Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ အဖမ်းခံရရင်တောင် အံ့ဩမိမှာ မဟုတ်ကြောင်း ထရမ့်ပြော

အမှုတွေ ပွေနေပေမယ့်လည်း ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီထဲမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ စိတ်မကျေပွဲ နွှဲရဖို့ အလားအလာ အကောင်းဆုံးအဖြစ် ရေပန်းစားနေပါတယ်။

အခုသီတင်းပတ်ထဲမှာ အဖမ်းခံရရင်တောင် အံ့ဩမိမှာ မဟုတ်ကြောင်း ထရမ့်ပြော
အခုသီတင်းပတ်ထဲမှာ အဖမ်းခံရရင်တောင် အံ့ဩမိမှာ မဟုတ်ကြောင်း ထရမ့်ပြော

သူ့ကိုယ်သူ အဖမ်းခံရမယ်လို့ တွက်ဆထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကို စွက်ဖက်မှုအတွက် စွဲချက်တင်ခံရမယ့် အခြေအနေမှာ သူ့ကို စောင့်ကြို ဖမ်းဆီးထားမယ် ဆိုရင်တောင် အံ့ဩမှာ မဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။

ဂျော်ဂျီယာ ပြည်နယ်က အတ္တလန္တာမြို့မှာ တရားသူကြီး တစ်ဦးက ထရမ့်အပေါ် တင်ထားတဲ့ စွဲချက်တွေကို ကနဦး စစ်ဆေးခဲ့တဲ့နောက် ဒေါ်လာ ၂ သိန်းတန် အာမခံ ခွင့်ပြုပေးထားခဲ့ပါတယ်။ အဲဒီ အာမခံအရ ထရမ့်ဟာ မျက်မြင်သက်သေတွေကို ခြိမ်းခြောက်တာ၊ ရန်လိုတာမျိုး မရှိဘူးဆိုရင် တရားစီရင် ဆုံးဖြတ်နေတဲ့ ကာလတလျှောက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရနေမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ ဆူပူရမ်းကားအောင် လှုံ့ဆော်ခဲ့တယ်၊ ကြေညာချက် အမှားတွေ ထုတ်ပြန်ခဲ့တယ် ဆိုတာတွေ အပါအဝင် စွဲချက် ၁၃ ခု စလုံးကို ငြင်းဆိုထားပါတယ်။ အာမခံ ကာလအတွင်း သက်သေတွေကို ထိပါး ခြိမ်းခြောက်မှု မပြုဖို့ သဘောတူညီချက်ကိုတော့ ဖူလ်တွန်ကောင်တီခရိုင် ရှေ့နေချုပ် ဖာနီ ဝီလီစ်နဲ့ ထရမ့်ရဲ့ ဥပဒေ အကျိုးဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ဩဂုတ် ၂၄ ရက်ကျရင် အတ္တလန္တာမြို့ကို သွားရောက်တဲ့အခါ အာဏာပိုင်တွေက မဖမ်းပါဘူးလို့ ဘယ်လိုမှ ခိုင်ခိုင်မာမာ အာမခံချက် မရှိဘူးလို့ ပြောပါတယ်။ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က ရေးသားထားရာမှာ သူဟာ အတ္တလန္တာကို ကြာသပတေးနေ့ကျရင် သွားရောက်မှာဖြစ်ပြီး အဲဒီကျရင် လက်ဝဲဝါဒီ စစ်စစ်ဖြစ်တဲ့ ဝီလီစ်ကလည်း သူ့ကို ဖမ်းမှာပဲဖြစ်ကြောင်း၊ ဝီလီစ်ဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ဖိနှိပ်ဖို့ အစဉ်တစိုက် အားထုတ်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒီကိစ္စဟာ (သမ္မတ) ဂျိုးဘိုင်ဒန် လက်အောက်ခံ တရားရေး ဝန်ကြီးဌာနရဲ့ လုပ်ကြံ ဖန်တီးမှု တစ်ခုလို့လည်း သတ်မှတ်နိုင်ကြောင်း စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဝီလီစ်က စွပ်စွဲခံ ပုဂ္ဂိုလ် (ထရမ့်)အပေါ် စွဲချက်တင်ဖို့ သင့်မသင့် တရားဝင် ကြားနာမှုတွေ စတင်စေပြီး တရားဝင် စွဲချက်တင်မလား ဆိုတာကို စက်တင်ဘာလလောက်မှာ ဆုံးဖြတ်ပေးဖို့ တရားသူကြီးဆီ လျှောက်ထား တောင်းဆိုထားပါတယ်။ တကယ်လို့ စွဲချက်တင်ဖြစ်ရင် မတ်လလောက်မှာ တရားခွင် စတင်ဖို့ပါ သူက အဆိုပြုထားပါတယ်။

ထရမ့်ကတော့ အမေရိကန် သမိုင်းမှာ လက်ရှိရာထူး ယူထားချိန်၊ ဒါမှမဟုတ် ရာထူးစွန့်ပြီးချိန်မှာ သံသယ တရားခံ အနေနဲ့ တရားရုံး ရောက်ရတဲ့ ပထမဆုံး သမ္မတအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူဟာ လက်ရှိ အမှုအပြင် နောက်ထပ် ကွဲပြားတဲ့ ရာဇဝတ်မှု စွဲချက် ၃ ခုကိုလည်း ရင်ဆိုင်နေရဆဲပါ။ ထရမ့်ကတော့ ဒီစွဲချက်တွေ အားလုံးဟာ အခြေအမြစ် လုံးဝမရှိဘဲ သူ့ကို အာဏာရ ဒီမိုကရက်တစ် ပါတီက နိုင်ငံရေးအရ ထိုးနှက်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အမှုတွေ ပွေနေပေမယ့်လည်း ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီထဲမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ စိတ်မကျေပွဲ နွှဲရဖို့ အလားအလာ အကောင်းဆုံးအဖြစ် ရေပန်းစားနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ရီပတ်ဘလစ်ကန် ပါတီထဲက သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရ ဒီဆန်းတစ်ဟာ အလှူရှင်တွေဆီ ကိုယ်တိုင် ဖုန်းဆက်ပြီး သူ့အနေနဲ့ နိုင်ခြေ မရှိသေးဘူး ဆိုတာနဲ့ စောစောစီးစီး လက်လျှော့သင့်နေပြီ ဆိုတာကို နားလည် လက်ခံထားကြောင်း အသိပေး ပြောပြခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ဝါရင့် လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ မစ်ရွမ်နေးက လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရော၊ အဓိက စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပါ ဝင်မပြိုင်သင့်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘိုင်ဒန်ရော၊ ထရမ့်ပါ သမ္မတအဖြစ် ၄ နှစ်စီ...

နိုင်ငံတကာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို...