Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုဟင်ဂျာတွေကို ကူညီနိုင်ရေး ကုလသမဂ္ဂ အာမခံတဲ့ လုံခြုံရေးဇုန်တစ်ခု ဖန်တီးပေးဖို့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ပြော

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ မူဟာမက် ယူနွတ်က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေအတွက် ထိထိရောက်ရောက် ကူညီနိုင်အောင် ကုလသမဂ္ဂက အာမခံချက် ပေးနိုင်မယ့် လုံခြုံရေးဇုန် တစ်ခု ဖန်တီးပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ မူဟာမက် ယူနွတ်က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေအတွက် ထိထိရောက်ရောက် ကူညီနိုင်အောင် ကုလသမဂ္ဂက အာမခံချက် ပေးနိုင်မယ့် လုံခြုံရေးဇုန် တစ်ခု ဖန်တီးပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ သောမတ်စ် အင်ဒရူးစ်က ဒါကာမြို့တော်ဆီ ရောက်ရှိနေချိန် အခုသီတင်းပတ် အစောပိုင်းမှာ ယူနွတ်စ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်မှာ လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ပြည်ပကို ထွက်ပြေးသွားရတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ယာယီ အစိုးရကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

ယူနွတ်စ်က ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဆိုပြုချက် သုံးရပ်ကို တင်ပြထားခဲ့ပြီး အဲဒီ အချက်တွေနဲ့ ပတ်သက်လို့ အင်ဒရူးစ်ကလည်း သူ့ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ရဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့တော့ အင်ဒရူးစ်က ဧရာမ အကျပ်အတည်းကြီး တစ်ခုလို့ ရည်ညွှန်းခဲ့ပြီး ဒေသတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေခြင်းက နောက်ထပ် နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေကို ဖြစ်ပေါ်လာစေပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ အပူတပြင်း လိုအပ်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၃.၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရတာကို သိရှိထားကြောင်း၊ ရခိုင်ပြည်နယ်မှာတင် အဲဒီထဲက သိန်းဂဏန်း အရေအတွက်လောက် ပါဝင်နေကြောင်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာတင် ရခိုင်ပြည်နယ်ကို စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃ သောင်းဝန်းကျင် ရှိခဲ့သလို အရင်ကတည်းကလည်း ကော့စ်ဘဇားက ဒုက္ခသည် စခန်းတွေဆီ ရောက်နေတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်လောက် ရှိနေကြောင်းလည်း ယူနွတ်စ်က ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ထိထိရောက်ရောက် ပေးပို့နိုင်ဖို့ဆိုရင် ကုလသမဂ္ဂက လုံခြုံရေး အာမခံချက် ပေးနိုင်တဲ့ ဇုန်တစ်ခုကို ဖန်တီးပေးခြင်းဟာ အမှန်ကန်ဆုံး အစပြု ချဉ်းကပ်မှု ဖြစ်လိမ့်မယ်လို့လည်း ယူနွတ်စ်က ပြောပါတယ်။

သူက မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ အကောင်အထည် ပေါ်လာစေရေးလည်း တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ နောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယ နိုင်ငံတွေဆီ ရွှေ့ပြောင်း အခြေချပေးရေး အားထုတ် ကြိုးပမ်းမှုတွေ ပိုမို အားထည့်ဖို့လည်း သူက ကုလသမဂ္ဂကကို မေတ္တာရပ်ခံ တောင်းဆိုသွားပါတယ်။

ယူနွတ်စ်နဲ့ အင်ဒရူးစ်တို့ရဲ့ ဆွေးနွေးမှုတွေထဲမှာတော့ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေ ကျူးလွန်ခံရတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ လက်ရှိ ကြားနာ စစ်ဆေးမှုတွေ၊ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Prothomalo

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။