Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နယူးဇီလန် ရေတပ်ရဲ့ ရေယာဉ်တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံး

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရေတပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရကြောင်း နယူးဇီလန်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရေတပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရကြောင်း နယူးဇီလန်က အတည်ပြု ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တော်ဝင် နယူးဇီလန် ရေတပ်ရဲ့ သုတေသနနဲ့ ရေငုပ် စစ်ဆင်ရေးတွေကို ကိုင်တွယ် လုပ်ဆောင်ရာ HMNZS Manawanui သင်္ဘောဟာ ဆာမိုအာကမ်းလွန်၊ ယူပိုလာကျွန်းနားမှာ သန္တာကျောက်တန်း တစ်ခုကို စစ်ဆေးနေရင်း ပြဿနာကြုံပြီး သောင်တင်ခဲ့ပါတယ်။

အဲဒီနောက် ရေယာဉ်မှာ မီးစွဲလောင်ကျွမ်းခဲ့ပြီး နောက်ဆုံးတော့ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ သင်္ဘောက စတင် သောင်တင်ခဲ့တာဖြစ်ပြီး ရေယာဉ် အဖွဲ့သား ၅ ဦးစလုံးဟာ အောက်တိုဘာ ၆ ရက်နေ့ မနက် အစောပိုင်းတုန်းက အသက်ကယ်လှေတွေနဲ့ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

HMNZS Manawanui ဘာကြောင့် သောင်တင်ခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရေတပ်က ပြောပါတယ်။ ကနဦး အဆင့်မှာတော့ ပင်လယ်ပြင်မှာ လှိုင်းကြီးပြီး လေထန်နေတဲ့ ရာသီဥတုကြောင့် ပြဿနာ ကြုံခဲ့တာလို့ ယူဆထားပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဂျူဒစ်သ် ကောလင်းစ်က ရေတပ်အတွက် ကြေကွဲစရာ နေ့တစ်နေ့လို့ ရည်ညွှန်းခဲ့ပေမယ့် ရေယာဉ် အဖွဲ့သားအားလုံး အန္တရာယ် ကင်းလို့ ဝမ်းသာမိကြောင်း၊ အန္တရာယ် များလှတဲ့ အခြေအနေ တစ်ခုမှာ အဖွဲ့သားတွေက သူတို့ရဲ့ လေ့ကျင့်မှုတွေနဲ့ ရဲစွမ်းသတ္တိကို ပရော်ဖက်ရှင်နယ် ပီသစွာ ပြသနိုင်ခဲ့လို့လည်း အားလုံး ဘေးကင်းခဲ့တာလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

HMNZS Manawanuiဟာ ဒုတိယ ကမ္ဘာစစ်ကစလို့ ရေတပ် စစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးပြီး ရေတပ်သင်္ဘော တစ်စီးကို ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သမိုင်းတလျှောက် နယူးဇီလန် ရေတပ်ဟာ လူလုပ် သန္တာကျွန်းတုတွေ၊ ဒါမှမဟုတ် အပျော်တမ်း ရေငုပ်တဲ့ နေရာတွေ ဖန်တီးဖို့အတွက် ရေယာဉ်တချို့ကို ရည်ရွယ်ချက်ရှိရှိ နှစ်မြှုပ်ခဲ့တာတွေတော့ ရှိခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ရေတပ်ဟာ HMNZS Manawanuiကို ပြန်လည် ဆယ်ယူဖို့၊ သဘာဝ ပတ်ဝနး်ကျင် ထိခိုက်နိုင်ခြေကို နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းဖို့ စီစဉ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။