Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စပိုင်မိုးပျံပူဖောင်းတွေ အာရှနိုင်ငံ တချို့ကို ကျူးကျော် ပျံသန်းဖူးကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာ

နှစ်ဆန်းပိုင်းမှာ တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့တဲ့နောက် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က တရုတ်ဟာ အဲဒီလို မိုးပျံပူဖောင်းတွေကို တပ်ဖွဲ့ကြီး တစ်ခုပုံစံ ဖွဲ့စည်းပြီး ကမ္ဘာ့ ဒေသအနှံ့အပြားကို စေလွှတ်ထားတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

တရုတ် စပိုင်မိုးပျံပူဖောင်းတွေ အာရှနိုင်ငံ တချို့ကို ကျူးကျော် ပျံသန်းဖူးကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာ
တရုတ် စပိုင်မိုးပျံပူဖောင်းတွေ အာရှနိုင်ငံ တချို့ကို ကျူးကျော် ပျံသန်းဖူးကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာ

တရုတ်ရဲ့ စပိုင် မိုးပျံပူဖောင်းတွေ အာရှတိုက် ကောင်းကင်ယံမှာ ပျံသန်းခဲ့ဖူးကြောင်း အထောက်အထားတွေကို BBC သတင်းဌာနက ဖော်ထုတ် ပြသခဲ့ပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ အထောက်အထားတွေအရ တရုတ်ရဲ့ စပိုင် မိုးပျံပူဖောင်းတွေဟာ ဂျပန်နဲ့ ထိုင်ဝမ် ကောင်းကင်ယံတွေကို ဖြတ်ပျံခဲ့တယ်လို့ BBCက ဖော်ပြခဲ့ပါတယ်။ ဂျပန် အစိုးရက နိုင်ငံရဲ့ လေပိုင်နက်ကို ပြည်ပနိုင်ငံ တစ်ခုရဲ့ မိုးပျံပူဖောင်းတွေ ကျူးကျော် ပျံသန်းခဲ့တယ် ဆိုတာကို အတည်ပြုထားပြီး နောင်တစ်ချိန်မှာ အလားတူ အခြေအနေ ထပ်ကြုံရင် ကြားဖြတ် ပစ်ချသွားမယ်လို့ သတိပေးထားပါတယ်။

တရုတ်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

အခုနှစ် အစောပိုင်းက တရုတ်ရဲ့ စပိုင် ကိရိယာ တစ်ခုလို့ စွပ်စွဲပြီး လေပိုင်နက် ကျူးကျော်လာတဲ့ မိုးပျံပူဖောင်း တစ်လုံးကို အမေရိကန် လေတပ်က ဒုံးကျည်နဲ့ ပစ်ချခဲ့ဖူးပါတယ်။ ရှိရင်းစွဲ ဆိုးရွားနေပြီးသား တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အဲဒီကိစ္စကြောင့် ပိုမို တင်းမာ အေးစက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကတော့ အဲဒီမိုးပျံပူဖောင်းဟာ အမေရိကန် စွပ်စွဲသလို စပိုင်ကိရိယာ တစ်ခုခု မဟုတ်ဘဲ ထိန်းချုပ်မှု လွတ်သွားတဲ့ မိုးလေဝသ လေ့လာရေး ဘောလုံးတစ်လုံးသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

BBCရဲ့ Panorama အစီအစဉ်နဲ့ အင်တာဗျူးမှာ CIA ထောက်လှမ်းရေး ဌာနရဲ့ အရှေ့အာရှရေးရာ သုတေသီ ဂျွန်ကူလ်ဗာက လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အာရှတိုက် ကောင်းကင်ယံမှာ တရုတ် စပိုင် မိုးပျံပူဖောင်းတွေ လှုပ်ရှားခဲ့ဖူးတဲ့ အထောက်အထားတွေအကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ဂျပန်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလလောက်မှာ တရုတ် မိုးပျံပူဖောင်းတစ်လုံး ပျံသန်းခဲ့ဖူးတယ်လို့ သိရပါတယ်။ BBCက ဆက်သွယ် မေးမြန်းတဲ့အခါ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ ယူကို မူရာကာမီက နောင်တစ်ချိန်မှာ လေပိုင်နက် ထပ်မံကျူးလွန်လာတဲ့ ပူဖောင်းတွေကို ပစ်ချဖို့ အစီအမံတွေ ပြင်ဆင်ထားကြောင်း ဖြေကြားသွားပါတယ်။

နှစ်ဆန်းပိုင်းမှာ တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့တဲ့နောက် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က တရုတ်ဟာ အဲဒီလို မိုးပျံပူဖောင်းတွေကို တပ်ဖွဲ့ကြီး တစ်ခုပုံစံ ဖွဲ့စည်းပြီး ကမ္ဘာ့ ဒေသအနှံ့အပြားကို စေလွှတ်ထားတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။