Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သက်ဆင် ထိုင်းကို ပြန်လာမယ်လို့ သမီးဖြစ်သူ အတည်ပြု

သက်ဆင်ဟာ တရားရုံးချုပ်ရဲ့ စီရင်ချက်အရ စွဲချက်တချို့အတွက် အမြင့်ဆုံး ထောင် ၁၀ နှစ်ထိ ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။ သက်ဆင်ဟာ အစောပိုင်းတုန်းက ဇူလိုင်လထဲမှာ ထိုင်းနိုင်ငံ ပြန်လာဖြစ်လောက်တယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ ဩဂုတ် ၁၀ ရက်ကို ရက်ရွှေ့သွားတာ ဖြစ်ပါတယ်။

(သက်ဆင်နှင့် သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာ။ ဓါတ်ပုံ- ပေတွန်တန် ရှီနာဝပ်ထရာ​ဖေစ်ဘွခ်)
(သက်ဆင်နှင့် သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာ။ ဓါတ်ပုံ- ပေတွန်တန် ရှီနာဝပ်ထရာ​ဖေစ်ဘွခ်)

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ဩဂုတ် ၁၀ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ သမီးဖြစ်သူက အတည်ပြု ပြောကြားလိုက်ပါတယ်။

သက်ဆင်ဟာ မျက်ကွယ်မှာ တရားရုံး စီရင်ချက်တွေ၊ စွဲချက်တွေနဲ့ ရင်ဆိုင်ထားရသူ ဖြစ်တာကြောင့် တစ်နည်းအားဖြင့် သူပြန်လာတဲ့အခါ ထိုင်းမှာ ထောင်ဒဏ်ချမှတ် ခံရနိုင်တဲ့ အခြေအနေမျိုးတွေ ကြုံလာနိုင်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားနေဆဲဖြစ်တဲ့ သက်ဆင်ရဲ့ အပြန်ခရီးကြောင့် ရှိရင်းစွဲ ထိုင်းနိုင်ငံရေး အရှုူပ်အထွေးတွေ ပိုရှည်ကြာသွားတဲ့ ဂယက်မျိုးလည်း ရိုက်ခတ်လာနိုင်ပါတယ်။

မေလလယ်တုန်းက ရွေးကောက်ပွဲမှာ ထောက်ခံမဲ ဒုတိယ အများဆုံး ရခဲ့ပြီး အခုအခါ ညွန့်ပေါင်း အစိုးရ တစ်ခုကို ဦးဆောင် ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက “ဒွန်မောင်းလေဆိပ်ကို ဩဂုတ် ၁၀ ရက်မှာ ဖေဖေ ပြန်လာမယ်”လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

သူ့ရဲ့ ဖခင်ဟာ ၂၀၂၂ နှစ်ဆန်းပိုင်း ကတည်းက ထိုင်းနိုင်ငံ ပြန်လာရေး ကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေး ပြောဆိုနေခဲ့ကြောင်းလည်း ပေတွန်တန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ ဘီလီယံနာ သူဌေးကြီးဟာ ထိုင်းက အလုပ်သမား လူတန်းစားတွေနဲ့ ကျေးလက်ဧရိယာတွေမှာ ထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ စစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သက်ဆင်ဟာ ပြည်ပမှာပဲ အခြေစိုက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တုန်းက ချမှတ်ခံခဲ့ရတဲ့ အဂတိ လိုက်စားမှု ပြစ်ဒဏ်ကို ရှောင်လွှဲနေခဲ့ပါတယ်။

သက်ဆင်ဟာ တရားရုံးချုပ်ရဲ့ စီရင်ချက်အရ စွဲချက်တချို့အတွက် အမြင့်ဆုံး ထောင် ၁၀ နှစ်ထိ ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။ သက်ဆင်ဟာ အစောပိုင်းတုန်းက ဇူလိုင်လထဲမှာ ထိုင်းနိုင်ငံ ပြန်လာဖြစ်လောက်တယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ ဩဂုတ် ၁၀ ရက်ကို ရက်ရွှေ့သွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...