Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးကောလိပ် ဝင်ခွင့် စာမေးပွဲမှာ မူမှန်မဟုတ်တဲ့ ရလဒ်တွေကြောင့် အိန္ဒိယ စာစစ်ဌာနမှူး ထုတ်ပယ်ခံရ

NTA အကြီးအကဲ ဆင်းက အခုအခါ ရာထူးက ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်သလို PhD စာမေးပွဲ တစ်ခုကလည်း မေးခွန်းစာရွက်ဟာ dark webထဲမှာ ကြိုတင် ပေါက်ကြားနေတာကြောင့် စာမေးပွဲကို လတ်တလော ပယ်ဖျက်ထားလိုက်ရပါတယ်။

ဆေးကောလိပ် ဝင်ခွင့် စာမေးပွဲမှာ မူမှန်မဟုတ်တဲ့ ရလဒ်တွေကြောင့် အိန္ဒိယ စာစစ်ဌာနမှူး ထုတ်ပယ်ခံရ
ဆေးကောလိပ် ဝင်ခွင့် စာမေးပွဲမှာ မူမှန်မဟုတ်တဲ့ ရလဒ်တွေကြောင့် အိန္ဒိယ စာစစ်ဌာနမှူး ထုတ်ပယ်ခံရ

ဆေးကောလိပ် ဝင်ခွင့် စာမေးပွဲ ရမှတ်တွေမှာ မူမမှန်မှုတွေ ရှိနေကြောင်း စွပ်စွဲချက်တွေကြောင့် သက်ဆိုင်ရာ စာမေးပွဲ စစ်ဆေးမှုဌာန အကြီးအကဲ ရာထူးက ထုတ်ပယ် ခံလိုက်ရပါတယ်။

အိန္ဒိယရဲ့ အမျိုးသား စာစစ်ဌာန (NTA)ရဲ့ အကြီးအကဲ ဆူဘိုဒ် ကူမာ ဆင်းဟာ အခုကိစ္စနဲ့ ဆက်စပ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံခဲ့ရတဲ့နောက် ဇွန်လ ၂၂ ရက်နေ့မှာ ရာထူးကနေ ဖယ်ရှား ခံလိုက်ရတာ ဖြစ်ပါတယ်။ အစိုးရက ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အဲဒီစာမေးပွဲကို ပိုပြီး တိကျ အားကောင်းတဲ့ အစီအမံတွေနဲ့ စစ်ဆေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

NEETလို့ ခေါ်ဝေါ်တဲ့ စာမေးပွဲဟာ အိန္ဒိယမှာ ဆေးကောလိပ်နဲ့ ဆေးတက္ကသိုလ်တွေ တက်ရောက်ခွင့်အတွက် မဖြစ်မနေ ဝင်ဖြေရတဲ့ ဝင်ခွင့် စာမေးပွဲ ဖြစ်ပါတယ်။ လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံပြီး ဆေးကောလိပ်နဲ့ ဆေးတက္ကသိုလ်တွေ တက်ခွင့်ရတာ ဖြစ်တဲ့အတွက် စာမေးပွဲ ဖြေဆိုသူတွေကြား ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်ပါတယ်။

အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာတော့ ထောင်နဲ့ချီတဲ့ ဖြေဆိုသူတွေဟာ မဖြစ်နိုင်သလောက် အမှတ်တွေ အရမ်းကောင်းနေခဲ့တာကြောင့် အမှတ်ပေးပုံမှာ မရိုးဖြောင့်တာတွေ၊ ဒါမှမဟုတ် ခိုးချတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတာပါ။

Public Service Announcement

Public Service Announcement

ဇွန်လ ၄ ရက်နေ့ အောင်စာရင်းတွေ ထုတ်ပြန်တဲ့အခါ ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် စံချိန်တင် မြင့်မားတဲ့ အမှတ်တွေ ရရှိထားသူတွေပါ ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကစလို့ စာမေးပွဲနဲ့ ပတ်သက်တဲ့ သံသယ မေးခွန်းတွေ စတင် ထွက်ပေါ်လာပြီး အိန္ဒိယ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရက်ဒ်ဟန်က တချို့ မူမမှန်တဲ့ ကိစ္စတွေကို စတင် စုံစမ်း သိရှိထားပြီလို့ ဝန်ခံခဲ့ပါတယ်။

NTA အကြီးအကဲ ဆင်းက အခုအခါ ရာထူးက ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်သလို PhD စာမေးပွဲ တစ်ခုကလည်း မေးခွန်းစာရွက်ဟာ dark webထဲမှာ ကြိုတင် ပေါက်ကြားနေတာကြောင့် စာမေးပွဲကို လတ်တလော ပယ်ဖျက်ထားလိုက်ရပါတယ်။

ပညာရေး စနစ်မှာ မရိုးဖြောင့်မှုတွေနဲ့ ဟာကွက်တွေ ဖြစ်ပေါ်နေတာကို အတိုက်အခံ ပါတီတွေနဲ့ ကျောင်းသား သမဂ္ဂတွေက နိုင်ငံအနှံ့မှာ ဆန္ဒပြခဲ့တာကြောင့်လည်း ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ဦးဆောင်တဲ့ အိန္ဒိယ အစိုးရအတွက် ထိရောက် အားကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်ဖော်ဖို့ ဖိအားတွေနဲ့ ကြုံနေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။