Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားက စာသင်ကျောင်းတစ်ခုမှာ စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေ ထောင်နဲ့ချီ ရှာတွေ့

ကျောင်းဝင်းထဲမှာ ပြည်တွင်းစစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ ရှာတွေ့ခဲ့တဲ့နောက် ကျောင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေ မပြီးမချင်း ကျောင်းမလာကြဖို့ ကျောင်းသူကျောင်းသားတွေကို ညွှန်ကြားထားခဲ့ပါတယ်။

ကမ္ဘောဒီးယားက စာသင်ကျောင်းတစ်ခုမှာ စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေ ထောင်နဲ့ချီ ရှာတွေ့
ကမ္ဘောဒီးယားက စာသင်ကျောင်းတစ်ခုမှာ စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေ ထောင်နဲ့ချီ ရှာတွေ့

ပြည်တွင်းစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက် အဟောင်းတွေ အမြောက်အမြား တူးဖော် တွေ့ရှိခဲ့တဲ့နောက် ကမ္ဘောဒီးယား နိုင်ငံက ကျောင်းတစ်ကျောင်းကို အရေးပေါ် ယာယီ ပိတ်ထားလိုက်ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဖက်စွန်းမှာရှိတဲ့ ခရာတီ ခရိုင်ထဲက ဘုရင်မကြီး ကော့ဆာမက်ခ် အထက်တန်း ကျောင်းရဲ့ ပန်းဥယျာဉ်ကို ချဲ့ထွင်ဖို့ မြေကြီးတူးဖော် ရှင်းလင်းမှုတွေ လုပ်ဆောင်ချိန်မှာ ဗုံးသီးတွေ၊ လက်ပစ်ဗုံးတွေနဲ့ တင့်ကားဖျက် လောင်ချာထိပ်ဖူးတွေ အပါအဝင် စစ်လက်နက် အပိုင်းအစ ၂၁၁၆ ခုထက် မနည်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ၃ ရက်အတွင်း အဲဒီ ပမာဏလောက် ရှာတွေ့ထားတာဖြစ်ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း နောက်ထပ် မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ ထပ်မံ တွေ့ရှိလာဦးမယ်လို့ ယုံကြည်ရပါတယ်။

သံချေးတွေတောင် တက်နေပြီဖြစ်တဲ့ အဲဒီ ပစ္စည်းတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ပေါ်ပေါက်ခဲ့တဲ့ ရက်စက် ကြမ်းတမ်းလှတဲ့ ပြည်တွင်းစစ်တုန်းက ကြွင်းကျန်နေခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ စစ်လက်နက် အဟောင်းတွေ ရှာတွေ့တဲ့ ကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်က စစ်စခန်း တစ်ခုရဲ့နေရာ ဖြစ်ခဲ့ဖူးပါတယ်။

ကျောင်းဝင်းထဲမှာ ပြည်တွင်းစစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ ရှာတွေ့ခဲ့တဲ့နောက် ကျောင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေ မပြီးမချင်း ကျောင်းမလာကြဖို့ ကျောင်းသူကျောင်းသားတွေကို ညွှန်ကြားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းနားက မြေကြီးအောက်မှာ အခုလို မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေ တပြုံတမ ရှိနေတာ အသည်းအေးစရာ ကောင်းလွန်းကြောင်း၊ ဒီပစ္စည်းတွေသာ တစုတဝေးကြီး ထပေါက်ခဲ့မယ်ဆိုရင် ထိခိုက်သေကြေမှု အတိုင်းအတာ ဘယ်လောက် ရှိမလဲဆိုတာ တွေးတောင် မတွေးရဲကြောင်း ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

ကမ္ဘောဒီးယားဟာ ပြည်တွင်းစစ်ရဲ့ ဆိုးမွေကြောင့် ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ တခြား ကြွင်းကျန် စစ်လက်နက်တွေ အများဆုံး ပျံ့နှံ့နေဆဲ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ စစ်ပွဲအပြီး ၄ နှစ်အကြာ ၁၉၇၉ ခုနှစ်ကနေ စတင်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်လက်ကျန် မြေမြှုပ်မိုင်းတွေကြောင့် ကမ္ဘောဒီးယားမှာ လူပေါင်း ၆၄၀၀၀ ကျော် သေဆုံးပြီး ၂၅၀၀၀ ကျော် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားတဲ့ ဘဝမျိုး ရောက်ခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရကတော့ အဲဒီ ကြွင်းကျန် စစ်လက်နက်တွေနဲ့ မိုင်းတွေကို ၂၀၂၅ ခုနှစ်မှာ အပြီး ရှင်းလင်းသွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook