Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲကြို ကာလတွေမှာ Facebook မသုံးတော့ဘူးလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော

ဟွန်ဆန်းဟာ Facebookကို တက်တက်ကြွကြွ သုံးလေ့ရှိသူ တစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ရက် မီဒီယာကြီးက သူ့ရဲ့ ဗီဒီယို တစ်ခုကို ဖယ်ရှားလိုက်တဲ့နောက် ဟွန်ဆန်းက Facebookသုံးတာကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကြို ကာလတွေမှာ Facebook မသုံးတော့ဘူးလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော
ရွေးကောက်ပွဲကြို ကာလတွေမှာ Facebook မသုံးတော့ဘူးလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေအတွင်း Facebook သုံးစွဲတော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ဟွန်ဆန်းဟာ Facebookကို တက်တက်ကြွကြွ သုံးလေ့ရှိသူ တစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ရက် မီဒီယာကြီးက သူ့ရဲ့ ဗီဒီယို တစ်ခုကို ဖယ်ရှားလိုက်တဲ့နောက် ဟွန်ဆန်းက Facebookသုံးတာကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ စိစစ်စောင့်ကြည့်ရေး ဘုတ်အဖွဲ့ဆီက အကြံပြုချက်အရ ဟွန်ဆန်းရဲ့ ဗီဒီယို တစ်ခုကို ဖယ်ရှားမှာဖြစ်ကြောင်း၊ အဲဒီ ဗီဒီယိုထဲမှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရဲ့ ခေါင်းဆောင်ဟာ အတိုက်အခံ အင်အားစုတွေအပေါ် ရန်လို အကြမ်းဖက်အောင် လှုံ့ဆော်ထားတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နေရကြောင်း Facebookက ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဟွန်ဆန်းကလည်း သူ့ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေအတွင်း Facebook လုံးဝ မသုံးတော့ဘူးလို့ ပြောကြားခဲ့တာပါ။ အထည်ချုပ် စက်ရုံလုပ်သား ထောင်ဂဏန်းလောက်နဲ့ တွေ့ဆုံတဲ့ အခမ်းအနား တစ်ခုမှာ ဟွန်ဆန်းက အခုအချိန်ကစလို့ သူဟာ Facebookပေါ်မှာ ဘာပို့စ်မှ တင်တော့မှာ မဟုတ်ကြောင်း၊ အဲဒီအစား ထောက်ခံသူတွေဆီ သူ့ရဲ့ နိုင်ငံရေး သတင်းစကားတွေကို Telegram အသုံးပြုပြီး ပို့ဆောင်မှာ ဖြစ်သလို လူငယ်ထုနဲ့ ပိုမိုထိတွေ့နိုင်အောင် TikTokကို ပြောင်းသုံးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်းရဲ့ Telegram Channelမှာ Follwerပေါင်း ၈၆၀၀၀၀ ကျော် ရှိနေသလို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သူဟာ Telegram အသုံးပြုမှုကို သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။

ဟွန်ဆန်းဟာ ကမ္ဘောဒီးယားကို ၃၈ နှစ်ကြာ အုပ်စိုးခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး နိုင်ငံခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်နေပေမယ့် ရွေးကောက်ပွဲ ဆက်ဝင်ဦးမှာ ဖြစ်ပါတယ်။ သူဟာ အတိုက်အခံ အင်အားစုတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ချိုးနှိမ်ဖိနှိပ်ခဲ့ပြီး အာဏာရှင် တစ်ဦးလို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ခံထားရပါတယ်။ သူ့ရဲ့ သားဖြစ်သူ ဟွန်မန်နတ်ဟာ နောင်တစ်ချိန်မှာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး မျိုးရိုးစဉ်ဆက် အုပ်စိုးမယ့် အလားအလာတွေ ရှိနေပါတယ်။

ဟွန်ဆန်ဟာ Facebookကို မသုံးတော့ဘူးလို့ ပြောထားပေမယ့် ၂၀၁၅ ကတည်းက ဖွင့်လှစ်ထားတဲ့ သူ့ရဲ့ အကောင့်ကတော့ ဆက်ရှိနေပါသေးတယ်။ လောလောဆယ် ပြည်ပမှာ တိမ်းရှောင်နေရတဲ့ အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီက လူငယ် မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ Facebookကို အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့တဲ့နောက် ဟွန်ဆန်ကပါ Facebook အကောင့် လိုက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

သူ့မှာ Facebookပေါ်က Followerပေါင်း ၁၄ သန်းလောက် ရှိနေပြီး အဲဒီထဲမှာ သူ့ကို လူသိရှင်ကြား ထောက်ခံအောင်၊ ချီးကျူးအောင် အခကြေးငွေပေးပြီး ငှားရမ်းထားတဲ့သူ အများအပြား ပါဝင်နေကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပဖို့ လျာထားပြီး ဟွန်ဆန်းပဲ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ဟွန်ဆန်းရဲ့ ရုပ်သေး သက်သက်ဖြစ်တဲ့ ကမ္ဘောဒီးယား တရားရုံးချုပ်ဟာ အားအကောင်းဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။