Connect with us

Hi, what are you looking for?

သတင်း

စစ်သားနဲ့မိသားစုတွေကို လေယာဉ်နဲ့ ပြန်ခေါ်မယ့် အစီအစဉ် စစ်ကောင်စီက အ​ကြောင်းပြချက်မ​ပေးပဲ ရပ်ဆိုင်း​ကြောင်း ထိုင်းအစိုးရအတည်ပြု

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်

▪︎​​လေယာဥ် ၃ ​ခေါက်ပျံသန်းရန်စီစဥ်ခဲ့ပြီးပထမတစ်​ခေါက်​ငွေများသယ်​ဆောင်ပြီး​နောက်ရပ်ဆိုင်းခြင်းဖြစ်

People’s Spring

မြဝတီကနေ တိမ်းရှောင်လာမယ့် စစ်​ကောင်စီတပ် အရာရှိတွေနဲ့ မိသားစုဝင်တွေကို လေကြောင်းကနေ ပြန်လည် ခေါ်ဆောင်နေတဲ့ ကိစ္စကို အာဏာသိမ်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်က အတည်ပြု​ပြောကြားပါတယ် ။

မူလက ခရီးစဉ် သုံးခေါက်ထဲဆွဲမယ်လို့ သ​ဘောတူခဲ့​ပေမယ့် တစ်ခေါက်ပြီးတာနဲ့ ရပ်နားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် စစ်ကောင်စီဘက်က ဘာအကြောင်းပြချက်မှ မပေးခဲ့ဘူးလို့ ဒီက​နေ့ (ဧပြီ ၈ ရက်)မှာ သာနာဝပ် ဆီရီကူလ်က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaoaod English က​ဖော်ပြပါတယ် ။

မူလက စစ်ကောင်စီရဲ့ မေတ္တာရပ်ခံချက်ကြောင့် ထိုင်းအစိုးရဟာ တက်ခ်ခရိုင်မှာရှိတဲ့ မဲဆောက်မြို့ကို မြန်မာစစ်တပ် စေလွှတ်တဲ့ MNA လေယာဉ်တွေ သုံးရက်ဆက် ဆင်းသက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီကနေ တိမ်းရှောင်လာတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေကို လေယာဉ်ခရီးစဉ် တစ်သုတ်ချင်းစီနဲ့ ပြန်ခေါ်ထုတ်ဖို့ပါ။

Public Service Announcement

Public Service Announcement

ထိုင်းက လူသားချင်း စာနာမှု ရှုထောင့်ကနေ ချဉ်းကပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ် ခရီးစဉ် သုံးခေါက်ကို ခွင့်ပြုပေးခဲ့ပေမယ့် ပထမတစ်ခေါက် အပြီးမှာတင် မြန်မာဖက်က ဒုတိယ နှစ်သုတ် ပျံသန်းစေမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အစောပိုင်း ကြေညာချက်တုန်းက ထိုင်းအစိုးရဟာ လက်နက်တွေ သယ်ယူခွင့် မပြုဘဲ လူသားချင်း စာနာမှု ရှုထောင့်ကနေ စီစဉ်ပေးတဲ့ ခရီးစဉ် သုံးခုအတွက် လက်ခံပေးခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ရဲ့ ပထမအသုတ် ခရီးစဉ်အဖြစ် ဧပြီ ၇ ရက် ညပိုင်းက မဲဆောက်မှာ စစ်​ကောင်စီစေလွှတ်တဲ့ ATR လေယာဉ် ဟာ ၈ နာရီ ၄၀ မှာ ဆင်းသက်ခဲ့ပြီး ၁၀ နာရီမှာပြန်သွားကြောင်းလည်း သိရပါတယ်။

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

(ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်/ မဲ​ဆောက်သို့ ဧပြီ ၇ ရက်ည တွင်လာ၍ ​လူပုဂ္ဂိုလ် ၂၀ နှင့် ​ငွေများသယ်​၍ပြန်သွား​သော MNA ​လေယာဥ်။ဓါတ်ပုံ- Khaoaod English ၊ Thai PBS ၊ YM’ FB)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။