Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပထမအသုတ် ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုရီယက်စ်က အတည်ပြုခဲ့ပါတယ်။

ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်
ယူကရိန်းဆီ ဂျာမန်လုပ် တိုက်ပွဲဝင် တင့်ကားတွေ စတင်ပို့ဆောင်

ယူကရိန်းဆီ ဂျာမန်လုပ် နည်းပညာမြင့် တိုက်ပွဲဝင် တင့်ကားတွေ ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီရဲ့ Leopard 2 တင့်ကားတွေဟာ မျက်မှောက်ခေတ်မှာ နည်းပညာ အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကား အမျိုးအစား တစ်ခုအဖြစ် သတ်မှတ် ခံထားရသလို ဂျာမနီရဲ့ မဟာမိတ် ဥရောပ နိုင်ငံတချို့လည်း ဝယ်ယူ အသုံးပြုနေပါတယ်။ ဂျာမနီနဲ့ NATO အဖွဲ့ဝင် နိုင်ငံတချို့က သူတို့ရဲ့ Leopard 2 တင့်ကားတွေကို ယူကရိန်းဆီ ခွဲဝေ လွှဲပြောင်းပေးမယ်လို့ လွန်ခဲ့တဲ့ ၂ လလောက်က ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပထမအသုတ် ပို့ဆောင်မှု စတင်နေပြီလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုရီယက်စ်က အတည်ပြုခဲ့ပါတယ်။

အဲဒီ တင့်ကားတွေဟာ ယူကရိန်းအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာနိုင်ပြီး ရုရှားနဲ့ ရင်ဆိုင်နေရတဲ့ စစ်မြေပြင်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းကို အနောက်နိုင်ငံ တချို့က တင့်ကားတွေ ပေးပို့မယ်လို့ ကတိပြုထားပြီး ဗြိတိန်လုပ် Challenger 2 တင့်ကားတွေလည်း စတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ NATO အဖွဲ့ဝင် နိုင်ငံတွေထဲက ထုတ်လုပ်ဖူးသမျှ အကောင်းဆုံးအဆင့် ပင်မ တိုက်ပွဲဝင် တင့်ကားတစ်မျိုးလို့ သတ်မှတ်ခံထားရတဲ့ Leopard 2တွေကို NATO နိုင်ငံတွေမှာ စုစုပေါင်း အစီး ၂၀၀၀ လောက်ထိ ဖြန့်ဝေ တင်ပို့ထားပြီးပါပြီ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားတပ်တွေကို ထိထိရောက်ရောက် ဟန့်တားဖို့အတွက် အနောက်နိုင်ငံလုပ် တင့်ကားတွေကို အရေးတကြီး လိုအပ်ကြောင်း တောင်းဆိုခဲ့တဲ့နောက် အမေရိကန်ကလည်း သူတို့ရဲ့ နာမည်ကျော် M1 Abramsတွေ ပို့ဆောင်ပေးဖို့ ကတိပြုထားပါတယ်။ Leopard 2တွေရော၊ Abramsတွေပါ လက်ရှိ ယူကရိန်း အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ် ဒီဇိုင်းနဲ့ တင့်ကားတွေထက် ကဏ္ဍပေါင်းစုံက အပြတ်အသတ် သာလွန်တယ်လို့ နိုင်ငံတကာ စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။