Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ပြင်သစ်မှာ တိုက်လေယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိ၊ လေယာဉ်မှူး နှစ်ဦးသေ

ပြင်သစ်နိုင်ငံမှာ တိုက်လေယာဉ်နှစ်စီး လေထဲ တိုက်မိရာက လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံမှာ တိုက်လေယာဉ်နှစ်စီး လေထဲ တိုက်မိရာက လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ရဲ့ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားတွေထဲမှာ ပါဝင်တဲ့ Rafale နှစ်စီးဟာ ဩဂုတ် ၁၄ ရက်နေ့က နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်တစီးပေါ်မှာ တစ်ဦးတည်း မောင်းနှင်လာတဲ့ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် တခြားလေယာဉ်ရဲ့ လေယာဉ်မှူးနဲ့ အမောင်းသင် လေယာဉ်မှူးတို့ကတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ သူတို့နှစ်ဦး ပျောက်ဆုံးနေလို့ လေတပ်က အပူတပြင်း ဖြန့်ကျက် ရှာဖွေခဲ့ပေမယ့် အဆုံးမှာတော့ ဗိုလ်ကြီး ဆီဘက်ရှန် မာဘီရီနဲ့ ဗိုလ်လေး မက်သီးရက်စ် လော်ရန်စ်တို့ဟာ လေကြောင်း မတော်တဆမှုကြောင့် သေဆုံးခဲ့တယ် ဆိုတာကို ဝမ်းနည်းဖွယ်ရာ အတည်ပြုနိုင်ခဲ့ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုလွမ်ဘီလက်စ်ဘဲလက်စ် မြို့ပေါ်မှာ လေယာဉ်နှစ်စီး တိုက်မိခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လတ်တလောမှာတော့ စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ မာခရွန်က ဆိုပါတယ်။

Rafaleတွေဟာ ဘက်စုံသုံး အဆင့်မြင့် တိုက်လေယာဉ် အမျိုးအစားတွေဖြစ်ပြီး လုံခြုံရေး စံနှုန်းတွေ ကောင်းမွန်တာကြောင့် မတော်တဆ ဖြစ်ရပ်တွေ ကြုံတွေ့မှု အရမ်းရှားပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလတုန်းက ပြင်သစ် အနောာက်တောင်ပိုင်းမှာ ရာဖေးလ်တစ်စီး ပထမဆုံး ပျက်ကျဖူးပြီး လေယာဉ်မှူးရဲ့ လမ်းကြောင်းမှားမှုကြောင့်လို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတုန်းကတော့ စမ်းသပ်ပျံသန်းမှုအပြီး ပြင်သစ်ရဲ့ လေယာဉ်တင်သင်္ဘော Charles de Gaulle ဆီ ပျံသန်းလာတဲ့ Rafale နှစ်စီး ပြဿနာပေါ်ပြီး ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြင်သစ်ဟာ အဲဒီ တိုက်လေယာဉ်တွေကို အီဂျစ်၊ အိန္ဒိယ၊ ဂရိ၊ အင်ဒိုနီးရှား၊ ခရိုအေးရှား၊ ကာတာနဲ့ ယူအေအီး နိုင်ငံတွေဆီကိုလည်း တင်ပို့ရောင်းချထားပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။