Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပေါင်းလိုက်ရင် Leopard 2 တင့်ကား စုစုပေါင်း အစီး ၃၅၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့
ယူကရိန်းအတွက် စပိန်က နည်းပညာမြင့် တင့်ကားတွေ ပေးပို့

ဂျာမန်လုပ် နည်းပညာမြင့် တင့်ကားတွေကို စပိန်က ယူကရိန်းဆီ စတင် တင်ပို့ပေးခဲ့ကြောင်း သိရပါတယ်။

ဂျာမနီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Leopard 2တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး၊ စွမ်းဆောင်ရည် အကောင်းဆုံး စာရင်းဝင် ပင်မ တိုက်ပွဲဝင် တင့်ကားတွေထဲမှာ ပါဝင်ပါတယ်။ ဂျာမနီအပြင် NATO အဖွဲ့ဝင် နိုင်ငံတချို့ကပါ သူတို့ လက်ထဲမှာ ရှိနေတဲ့ Leopard 2တွေကို ယူကရိန်းဆီ လွှဲပေးမယ်လို့ အသီးသီး ကတိပြုထားကြပါတယ်။

ဖေဖော်ဝါရီ လထဲမှာ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ရှိနေတဲ့ Leopard 2 ၁၀ စီးကို ယူကရိန်းအတွက် လွှဲပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အတိုက်အခံ အင်အားစုတွေက ဝေဖန်ခဲ့ပြီး နိုင်ငံရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို ယုတ်လျော့သွားစေနိုင်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ စပိန်ဆီက Leopard 2 တင့်ကား ၆ စီးဟာ ယူကရိန်းဆီ ဦးတည်သွားရောက်နေပြီဖြစ်ပြီး နောက် ၄ စီးကိုလည်း မကြာခင် ထပ်လွှဲပေးမယ်လို့ ယုံကြည်ရကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ပေါက်ကြားလာတဲ့ အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ ဂျာမနီအပြင် စပိန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ဂရိနဲ့ ဖင်လန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် Leopard 2 တင့်ကားတွေ အသီးသီး ပေးပို့ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပေါင်းလိုက်ရင် Leopard 2 တင့်ကား စုစုပေါင်း အစီး ၃၅၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။