Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် လက်တွေ့ အသုံးပြုနေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး ၂ မျိုးကို အမေရိကန်က တီထွင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်
တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်

တူရကီဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ထုတ်လုပ်နိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံစာရင်းမှာ သေချာပေါက် ပါဝင်လာစေမယ်လို့ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က ကြုံးဝါးလိုက်ပါတယ်။

တူရကီရဲ့ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် အသစ်ရဲ့ စမ်းသပ်ဆဲအဆင့် မော်ဒယ်လ်ကို ပြေးလမ်းပေါ်မှာ လက်တွေ့ သရုပ်ပြခဲ့တဲ့ အစီအစဉ်ကို အာဒိုဝမ်က မေလ ၁ ရက်မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ကို လောလောဆယ်မှာ TF-Xလို့ ကုတ်ဒ်နာမည် မှည့်ထားပေမယ့် လက်တွေ့ ထုတ်လုပ်တဲ့ အဆင့်ကျရင် KAANလို့ ခေါ်ဝေါ်သွားမယ်လို့ အာဒိုဝမ်က ဆိုပါတယ်။

ပဉ္စမမျိုးဆက်အဆင့် သတ်မှတ်နိုင်တဲ့ တိုက်လေယာဉ်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ၊ အဆင့်အမြင့်ဆုံး အီလက်ထရောနစ် အထောက်အပံ့တွေ၊ လက်နက်စနစ်တွေ တပ်ဆင်ထားပြီး အဲဒီလို လေယာဉ်မျိုးတွေကို လက်တွေ့ တိုက်ပွဲဝင်အဆင့် ထုတ်လုပ်ထားနိုင်တာဆိုလို့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ ၃ နိုင်ငံသာ ရှိပါသေးတယ်။

ဂျပန်၊ အိန္ဒိယ၊ ဆွီဒင်၊ ဗြိတိန်စတဲ့ နိုင်ငံတွေကလည်း စမ်းသပ်အဆင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေကို ဖန်တီး တည်ဆောက်နေပေမယ့် လက်တွေ့ အသုံးချနိုင်တဲ့ တိုက်ပွဲဝင် အဆင့်ထိတော့ ရောက်မလာသေးပါဘူး။

Public Service Announcement

Public Service Announcement

အာဒိုဝမ်က တူရကီဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ကိုယ်ပိုင် ထုတ်လုပ်မယ့်အပြင် ကြည်း၊ ရေ၊ လေ၊ ရေအောက်နဲ့ အာကာသဆိုင်ရာ စစ်လက်နက် နည်းပညာ ပြိုင်ဆိုင်မှု အားလုံးမှာ ထဲထဲဝင်ဝင် ပါဝင်သွားမယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။

တူရကီဟာ ကိုယ်ပိုင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေကို ထုတ်လုပ်နိုင်ချိန်မှာ အမေရိကန်လုပ် F-16တွေ နေရာကို ရေရှည် အစားထိုးသွားဖို့ ရည်ရွယ်ထားပါတယ်။ လေတပ် တာဝန်ရှိသူတွေကတော့ KAANတွေဟာ ၂၀၃၀ ပြည့်လွန် နှစ်တွေလောက်မှာ လက်တွေ့ အမှုထမ်းနိုင်တဲ့ အဆင့်မျိုး ရောက်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

TF-X စမ်းသပ်ဆဲအဆင့် တိုက်လေယာဉ်ဟာ အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး Mach 1.8 မြန်နှုန်း (အသံရဲ့မြန်နှုန်း နှစ်ဆနီးပါး)ထိ ပျံသန်းနိုင်မှာ ဖြစ်သလို လက်နက်စနစ်နဲ့ နည်းပညာ အားလုံးဟာ ဘယ်လို ပဉ္စမမျိုးဆက် တိုက်လေယာဉ်နဲ့မဆို ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မယ်လို့ တူရကီ အာကာသ လေကြောင်း စက်မှုလုပ်ငန်းစုကြီးက ကြွေးကြော်ထားပါတယ်။ အဲဒီ လေယာဉ်မှာ စွမ်းဆောင်ရည် မြင့်မားတဲ့ ရေဒါတွေ၊ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေင်္၊ ဆက်သွယ်ရေးနဲ့ လမ်းညွှန်စနစ်တွေ စုံစုံလင်လင် ပါဝင်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် လက်တွေ့ အသုံးပြုနေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး ၂ မျိုးကို အမေရိကန်က တီထွင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။