ္စစ္စပီက မြင်ကွင်းတွေကြောင့် စိတ်ထိခိုက်မိကြောင်း ပြောပါတယ်။ အိမ်ဖြူတော်ကလည်း ဗဟို အစိုးရဟာ ဒေသခံတွေကို ပြန်လည် ထူထောင်ရေး အထောက်အပံ့တွေ ပေးအပ်သွားမှာ ဖြစ်သလို နေအိမ်တွေ ပြန်ဆောက်ရာမှာ အဆင်ပြေစေဖို့ အတိုးနည်း ချေးငွေတွေ သတ်မှတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။