Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယက ဘုရားကျောင်းတစ်ခုမှာ လူတွေ တက်ရပ်နေတဲ့ ရေတွင်းအဖုံး ပြိုကျလို့ ဒါဇင်နဲ့ချီ သေဆုံး

ဗီဒီယို မှတ်တမ်းတွေအရ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ကြိုးလှေကားတွေ သုံးပြီး ရေတွင်းထဲ ဆင်းနေကြတာကို တွေ့ရပါတယ်။ အများစုက ရေနစ်ပြီး သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးတွေက အတည်ပြုပါတယ်။

အိန္ဒိယက ဘုရားကျောင်းတစ်ခုမှာ လူတွေ တက်ရပ်နေတဲ့ ရေတွင်းအဖုံး ပြိုကျလို့ ဒါဇင်နဲ့ချီ သေဆုံး
အိန္ဒိယက ဘုရားကျောင်းတစ်ခုမှာ လူတွေ တက်ရပ်နေတဲ့ ရေတွင်းအဖုံး ပြိုကျလို့ ဒါဇင်နဲ့ချီ သေဆုံး

အိန္ဒိယ နိုင်ငံက ဟိန္ဒူ ဘုရားကျောင်း တခုမှာ ရေတွင်းထဲ ပြုတ်ကျကြလို့ လူဒါဇင်နဲ့ချီ သေဆုံးပြီး နောက်ထပ် အများအပြားကို ကယ်ဆယ်ခဲ့ရပါတယ်။

မတ် ၃၀ က မက်ဒ်ဟယာ ပရာဒက်ရှ် ပြည်နယ်က ဘုရားကျောင်း တစ်ခုထဲ ရောက်ရှိလာတဲ့ ဝတ်ပြုသူတွေဟာ လေးထောင့်ပုံ ရေတွင်းပေါ် ဖုံးထားတဲ့ အကာပေါ် တက်ရပ်မိတဲ့အချိန် ပြိုကျလို့ အစုအဝေးလိုက် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ဘုရားဖူး ၂၅ ယောက်လောက်ဟာ ဘုရားကျောင်းရဲ့ ရေအရင်းအမြစ် ရယူရာ နေရာဖြစ်တဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့ပြီး အလောင်း ၁၁ လောင်း ဆယ်ယူရရှိခဲ့ကြောင်း၊ နောက်ထပ် ၂ ဦးက ဆေးရုံမှာ သေဆုံးကြောင်း၊ ကျန်တဲ့ တစ်ဒါဇင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဘုရားကျောင်းက ရေတွင်းပေါ်မှာ ဘာကြောင့် အန္တရာယ် များလောက်အောင် လူတွေ စုဝေးခွင့် ပြုခဲ့သလဲ ဆိုတာရယ်၊ အဖုံးအကာရဲ့ ကြံ့ခိုင်မှုကို ဘာကြောင့် မစစ်ဆေးသလဲ ဆိုတာရယ်ကို ရဲတွေက စုံစမ်းနေပါတယ်။

ပြည်နယ် အစိုးရကတော့ မတော်တဆ သေဆုံးသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ကြိုးလှေကားတွေ သုံးပြီး ရေတွင်းထဲ ဆင်းနေကြတာကို တွေ့ရပါတယ်။ အများစုက ရေနစ်ပြီး သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးတွေက အတည်ပြုပါတယ်။

အိန္ဒိယမှာတော့ ဆောက်လုပ်မှု နည်းပညာ အားနည်းတာ၊ အရည်အသွေး စိစစ်မှုတွေ လျော့ရဲတာကြောင့် အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ သတင်းကြားရလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း နိုင်ငံ အနောက်ပိုင်းက ဂူဂျာရတ် ပြည်နယ်မှာ နှစ်ပေါင်း ရာနဲ့ချီ သက်တမ်းရှိနေတဲ့ ကြိုးတံတား တစ်စင်းကို ပြုပြင်မွမ်းမံပြီး ပြန်လည် ဖွင့်လှစ်ချိန်မှာ ပြတ်ကျခဲ့တာကြောင့် လူ ၁၃၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။