Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး
လေဆင်နှာမောင်းကြောင့် အမေရိကန် တောင်ပိုင်း ပြည်နယ်နှစ်ခုမှာ လူ ၂၆ ဦးထက်မနည်း သေဆုံး

အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တစ်ခု ဖြတ်သန်း တိုက်ခတ်မှုကြောင့် အမေရိကန် တောင်ပိုင်းမှာ လူ ၂ ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖျက်ဆီးအား ပြင်းထန်လှတဲ့ လေဆင်နှာမောင်းဟာ အခုသီတင်းပတ်ကုန်မှာ မစ္စစ္စပီနဲ့ အလာဘားမား ပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မစ္စစ္စပီ ပြည်နယ်ထဲက ရိုးလင်းဖော့ခ် မြို့က အခြေအနေ အတော်ဆိုးပြီး တစ်မြို့လုံးနီးပါး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စစ္စပီ ပြည်နယ် အစိုးရကလည်း မိုးလေဝသနဲ့ ဆက်စပ်တဲ့ အရေးပေါ် အခြေအနေကို အမြန်ဆုံး ထုတ်ပြန် ကြေညာခဲ့ရပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာ ပျက်စီးပြိုလဲနေတဲ့ နေအိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေနဲ့ ပိပြားနေတဲ့ ကားတွေကို တွေ့ရပါတယ်။ လမ်းတွေပေါ်မှာလည်း ကျောက်ခဲတွေ၊ မှန်ကွဲစတွေနဲ့ အမှိုက်သရိုက်တွေ ပြန့်ကြဲနေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေ ရှိနေနိုင်သေးကြောင်း ပြောကြားပြီး အပူတပြင်း ရှာဖွေနေကြပါတယ်။ လက်ရှိ အချိန်ထိတော့ ပြည်နယ်နှစ်ခုမှာ သေဆုံးသူ ဦးရေဟာ ၂၆ ဦးထက်မနည်း ရှိလာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

လူ ၂၀၀၀ လောက်သာ နေထိုင်တဲ့ ကျေးလက်မြို့လေး ရိုးလင်းဖော့ခ်ဟာ တစ်မြို့လုံးနီးပါး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ နေရာအနှံ့မှာ အိမ်တွေက ပြားပြားဝပ် ပြိုလဲပျက်စီးနေပြီး အုတ်ပုံ အကျိုးအပဲ့တွေ အနေနဲ့သာ ကျန်နေပါတော့တယ်။

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဗဟိုအစိုးရ အနေနဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေကို အမြန်ဆုံး ထိထိရောက်ရောက် ကူညီဖို့ ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပြီး မစ္စစ္စပီက မြင်ကွင်းတွေကြောင့် စိတ်ထိခိုက်မိကြောင်း ပြောပါတယ်။ အိမ်ဖြူတော်ကလည်း ဗဟို အစိုးရဟာ ဒေသခံတွေကို ပြန်လည် ထူထောင်ရေး အထောက်အပံ့တွေ ပေးအပ်သွားမှာ ဖြစ်သလို နေအိမ်တွေ ပြန်ဆောက်ရာမှာ အဆင်ပြေစေဖို့ အတိုးနည်း ချေးငွေတွေ သတ်မှတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။