Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျံသန်းနေတုန်း လေယာဉ်မှူး သေဆုံးခဲ့တာကြောင့် ခရီးသည်တင်လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ

ပျံသန်းနေချိန် လေယာဉ်မှူး သေဆုံးမှုကြောင့် ခရီးသည်တင် လေယာဉ်တစ်စီး အမေရိကန်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ပျံသန်းနေချိန် လေယာဉ်မှူး သေဆုံးမှုကြောင့် ခရီးသည်တင် လေယာဉ်တစ်စီး အမေရိကန်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

တူရကီ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် TK204 လေယာဉ်ဟာ အမေရိကန်ရဲ့ ဆီယက်တဲလ်မြို့ကနေ အောက်တိုဘာ ၈ ရက် ညပိုင်းမှာ ပျံတက်ခဲ့ပြီး တူရကီရဲ့ အစ္စတန်ဘူလ်မြို့ဆီ ဦးတည်ခဲ့ပါတယ်။ ဒါပေမဲ့ လေထဲမှာ ရှိနေတဲ့ အချိန်မှာပဲ လေယာဉ်မှူးဟာ ဖြူဖျော့လာပြီး သေဆုံးသွားတာကြောင့် တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို ထိန်းသိမ်းမောင်းနှင်ပြီး နယူးယောက်မြို့မှာရှိတဲ့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှဦး စီးနင်းလိုက်ပါလာခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

လေယာဉ် ပျံသန်းနေဆဲ အချိန်အတောအတွင်းမှာတင် လေယာဉ်မှူးဟာ ပြိုလဲကျသွားကြောင်း၊ ရှေးဦးသူနာပြု နည်းတွေနဲ့ သူ့ကို ကုသပေးမှုတွေလည်း မအောင်မြင်ခဲ့ကြောင်း၊ အခြေအနေအရ လေယာဉ်ကို အရေးပေါ် ဆင်းသက်ဖို့ လေယာဉ် အမှုထမ်းတွေက ဆုံးဖြတ်ခဲ့ပြီး နယူးယောက်မှာ မဆင်းသက်ခင် ကတည်းက လေယာဉ်မှူး ကွယ်လွန်သွားကြောင်း လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ ယာယာ အူစတန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Airbus A350 အမျိုးအစား လေယာဉ်ကို မောင်းနှင်ရင်း ရုတ်တရက် ကွယ်လွန်သွားသူဟာ ၂၀၀၇ ခုနှစ်ကတည်းက လေကြောင်းလိုင်းအတွက် အလုပ်လုပ်နေခဲ့သူ အသက် ၅၉ နှစ်အရွယ် လေယာဉ်မှူး အီလ်ချီဟင် ပီဟ်လီဗန်ဖြစ်တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ သူ့ကို မတ်လတုန်းက နောက်ဆုံးအကြိမ် ပုံမှန် ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဘာကျန်းမာရေး ပြဿနာမှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ လေယာဉ်မှူး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဇူလိုင်လတုန်းကလည်း easyJetရဲ့ တွဲဖက်လေယာဉ်မှူးဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ဆီ ပျံသန်းနေတဲ့အချိန် ဖြူဖျော့ပြီး နာမကျန်း ဖြစ်ခဲ့ပါတယ်။ ခရီးသည် ၁၉၃ ဦး လိုက်ပါခဲ့တဲ့ လေယာဉ်ဟာ လစ္စဘွန်းမှာ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပြီး တွဲဘက်လေယာဉ်မှူးကို ဆန်တာမာရီယာ ဆေးရုံဆီ ချက်ချင်း အရေးပေါ် ပို့ဆောင်ခဲ့ကြရပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ် တိုက်မိပြီး မြစ်ထဲကို နှစ်စီးလုံး ပျက်ကျခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။