Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီရဲ့ မဲဆွယ်စည်းရုံးမှု ပုံစံသစ်တွေကို သက်ဆင် ချီးကျူး

သူက အာဏာသိမ်း ထိုင်းစစ်တပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း၊ ကွန်ဆာဗေးတစ် ဝါဒီတွေကိုလည်း အသက်တွေ ကြီးနေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ဆက်ပြီး မပါဝင်တော့ဘဲ သိက္ခာရှိရှိနဲ့ အနားယူလိုက်သင့်ပြီလို့လည်း တိုက်တွန်း အကြံပြုသွားခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီရဲ့ မဲဆွယ်စည်းရုံးမှု ပုံစံသစ်တွေကို သက်ဆင် ချီးကျူး
ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီရဲ့ မဲဆွယ်စည်းရုံးမှု ပုံစံသစ်တွေကို သက်ဆင် ချီးကျူး

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မုဗ်ဖော်ဝပ် (MFP)ပါတီရဲ့ မဲဆွယ်စည်းရုံးမှု ဗျူဟာ အခင်းအကျင်းတွေကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက ချီးကျူးသွားခဲ့ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး ပြည်ပမှာ လတ်တလော တိမ်းရှောင်နေရတဲ့ ဘီလီယံနာ သူဌေးကြီးဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာ အကြီးဆုံး ပုံရိပ်တစ်ခုအဖြစ် သတ်မှတ် ခံထားရဆဲပါ။ ပြီးခဲ့တဲ့ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာတော့ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာ ဦးဆောင်တဲ့ ဖျူထိုင်းပါတီ (PTP)လည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် MFPရဲ့နောက် ဒုတိယ နေရာသာ ရခဲ့ပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ်ကစလို့ ထိုင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာ PTP အပါအဝင် သက်ဆင် လိုလားထောက်ခံတဲ့ ပါတီတွေချည်းပဲ မဲအများဆုံး ရခဲ့ဖူးတဲ့ အစဉ်အလာကို MFPက ချိုးဖျက်သွားတာလည်း ဖြစ်ပါတယ်။‌ေ

လောလောဆယ်မှာတော့ MFPနဲ့ PTPတို့ဟာ စစ်တပ် လိုလားတဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေကို ယှဉ်ပြိုင်ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ဆွေးနွေးနေပြီလို့ ယုံကြည်ရပါတယ်။

သက်ဆင်က MFPဟာ အစဉ်အလာတွေကို ချိုးဖျက်တဲ့ ဖျက်မြင်းမျိုးလို့ တင်စားပြီး လူမှုကွန်ရက် မီဒီယာတွေနဲ့ လူငယ် အင်အားစုတွေကို ထိထိရောက်ရောက် အသုံးချသွားနိုင်တဲ့အတွက် ချီးကျူးကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေကို လူငယ်တွေ အသုံးများတဲ့ TikTokလိုမျိုး လူမှု ကွန်ရက်တွေမှာ MFPက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ကြောင်း၊ သူတို့က ရင်းမြစ်တွေ အများကြီး မသုံးရပေမယ့် မဲတွေ ရအောင် စီမံနိုင်ခဲ့ကြောင်း သက်ဆင်က ဆိုပါတယ်။ MFPဟာ ရွေးကောက်ပွဲမှာ ကိန်းကြီးခန်းကြီးနဲ့ စရိတ်တွေ အများကြီး မသုံးဘဲ လူမှုကွန်ရက်တွေ၊ လူငယ်တွေရဲ့အားနဲ့ အောင်ပွဲခံနိုင်တယ် ဆိုတာကို ရှေ့ဆောင်လမ်းပြ လုပ်သွားတယ်လို့လည်း သက်ဆင်က မှတ်ချက်ပေးပါတယ်။

PTPဟာ ရွေးကောက်ပွဲမှာ ဒုတိယ နေရာသာ ရခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆင်က သူ့သမီးရဲ့ ပါတီဟာ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အမြင်မှာ ထင်သလောက် ထူးထူးခြားခြား ကွဲထွက်နေအောင် စွမ်းဆောင် မပြနိုင်တာကြောင့်လည်း ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ MFPကတော့ ဓနအင်အား တောင့်တင်းတဲ့ ပါတီတွေ လုပ်နေကျ နည်းလမ်းဟောင်းတွေကနေ ခွဲထွက်ပြသွားတယ်လို့ သက်ဆင်က ဆိုပါတယ်။

သူက အာဏာသိမ်း ထိုင်းစစ်တပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း၊ ကွန်ဆာဗေးတစ် ဝါဒီတွေကိုလည်း အသက်တွေ ကြီးနေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ဆက်ပြီး မပါဝင်တော့ဘဲ သိက္ခာရှိရှိနဲ့ အနားယူလိုက်သင့်ပြီလို့လည်း တိုက်တွန်း အကြံပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။