Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်

ဂါဇာမှာ အစ္စရေးက ထိုးစစ်ဆင်နေသလို အစ္စရေး နယ်စပ် မြို့ရွာတွေမှာလည်း ဟားမားစ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် လေကြောင်း အချက်ပေး ဥဩသံတွေ ဆူဆူညံညံ ထွက်ပေါ်သွားခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်
ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ ပြီးဆုံးပြီး တိုက်ပွဲတွေ ပြန်လည်စတင်

အပစ်အခတ် ရပ်စဲမှု သဘောတူကာလ သက်တမ်း ကုန်ဆုံးသွားပြီးတာနဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်လာပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ အစ္စရေး တိုက်လေယာဉ်တွေဟာ ဟားမားစ် စစ်ရေးပစ်မှတ်တွေကို အပြင်းအထန် ဗုံးကြဲခြင်းနဲ့အတူ စစ်ပွဲကို တကျော့ပြန် အသက်သွင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေး လေယာဉ်တွေကလည်း ဂါဇာတောင်ပိုင်းမှာ လက်ကမ်းစာစောင်တွေ ကြဲချပြီး ဒေသခံတွေကို ကြိုတင် တိမ်းရှောင်ဖို့ သတိပေးထားပါတယ်။

အစ္စရေး စစ်တပ်ဟာ ဂါဇာမြောက်ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားပြီးတဲ့နောက် တောင်ပိုင်းကိုပါ စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့ စိုင်းပြင်းနေတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ၊ သုံ့ပန်းတွေကို လဲလှယ်ဖို့အတွက် ၄ ရက်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာက နောက်ထပ် ၃ ရက် ထပ်တိုးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အစောပိုင်းကတည်းက အဲဒီ အပစ်အခတ် ရပ်စဲရေး ကာလဟာ ယာယီသာဖြစ်ပြီး တိုက်ပွဲတွေ ပြန်စလာမယ်လို့ နှစ်ဖက်စလုံးက ကြေညာထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ အစ္စရေးက ထိုးစစ်ဆင်နေသလို အစ္စရေး နယ်စပ် မြို့ရွာတွေမှာလည်း ဟားမားစ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် လေကြောင်း အချက်ပေး ဥဩသံတွေ ဆူဆူညံညံ ထွက်ပေါ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲအတွင်း အစ္စရေးဖက်က ၁၂၀၀ ကျော်နဲ့ ပါလက်စတိုင်း ၁၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲတဲ့ ကာလအတွင်း သုံ့ပန်းနဲ့ ဓားစာခံတွေ လဲလှယ်ခဲ့ပေမယ့်လည်း ဟားမားစ်တွေ လက်ထဲမှာ လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရသူ ၁၄၀ ဝန်းကျင်လောက် ကျန်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။