Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို စစ်သည်တွေ ပို့ဆောင်ရေး လတ်တလော မဖြစ်နိုင်သေးဘူးလို့ ဗြိတိန် ဝန်ကြီးချုပ်ပြော

ရှပ်စ်ဟာ Telegraphနဲ့ အင်တာဗျူးမှာ ဗြိတိန်ရဲ့ BAE Systemsလို ကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီးတွေက ယူကရိန်းမှာ လက်နက်စက်ရုံတွေ တည်ဖို့ ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

ယူကရိန်းကို စစ်သည်တွေ ပို့ဆောင်ရေး လတ်တလော မဖြစ်နိုင်သေးဘူးလို့ ဗြိတိန် ဝန်ကြီးချုပ်ပြော
ယူကရိန်းကို စစ်သည်တွေ ပို့ဆောင်ရေး လတ်တလော မဖြစ်နိုင်သေးဘူးလို့ ဗြိတိန် ဝန်ကြီးချုပ်ပြော

ယူကရိန်းမှာ လေ့ကျင့် သင်တန်းပေးဖို့ ဗြိတိန် စစ်သည်တွေ စေလွှတ်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က ငြင်းပယ်သွားခဲ့ပါတယ်။

နောင်တစ်ချိန်မှာ ဒီကိစ္စ အထမြောက်တာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် လတ်တလောမှာတော့ ယူကရိန်းကို ဗြိတိန် စစ်သည်တွေ သွားရောက်မှာ မဟုတ်ဘူးလို့ ဆူနက်ခ်က ဆိုပါတယ်။ ဒါဟာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက ဝန်ကြီးချုပ် ဆူနက်ခ်ဟာ ယူကရိန်း တပ်တွေကို လေ့ကျင့်ပေးဖို့ စစ်သည်တွေ စေလွှတ်ပေးနိုင်ရေး အလေးအနက် စဉ်းစားနေဟန် ရှိတယ်လို့ အစောပိုင်းက မှတ်ချက် ပေးခဲ့တာကို ပယ်ဖျက်လိုက်တဲ့ သဘောပါပဲ။

လတ်တလောမှာတော့ ဗြိတိန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်း စစ်သည်တွေကို လက်ခံ လေ့ကျင့်ပေးနေတာမျိုး ရှိပေမယ့် ယူကရိန်း ပိုင်နက်ထဲထိ တပ်ဖွဲ့ဝင်တွေ စေလွှတ်တာမျိုးကိုတော့ ရှောင်ကြဉ်ကြပါတယ်။ ဒါဟာ ရုရှားနဲ့ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခမျိုးတွေ ကြုံလာနိုင်ခြေကို လျှော့ချဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကမှ ရာထူးလက်ခံ ရယူခဲ့သူ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့် ရှပ်စ်က Telegraphနဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ် ဆူနက်ခ်က စစ်ဘက် လေ့ကျင့်ရေး အရာရှိတွေကို ယူကရိန်းနိုင်ငံဆီ စေလွှတ်သွားဖို့ စဉ်းစားနေကြောင်း မကြာသေးခင်က မှတ်ချက်ပေးခဲ့ပြီး အဲဒီကိစ္စကို ဆူနက်ခ်က ပြန်ငြင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး ပြောခဲ့တဲ့ စကားဟာ အနာဂတ် တစ်ချိန်ချိန်မှာ ဗြိတိန် တပ်တွေက ယူကရိန်း ပိုင်နက်ထဲ သွားရောက်ပြီး ယူကရိန်း စစ်သည်တွေကို လေ့ကျင့် သင်တန်းပေးတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့သာ ဆိုလိုကြောင်း၊ လတ်တလောမှာတော့ ဒီကိစ္စက အကောင်အထည် ပေါ်လာမှာ မဟုတ်သေးဘဲ ရေရှည်အတွက် အလားအလာ တစ်ခု အနေနဲ့သာ သတ်မှတ်ထားသင့်ကြောင်း၊ လက်ရှိ ပဋိပက္ခမှာ ဗြိတိန် စစ်သားတွေလည်း ဝင်ရောက်တိုက်ခိုက်မှာ မဟုတ်ကြောင်း ဆူနက်ခ်က ပြောကြားသွားပါတယ်။

ရှပ်စ်ဟာ Telegraphနဲ့ အင်တာဗျူးမှာ ဗြိတိန်ရဲ့ BAE Systemsလို ကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီးတွေက ယူကရိန်းမှာ လက်နက်စက်ရုံတွေ တည်ဖို့ ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။