Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပေါင်းလိုက်ရင် Leopard 2 တင့်ကား စုစုပေါင်း အစီး ၃၅၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့
ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့

ဂျာမန်လုပ် နည်းပညာမြင့် တင့်ကားတွေကို စပိန်က ယူကရိန်းဆီ စတင် တင်ပို့ပေးခဲ့ကြောင်း သိရပါတယ်။

ဂျာမနီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Leopard 2တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး၊ စွမ်းဆောင်ရည် အကောင်းဆုံး စာရင်းဝင် ပင်မ တိုက်ပွဲဝင် တင့်ကားတွေထဲမှာ ပါဝင်ပါတယ်။ ဂျာမနီအပြင် NATO အဖွဲ့ဝင် နိုင်ငံတချို့ကပါ သူတို့ လက်ထဲမှာ ရှိနေတဲ့ Leopard 2တွေကို ယူကရိန်းဆီ လွှဲပေးမယ်လို့ အသီးသီး ကတိပြုထားကြပါတယ်။

ဖေဖော်ဝါရီ လထဲမှာ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ရှိနေတဲ့ Leopard 2 ၁၀ စီးကို ယူကရိန်းအတွက် လွှဲပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အတိုက်အခံ အင်အားစုတွေက ဝေဖန်ခဲ့ပြီး နိုင်ငံရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို ယုတ်လျော့သွားစေနိုင်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ စပိန်ဆီက Leopard 2 တင့်ကား ၆ စီးဟာ ယူကရိန်းဆီ ဦးတည်သွားရောက်နေပြီဖြစ်ပြီး နောက် ၄ စီးကိုလည်း မကြာခင် ထပ်လွှဲပေးမယ်လို့ ယုံကြည်ရကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ပေါက်ကြားလာတဲ့ အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ ဂျာမနီအပြင် စပိန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ဂရိနဲ့ ဖင်လန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် Leopard 2 တင့်ကားတွေ အသီးသီး ပေးပို့ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပေါင်းလိုက်ရင် Leopard 2 တင့်ကား စုစုပေါင်း အစီး ၃၅၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။