Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ အမြဲတမ်း စစ်အင်အား ၁.၂ သန်းထိ ချဲ့ထွင်ဖွဲ့စည်းဖို့ ပူတင် အမိန့်ပေး

နိုင်ငံရဲ့ စစ်အင်အားကို တစ်သန်းခွဲထိ ချဲ့ထွင် တိုးမြှင့်သွားဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

တစ်နည်းအားဖြင့် ရုရှားဟာ ရှိရင်းစွဲ စစ်အင်အားကို နောက်ထပ် တစ်သိန်း ရှစ်သောင်းလောက် ထပ်တိုးပြီး အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက်ကို တစ်သန်းခွဲထိ အသင့်အနေအထား ရှိစေမယ့် သဘောပါပဲ။

အမြဲတမ်း တပ်ဖွဲ့ဝင် တစ်သန်းခွဲ ရှိနေတဲ့ စစ်တပ်ဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယ အင်အား အတောင့်တင်းဆုံး ဖြစ်လာမှာပါ။

ပူတင်ရဲ့ ညွှန်ကြားချက် အမိန့်ကို စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ကရင်မလင် နန်းတော်ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ ပူတင်ဟာ အရန်တပ်တွေ အပါအဝင် နိုင်ငံရဲ့ စုစုပေါင်း လက်နက်ကိုင် အင်အားကို ၂.၃၈ သန်းထိ မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS)ရဲ့ အဆိုအရ ပူတင်ရဲ့ ရည်မှန်းချက် အင်အားအတိုင်း တပ်အင်အား ချဲ့ထွင်နိုင်မယ်ဆိုရင် ရုရှားဟာ အမေရိကန်နဲ့ အိန္ဒိယကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ စစ်သည်အင်အား အတောင့်ဆုံး နိုင်ငံ ဖြစ်လာမယ်လို့ ဆိုပါတယ်။ ထိပ်ဆုံးနေရာမှာတော့ အမြဲတမ်း တပ်အင်အား ၂ သန်း ကျော်ရှိတဲ့ တရုတ်ကပဲ ဦးဆောင်နေဆဲပါ။

အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ဒါဟာ ရုရှားက တပ်အင်အားကို တတိယ အကြိမ်မြောက် တိုးချဲ့ဖို့ ခြေလှမ်းပြင်လာခြင်းလည်း ဖြစ်ပါတယ်။ စစ်ပွဲမှာ ရုရှားရော၊ ယူကရိန်းပါ အမြဲတမ်း တပ်အင်အား အတော်များများ ပြုန်းတီးခဲ့ပေမယ့် နှစ်ဖက်စလုံးကတော့ ထိခိုက်ကျဆုံးမှု အသေးစိတ် အချကအလက်တွေကို မထုတ်ပြန်ပါဘူး။

ပူတင်ဟာ ၂၀၂၂ နောက်ပိုင်းမှာ စစ်သည် အင်အားကို တစ်သိန်းလေးသောင်းနီးပါးတစ်ကြိမ်၊ တစ်သိန်း ခုနစ်သောင်း တစ်ကြိမ် ချဲ့ထွင် စုဆောင်းဖို့ အမိန့်ပေးခဲ့ဖူးပြီး အခု တတိယ အကြိမ်မြောက်အဖြစ် တစ်သိန်း ရှစ်သောင်း ထပ်မံစုစည်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။