Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တိုက်ခိုက်ရေး ဒရုန်းတွေ အများအပြား ထုတ်လုပ်ဖို့ ကင်မ်ဂျုံအွန်း ညွှန်ကြား

တိုက်ခိုက်ရေး ဒရုန်းတွေ ပြည်တွင်းမှာ အမြောက်အမြား ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်ကြားထားကြောင်း သိရပါတယ်။

တိုက်ခိုက်ရေး ဒရုန်းတွေ ပြည်တွင်းမှာ အမြောက်အမြား ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်ကြားထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ မြင့်တက်လာတာကို အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက အလေးအနက် စိုးရိမ်နေတဲ့ အခြေအနေမှာ ကင်မ်က အခုလို ညွှန်ကြားလာခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းကို ဩဂုတ်လတုန်းက မိတ်ဆက် ပြသခဲ့ပါတယ်။

အဲဒီလို ကိုယ်ပိုင် တိုက်ခိုက်ရေး ဒရုန်းတွေ ထုတ်လုပ်နိုင်တဲ့ထိ မြောက်ကိုရီးယားရဲ့ နည်းပညာပိုင်း ခပ်မြန်မြန် တိုးတက်လာမှုမှာ မဟာမိတ် ရုရှားရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီး ပါဝင်နိုင်ခြေ ရှိတယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ မဟာမိတ် ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ဖို့အတွက် နှစ်နိုင်ငံကြားက ကာကွယ်ရေး သဘောတူ စာချုပ်ကို အချက်အလက်တွေ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ထောင်သောင်းချီ များပြားတဲ့ မြောက်ကိုရီးယား စစ်သည်တွေဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားဖက်ကနေ ကူညီတိုက်ခိုက်ဖို့ စတင် ဖြန့်ကျက်နေပြီလို့ အမေရိကန်၊ ယူကရိန်းနဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောကြားထားပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ကင်မ်ဟာ ဩဂုတ် ၁၄ ရက်နေ့တုန်းက ကုန်းမြေနဲ့ ပင်လယ်ပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြောက်ကိုရီးယား မောင်းသူမဲ့ လေကြောင်း နည်းပညာဌာနမှာ ကိုယ်တိုင်သွားရောက် ဆန်းစစ် ကြည့်ရှုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီဒရုန်းတွေဟာ ဖောက်ခွဲရေး ပစ္စည်းတွေကို တင်ဆောင်ပြီး ရန်သူ ပစ်မှတ်တွေဆီ ထိုးစိုက်ဆင်း ဖျက်ဆီးပစ်နိုင်ကြောင်း၊ တစ်နည်းအားဖြင့် ပစ်မှတ်ထား ပဲ့ထိန်းဒုံးကျည်တွေလို တိုက်ခိုက်နိုင်စွမ်း ရှိနေကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကင်မ်ကိုယ်တိုင် စောင့်ကြည့်ခဲ့တဲ့ စမ်းသပ်မှုမှာတော့ ဒရုန်းတွေဟာ ကြိုတင် မှန်းဆထားတဲ့ လမ်းကြောင်းတွေအတိုင်း တိတိကျကျ ပျံသန်းပြီး ပစ်မှတ်တွေကို အမှားအယွင်းမရှိ ချေမှုန်းနိုင်ခဲ့တယ်လို့ KCNAက ဆိုပါတယ်။ အဲဒီနောက်မှာတော့ ကင်မ်က ဒရုန်းတွေရဲ့ အသုံးပြုရ လွယ်ကူမှု၊ ပစ်မှတ်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်မှုတွေအပေါ် နှစ်ထောင်းအားရ ရှိခဲ့ပြီး အဲဒီ ဒရုန်းတွေ အရေအတွက်များများ ထုတ်လုပ်ဖို့ လမ်းညွှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်မ်က မြောက်ကိုရီးယားရဲ့ စစ်ရေးမဟာဗျူဟာ အခင်းအကျင်းတွေအရ ဒရုန်းတွေအပေါ် တောင်းဆိုမှုတွေ ပိုမိုကြီးမားလာမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လတုန်းက မြောက်ကိုရီးယား ထုတ်ပြန်ခဲ့တဲ့ ဒရုန်းတွေဟာ အစ္စရေးလုပ် HAROPနဲ့ HERO 30 ဒရုန်းတွေ၊ ရုရှားလုပ် Lancet-3 ဒရုန်းတွေနဲ့ ဆင်တူတဲ့ အချက်တွေ ရှိနေတယ်လို့ လက်နက် ပါရဂူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ဒရုန်းနည်းပညာပိုင်းမှာ ရုရှားဆီကနေ အကူအညီကောင်းတွေ ရခဲ့တယ်လို့ ယုံကြည်ရပြီး ရုရှား ကိုယ်တိုင်ကလည်း စရိတ်သက်သာတဲ့ ဒရုန်းတွေ အများအပြား ထုတ်လုပ်နိုင်မှု အပိုင်းမှာ အီရန်ဆီကနေ နည်းပညာပိုင်း အကူအညီတွေ ရခဲ့ဟန် တူပါတယ်။ အီရန်ဟာ ရန်သူတော် အစ္စရေးဆီက ပျက်ကျတဲ့ ဒရုန်းတချို့ကို ပြည်တွင်းမှာ တုပ ထုတ်လုပ်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။