Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စစ်လေယာဉ်ရဲ့ လေပိုင်နက် ကျူးကျော်မှုကို ဂျပန် အပြင်းအထန် ကန့်ကွက်

တရုတ် စစ်လေယာဉ် တစ်စီးဟာ ဂျပန် လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

တရုတ် စစ်လေယာဉ် တစ်စီးဟာ ဂျပန် လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

တရုတ်ရဲ့ Y-9 အမျိုးအစား ကင်းထောက် လေယာဉ်ဟာ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ဂျပန်ပိုင် ဒွန်ဂျို ကျွန်းစုရဲ့ လေပိုင်နက်ထဲကို ၂ မိနစ်လောက် ဖြတ်ပျံခဲ့တယ်လို့ ဂျပန် ပြည်စောင့်တပ်က ပြောပါတယ်။

အဲဒီအတွက် ပြည်စောင့်တပ်ရဲ့ တိုက်လေယာဉ်တွေဟာ အရေးပေါ် ပျံတက်သွားပြီး အခြေအနေကို စောင့်ကြည့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ဂျပန် လေပိုင်နက်ထဲကို တရုတ် စစ်လေယာဉ်တစ်စီး ကျူးကျော် ပျံသန်းတဲ့ ပထမဆုံး ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ တိုကျိုမြို့မှာရှိတဲ့ တရုတ်သံရုံးဆီ ချက်ချင်း ဆက်သွယ် ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ အာရှ အရှေ့ပိုင်း ရေပြင်မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေကို ယှဉ်ပြိုင်ဖို့ အားထုတ်မှုတွေ အရှိန်မြှင့်တင်လာပြီး ဒေသတွင်း တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အခုကိစ္စမျိုး ကြုံတွေ့လာတာပါ။

တရုတ်ကတော့ ဂျပန် လေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ဂျပန် တိုက်လေယာဉ်တွေဟာ တရုတ် ကင်းထောက် လေယာဉ်ကို ဆက်သွယ် သတိပေးပြီး ထွက်ခွာစေခဲ့ကြောင်း၊ ဒီဖြစ်ရပ်မှာ မီးကျည်တွေ ကြဲချပြီး ခြိမ်းခြောက်တာမျိုး ကိစ္စတွေနဲ့ စစ်လက်နက်တွေ သုံးစွဲတာမျိုး မရှိခဲ့ကြောင်း ဂျပန်ဖက်က ထုတ်ပြန်ထားပါတယ်။

ဂျပန်ဟာ အရှေ့တရုတ် ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားနေရာ ဆန်ကာကူ ကျွန်းစု တဝိုက်မှာ တရုတ် ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ရဲ့ ပိုမို ဖြန့်ကျက် လှုပ်ရှားလာမှုကိုလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”