Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်

ဂါဇာမှာ အစ္စရေးက ထိုးစစ်ဆင်နေသလို အစ္စရေး နယ်စပ် မြို့ရွာတွေမှာလည်း ဟားမားစ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် လေကြောင်း အချက်ပေး ဥဩသံတွေ ဆူဆူညံညံ ထွက်ပေါ်သွားခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်
ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်

အပစ်အခတ် ရပ်စဲမှု သဘောတူကာလ သက်တမ်း ကုန်ဆုံးသွားပြီးတာနဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်လာပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ အစ္စရေး တိုက်လေယာဉ်တွေဟာ ဟားမားစ် စစ်ရေးပစ်မှတ်တွေကို အပြင်းအထန် ဗုံးကြဲခြင်းနဲ့အတူ စစ်ပွဲကို တကျော့ပြန် အသက်သွင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေး လေယာဉ်တွေကလည်း ဂါဇာတောင်ပိုင်းမှာ လက်ကမ်းစာစောင်တွေ ကြဲချပြီး ဒေသခံတွေကို ကြိုတင် တိမ်းရှောင်ဖို့ သတိပေးထားပါတယ်။

အစ္စရေး စစ်တပ်ဟာ ဂါဇာမြောက်ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားပြီးတဲ့နောက် တောင်ပိုင်းကိုပါ စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့ စိုင်းပြင်းနေတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ၊ သုံ့ပန်းတွေကို လဲလှယ်ဖို့အတွက် ၄ ရက်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာက နောက်ထပ် ၃ ရက် ထပ်တိုးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အစောပိုင်းကတည်းက အဲဒီ အပစ်အခတ် ရပ်စဲရေး ကာလဟာ ယာယီသာဖြစ်ပြီး တိုက်ပွဲတွေ ပြန်စလာမယ်လို့ နှစ်ဖက်စလုံးက ကြေညာထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ အစ္စရေးက ထိုးစစ်ဆင်နေသလို အစ္စရေး နယ်စပ် မြို့ရွာတွေမှာလည်း ဟားမားစ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် လေကြောင်း အချက်ပေး ဥဩသံတွေ ဆူဆူညံညံ ထွက်ပေါ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲအတွင်း အစ္စရေးဖက်က ၁၂၀၀ ကျော်နဲ့ ပါလက်စတိုင်း ၁၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲတဲ့ ကာလအတွင်း သုံ့ပန်းနဲ့ ဓားစာခံတွေ လဲလှယ်ခဲ့ပေမယ့်လည်း ဟားမားစ်တွေ လက်ထဲမှာ လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရသူ ၁၄၀ ဝန်းကျင်လောက် ကျန်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။