Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် လက်တွေ့ အသုံးပြုနေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး ၂ မျိုးကို အမေရိကန်က တီထွင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်
တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော်

တူရကီဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ထုတ်လုပ်နိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံစာရင်းမှာ သေချာပေါက် ပါဝင်လာစေမယ်လို့ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က ကြုံးဝါးလိုက်ပါတယ်။

တူရကီရဲ့ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် အသစ်ရဲ့ စမ်းသပ်ဆဲအဆင့် မော်ဒယ်လ်ကို ပြေးလမ်းပေါ်မှာ လက်တွေ့ သရုပ်ပြခဲ့တဲ့ အစီအစဉ်ကို အာဒိုဝမ်က မေလ ၁ ရက်မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ကို လောလောဆယ်မှာ TF-Xလို့ ကုတ်ဒ်နာမည် မှည့်ထားပေမယ့် လက်တွေ့ ထုတ်လုပ်တဲ့ အဆင့်ကျရင် KAANလို့ ခေါ်ဝေါ်သွားမယ်လို့ အာဒိုဝမ်က ဆိုပါတယ်။

ပဉ္စမမျိုးဆက်အဆင့် သတ်မှတ်နိုင်တဲ့ တိုက်လေယာဉ်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ၊ အဆင့်အမြင့်ဆုံး အီလက်ထရောနစ် အထောက်အပံ့တွေ၊ လက်နက်စနစ်တွေ တပ်ဆင်ထားပြီး အဲဒီလို လေယာဉ်မျိုးတွေကို လက်တွေ့ တိုက်ပွဲဝင်အဆင့် ထုတ်လုပ်ထားနိုင်တာဆိုလို့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ ၃ နိုင်ငံသာ ရှိပါသေးတယ်။

ဂျပန်၊ အိန္ဒိယ၊ ဆွီဒင်၊ ဗြိတိန်စတဲ့ နိုင်ငံတွေကလည်း စမ်းသပ်အဆင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေကို ဖန်တီး တည်ဆောက်နေပေမယ့် လက်တွေ့ အသုံးချနိုင်တဲ့ တိုက်ပွဲဝင် အဆင့်ထိတော့ ရောက်မလာသေးပါဘူး။

Public Service Announcement

Public Service Announcement

အာဒိုဝမ်က တူရကီဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ကိုယ်ပိုင် ထုတ်လုပ်မယ့်အပြင် ကြည်း၊ ရေ၊ လေ၊ ရေအောက်နဲ့ အာကာသဆိုင်ရာ စစ်လက်နက် နည်းပညာ ပြိုင်ဆိုင်မှု အားလုံးမှာ ထဲထဲဝင်ဝင် ပါဝင်သွားမယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။

တူရကီဟာ ကိုယ်ပိုင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေကို ထုတ်လုပ်နိုင်ချိန်မှာ အမေရိကန်လုပ် F-16တွေ နေရာကို ရေရှည် အစားထိုးသွားဖို့ ရည်ရွယ်ထားပါတယ်။ လေတပ် တာဝန်ရှိသူတွေကတော့ KAANတွေဟာ ၂၀၃၀ ပြည့်လွန် နှစ်တွေလောက်မှာ လက်တွေ့ အမှုထမ်းနိုင်တဲ့ အဆင့်မျိုး ရောက်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

TF-X စမ်းသပ်ဆဲအဆင့် တိုက်လေယာဉ်ဟာ အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး Mach 1.8 မြန်နှုန်း (အသံရဲ့မြန်နှုန်း နှစ်ဆနီးပါး)ထိ ပျံသန်းနိုင်မှာ ဖြစ်သလို လက်နက်စနစ်နဲ့ နည်းပညာ အားလုံးဟာ ဘယ်လို ပဉ္စမမျိုးဆက် တိုက်လေယာဉ်နဲ့မဆို ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မယ်လို့ တူရကီ အာကာသ လေကြောင်း စက်မှုလုပ်ငန်းစုကြီးက ကြွေးကြော်ထားပါတယ်။ အဲဒီ လေယာဉ်မှာ စွမ်းဆောင်ရည် မြင့်မားတဲ့ ရေဒါတွေ၊ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေင်္၊ ဆက်သွယ်ရေးနဲ့ လမ်းညွှန်စနစ်တွေ စုံစုံလင်လင် ပါဝင်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် လက်တွေ့ အသုံးပြုနေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး ၂ မျိုးကို အမေရိကန်က တီထွင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။