Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ပျောက်ဆုံးနေတဲ့ မလေးရှား အမျိုးသမီးက မြန်မာနဲ့ နယ်စပ်နားထိ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

အသက် ၂၂ နှစ်အရွယ် ခရီးသွား ဧည့်သည် မိန်းကလေးဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်မသွားခင်က မယ်ဆိုင်ဒေသကို သွားရောက်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ထိုင်းမှာ ပျောက်ဆုံးနေတဲ့ မလေးရှား အမျိုးသမီးက မြန်မာနဲ့ နယ်စပ်နားထိ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
ထိုင်းမှာ ပျောက်ဆုံးနေတဲ့ မလေးရှား အမျိုးသမီးက မြန်မာနဲ့ နယ်စပ်နားထိ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ကို သွားရောက်ခဲ့တဲ့ အထောက်အထားတွေ ရရှိထားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ခရီးသွား ဧည့်သည် မိန်းကလေးဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်မသွားခင်က မယ်ဆိုင်ဒေသကို သွားရောက်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ရင်းနှီးသူတွေက အန်ဂီလို့ ခေါ်ဝေါ်ကြတဲ့ ချောင်ဆွမ်ယီဟာ မေလ ၂၉ ရက်က မယ်ဆိုင်မှာရှိတဲ့ နယ်စပ်နားက ဟိုတယ်တစ်ခုမှာ ရှိနေခဲ့ပါတယ်။ အဲဒီ ဟိုတယ်ဟာ တာချီလိတ် တစ်ဖက်ကမ်းက ခိုချန်အရပ်မှာ ရှိပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အန်ဂီကို အမျိုးသမီး တစ်ဦးက ဟိုတယ် လော်ဘီခန်းထဲမှာ ဖက်လှဲတကင်း လာရောက် နှုတ်ဆက်ခဲ့ပြီး သူတို့နှစ်ဦး အတူထွက်ခွာသွားတာကို တွေ့ရပါတယ်။ နောက်တော့ ခိုချန် နယ်စပ်နားဆီ ဆိုင်ကယ်တစ်စီးနောက်မှာ ထိုင်ပြီး အန်ဂီ လိုက်သွားတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲတွေက ဆက်လက် စုံစမ်းတဲ့အခါ သူ့ကို တင်ဆောင်သွားတဲ့ အမျိုးသမီး ဆိုင်ကယ် ကယ်ရီသမားက အန်ဂီဟာ ခိုချန် လှေဆိပ်နားကိုသွားဖို့ ဘတ် ၅၀၀ ပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှား အမျိုးသမီးဟာ မြန်မာဖက်ခြမ်းကို ကူးသွားသလား ဆိုတာကိုတော့ သူအတိအကျ မပြောနိုင်ကြောင်း ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ထိုင်းအမျိုးသမီးက ပြောပါတယ်။

အခုအချိန်မှာတော့ အန်ဂီရဲ့ မိသားစုက အရမ်းစိုးရိမ်နေပြီး သတင်းနားစွင့်နေကြပါတယ်။ အန်ဂီရဲ့ ဖုန်းလိုင်း ချိတ်ဆက်မှုဟာလည်း နယ်စပ်ကို ရောက်ရှိချိန် ကတည်းက ပြတ်တောက်သွားကြောင်း သိရပါတယ်။ ရဲတွေက အန်ဂီဟာ အကြောင်းတစ်ခုခုကြောင့် မြန်မာဖက်ကို တရားမဝင် ဝင်ရောက်သွားသလား ဆိုတာကို စုံစမ်းနေသလို မြန်မာဖက်က အာဏာပိုင်တွေကိုလည်း အခုဖြစ်စဉ်အတွက် ဆက်သွယ်ပြီး အကူအညီ တောင်းခံထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။