Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝါရှင်တန်က လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိမှု အသက်ရှင်ကျန်သူ မရှိ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ဝါရှင်တန် ဒီစီမှာရှိတဲ့ ရော်နယ်လ်ရေဂင် အမျိုးသား လေဆိပ်ဆီ ဆင်းသက်လာတဲ့ အမေရိကန် လေကြောင်းပိုင် ပြည်တွင်းခရီးစဉ် လေယာဉ်ဟာ ကြည်းတပ်ရဲ့ ရဟတ်ယာဉ်နဲ့ လေထဲမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ လေယာဉ်ပေါ် ပါလာသူ ခရီးသည် ၆၀ နဲ့ အမှုထမ်း ၄ ဦး၊ ရဟတ်ယာဉ်ပေါ်က စစ်သား ၃ ဦး တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး။

အခုဖြစ်စဉ်ဟာ ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အမေရိကန် သမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်း အခြေအနေထိ ရုပ်အလောင်း ၂၈ ခုထက် မနည်းကို နေရာတချို့ ရေခဲနေတဲ့ ပိုတိုမက် မြစ်ထဲကနေ ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာနဲ့ လေယာဉ်မှူး အခန်းထဲက အသံတွေကို မှတ်တမ်းတင်တဲ့ ကိရိယာ Black Box နှစ်လုံးစလုံးကို ဆယ်ယူရရှိထားပြီး ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးသွားမှာပါ။

လေယာဉ်နှစ်စီး တိုက်မိတဲ့ထိ ဘယ်လို လွဲချော်မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ရဟတ်ယာဉ်ဟာ ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ လမ်းကြောင်းထဲ ဝင်သွားခဲ့တာ ကနဦး စစ်ဆေး တွေ့ရှိထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ဖြစ်စဉ်အတွင်း အသက်ရှင်ကျန်သူ မရှိခဲ့ဘူးဆိုတာ အတည်ပြု ကြေညာသွားပါတယ်။ လက်ရှိ အခြေအနေအရ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရုပ်အလောင်းတွေ ရှာဖွေတဲ့ လုပ်ငန်းအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ရပြီလို့ ထရမ့်က ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာဟာ အိမ်ဖြူတော်၊ အမေရိကန် လွှတ်တော် အဆောက်အအုံ ကက်ပီတော်လ်တို့နဲ့ ၅ ကီလိုမီတာ နီးပါးလောက်သာ ကွာဝေးခဲ့ပါတယ်။

အမေရိကန် လေကြောင်းလိုင်းရဲ့ အမှုဆောင်ချုပ် ရောဘတ် အစ်ဆွမ်က ခရီးသည်တင် လေယာဉ်ဟာ သတ်မှတ် လမ်းကြောင်းအတိုင်း လေဆိပ်ဆီ ချဉ်းကပ် ဆင်းသက်ခဲ့ပေမယ့် ရဟတ်ယာဉ်က ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ တကယ်လို့ အခုအခြေအနေကို အတည်ပြုနိုင်တယ်ဆိုရင် လေယာဉ် အတက်အဆင်း လမ်းကြောင်းတွေနဲ့ လွတ်ကင်းအောင် ရဟတ်ယာဉ်ကို လမ်းကြောင်း ညွှန်ကြားပေးရမယ့် လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှာ တာဝန်အရှိဆုံးလို့ ယူဆနိုင်ပါတယ်။

အမေရိကန်ရဲ့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေး ဌာနဟာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ လုံလောက်အောင် ဖြည့်တင်းပေးနိုင်စွမ်း မရှိဘူးဆိုတဲ့ ကာလရှည်ကြာ ဝေဖန်မှုတွေကို ကြုံနေရပါတယ်။

အမေရိကန် ကြည်းတပ်ကတော့ မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ Black Hawk ရဟတ်ယာဉ်ပေါ်က အဖွဲ့ဟာ အရမ်း အတွေ့အကြုံ ရင့်ကျက်သလို မြို့တော်တဝိုက် ပုံမှန် ပျံသန်းမှုတွေနဲ့ အသားတကျ ရှိသူတွေ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြောင်း ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ အစ္စရေး သံရုံး ဝန်ထမ်းနှစ်ဦး ပစ်သတ် ခံခဲ့ရကြောင်း သိရပါတယ်။