Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပထမအသုတ် ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုရီယက်စ်က အတည်ပြုခဲ့ပါတယ်။

ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်
ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်

ယူကရိန်းဆီ ဂျာမန်လုပ် နည်းပညာမြင့် တိုက်ပွဲဝင် တင့်ကားတွေ ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီရဲ့ Leopard 2 တင့်ကားတွေဟာ မျက်မှောက်ခေတ်မှာ နည်းပညာ အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကား အမျိုးအစား တစ်ခုအဖြစ် သတ်မှတ် ခံထားရသလို ဂျာမနီရဲ့ မဟာမိတ် ဥရောပ နိုင်ငံတချို့လည်း ဝယ်ယူ အသုံးပြုနေပါတယ်။ ဂျာမနီနဲ့ NATO အဖွဲ့ဝင် နိုင်ငံတချို့က သူတို့ရဲ့ Leopard 2 တင့်ကားတွေကို ယူကရိန်းဆီ ခွဲဝေ လွှဲပြောင်းပေးမယ်လို့ လွန်ခဲ့တဲ့ ၂ လလောက်က ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပထမအသုတ် ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုရီယက်စ်က အတည်ပြုခဲ့ပါတယ်။

အဲဒီ တင့်ကားတွေဟာ ယူကရိန်းအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာနိုင်ပြီး ရုရှားနဲ့ ရင်ဆိုင်နေရတဲ့ စစ်မြေပြင်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းကို အနောက်နိုင်ငံ တချို့က တင့်ကားတွေ ပေးပို့မယ်လို့ ကတိပြုထားပြီး ဗြိတိန်လုပ် Challenger 2 တင့်ကားတွေလည်း စတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ NATO အဖွဲ့ဝင် နိုင်ငံတွေထဲက ထုတ်လုပ်ဖူးသမျှ အကောင်းဆုံးအဆင့် ပင်မ တိုက်ပွဲဝင် တင့်ကားတစ်မျိုးလို့ သတ်မှတ်ခံထားရတဲ့ Leopard 2တွေကို NATO နိုင်ငံတွေမှာ စုစုပေါင်း အစီး ၂၀၀၀ လောက်ထိ ဖြန့်ဝေ တင်ပို့ထားပြီးပါပြီ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားတပ်တွေကို ထိထိရောက်ရောက် ဟန့်တားဖို့အတွက် အနောက်နိုင်ငံလုပ် တင့်ကားတွေကို အရေးတကြီး လိုအပ်ကြောင်း တောင်းဆိုခဲ့တဲ့နောက် အမေရိကန်ကလည်း သူတို့ရဲ့ နာမည်ကျော် M1 Abramsတွေ ပို့ဆောင်ပေးဖို့ ကတိပြုထားပါတယ်။ Leopard 2တွေရော၊ Abramsတွေပါ လက်ရှိ ယူကရိန်း အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ် ဒီဇိုင်းနဲ့ တင့်ကားတွေထက် ကဏ္ဍပေါင်းစုံက အပြတ်အသတ် သာလွန်တယ်လို့ နိုင်ငံတကာ စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။