Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ့်တိုက်လေယာဉ်မှာ မှားဗုံးကြဲတာ ခံရတဲ့ ရုရှားမြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့

လုံခြုံရေး ကင်မရာတွေက ရိုက်ယူထားတဲ့ မှတ်တမ်းဗီဒီယိုအရ ဧပြီ ၂၀ ရက် ဖြစ်စဉ်မှာ မြို့ထဲ ကားတွေ သွားလာနေတဲ့ လမ်းမတစ်ခုနားကို ကောင်းကင်ကနေ အရာဝတ္ထု တစ်ခုခု ကျဆင်းလာတာ တွေ့ရပြီး ၁၈ စက္ကန့် အကြာမှာ ထပေါက်ကွဲခဲ့ပါတယ်။

ကိုယ့်တိုက်လေယာဉ်မှာ မှားဗုံးကြဲတာ ခံရတဲ့ ရုရှားမြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့
ကိုယ့်တိုက်လေယာဉ်မှာ မှားဗုံးကြဲတာ ခံရတဲ့ ရုရှားမြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့

ရုရှား တိုက်လေယာဉ်က မှားယွင်း ဗုံးကြဲတာ ခံခဲ့ရတဲ့ ရုရှားမြို့မှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ရှာတွေ့ခဲ့တာကြောင့် မြို့ခံတွေ ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ရုရှားမြို့ ဘယ်လ်ဂိုရတ်ဒ်ဟာ ရုရှား တိုက်လေယာဉ် တစ်စီးရဲ့ မှားယွင်း ဗုံးကြဲမှုကို ခံရပြီး နှစ်ရက်အကြာ ဧပြီ ၂၂ ရက်မှာ အခုလို ကတိုက်ကရိုက် ရွှေ့ပြောင်းရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ အဲဒီ မှားယွင်း ဗုံးကြဲမှုအတွင်းမှာတော့ မြို့လယ်က လမ်းနဲ့ အဆောက်အအုံတချို့၊ ကားတချို့ ပျက်စီးခဲ့ပြီး လူ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အခု မပေါက်ကွဲသေးဘဲ ရှာတွေ့တယ်ဆိုတဲ့ ဗုံးဟာ Su-34က မှားယွင်းဗုံးကြဲခဲ့ချိန်မှာပဲ ကြဲချမိခဲ့တဲ့ နောက်ထပ်တစ်လုံးလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဗုံးရှာတွေ့တဲ့ နေရာတဝိုက်ကို လောလောဆယ် ပိတ်ဆို့ထားလိုက်ပြီး အနီးအနား အဆောက်အအုံ ၁၇ ခုက ဒေသခံ ၃၀၀၀ လောက်ကို ယာယီ ရွှေ့ပြောင်းစေခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ဗုံးရဲ့ ပေါက်ကွဲစေနိုင်တဲ့ အပိုင်းကို အသက်မဝင်တော့တာ သေချာအောင် လုပ်ဆောင်ပြီး ဖယ်ရှားခဲ့တဲ့နောက် အားလုံး နေရပ်ပြန်ခွင့် ရခဲ့ကြတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မပေါက်ကွဲသေးတဲ့ ဗုံးဟာ ရုရှား တိုက်လေယာဉ်က မှားယွင်း ဗုံးကြဲမိတဲ့ နေရာမှာပဲ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ SU-34 ဗုံးကြဲတိုက်လေယာဉ် ကြဲချခဲ့တဲ့ ဗုံးဟာ ဘယ်လ်ဂိုရတ်ဒ် မြို့လယ်မှာ မီတာ ၂၀ လောက်ရှည်တဲ့ ပပ်ကြားအက် ချိုင့်ခွက်ကြီး ဖြစ်သွားစေပါတယ်။

လုံခြုံရေး ကင်မရာတွေက ရိုက်ယူထားတဲ့ မှတ်တမ်းဗီဒီယိုအရ ဧပြီ ၂၀ ရက် ဖြစ်စဉ်မှာ မြို့ထဲ ကားတွေ သွားလာနေတဲ့ လမ်းမတစ်ခုနားကို ကောင်းကင်ကနေ အရာဝတ္ထု တစ်ခုခု ကျဆင်းလာတာ တွေ့ရပြီး ၁၈ စက္ကန့် အကြာမှာ ထပေါက်ကွဲခဲ့ပါတယ်။

လူဦးရေ ၄ သိန်း ဝန်းကျင်လောက်ရှိတဲ့ ဘယ်လ်ဂိုရတ်ဒ်ဟာ ယူကရိန်းနဲ့ နယ်စပ်နားမှာ တည်ရှိသလို ရုရှားတိုက်လေယာဉ်တွေ မကြာခဏ ဖြတ်ပျံလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ လေတပ်ရဲ့ SU-34 တိုက်လေယာဉ်တွေကြောင့် ရုရှားပြည်သူတွေ ဒုက္ခရောက်ကြတာ အခုဖြစ်စဉ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ အောက်တိုဘာလတုန်းကလည်း ယိုင်းစ်ခ်မြို့မှာ SU-34 တစ်စီးက လူနေဧရိယာထဲ ပျက်ကျတာကြောင့် လူ ၁၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။