Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ စားနပ်ရိက္ခာ ထောက်ပံ့ရေး ထရပ်ကား အစီး ၁၀၀ နီးပါး အကြမ်းပတမ်း စီးနင်းလုယက်ခံရ

ဂါဇာ ကမ်းမြှောင်ဒေသထဲကို စားနပ်ရိက္ခာတွေ တင်ဆောင်သွားတဲ့ ကုန်တင်ကား အစီး ၁၀၀ နီးပါးလောက်ဟာ အကြမ်းပတမ်း လုယက် အပိုင်စီးမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)က ထုတ်ပြန်ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသထဲကို စားနပ်ရိက္ခာတွေ တင်ဆောင်သွားတဲ့ ကုန်တင်ကား အစီး ၁၀၀ နီးပါးလောက်ဟာ အကြမ်းပတမ်း လုယက် အပိုင်စီးမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)က ထုတ်ပြန်ပါတယ်။

UNRWAက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဂါဇာကို ဝင်ရောက်သွားတဲ့ ရိက္ခာတင် ထရပ်ကား ၁၀၉ စီးထဲက ၉၇ စီးဟာ အကြမ်းပတမ်း လုယက်ခံရမှုတွေ ကြုံတွေ့ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အဲဒီ ထရပ်ကားတွေရဲ့ ယာဉ်မောင်းတွေဟာ သေနတ်ပြောင်းနဲ့တေ့ပြီး ခြိမ်းခြောက် နှင်ထုတ် ခံခဲ့ရပါတယ်။ ဂါဇာ တောင်ပိုင်းမှာ အစ္စရေး ထိန်းချုပ်ထားရာ ကာရမ် ရှာလွမ် ဒေသကို ဖြတ်သန်းတဲ့ အချိန်မှာ အခုလို စီးနင်း တိုက်ခိုက် ခံရပြီး ထရပ်ကားပေါ်က ကုန်စည်တွေကို ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

မျက်နှာကို ဖုံးကွယ်စည်းနှောင်ထားသူတွေက လက်ပစ်ဗုံးတွေပါ အသုံးပြုပြီး အဲဒီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ ထရပ်ကားပေါ်က ထောက်ပံ့ရေး ပစ္စည်းတွေကို အဲဒီလူတွေက လုယက်ခဲ့တယ်လို့ ဆိုပါတယ်။

UNRWA အကြီးအကဲ ဖိလစ် လက်ဇာရီနီက ကျူးလွန်သူတွေ ဘယ်သူဘယ်ဝါဆိုတာ မစွပ်စွဲပေမယ့် ဂါဇာမှာ လုံးဝဥဿုံ မင်းမဲ့စရိုက် ကြီးစိုးပြီး အခြေအနေတွေ ရှုပ်ထွေးနေပြီလို့ ဝေဖန်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာ UNRWAရဲ့ လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေကြား စစ်ပွဲကြောင့် ဂါဇာလူဦးရေ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှု အထောက်အပံ့တွေကို အပူတပြင်း မှီခိုနေရပြီး အဲဒီ ထောက်ပံ့ရေး လုပ်ငန်းတွေသာ ရပ်တန့်သွားရင် လက်ရှိ အကျပ်အတည်းတွေ အဆိုးဆုံး အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီ တချို့ရဲ့ ဆန်းစစ်မှုတွေအရ ဂါဇာမြောက်ပိုင်း နယ်မြေတချို့ဟာ မကြာခင်မှာ အငတ်ဘေး စတင်ကျရောက်မယ့် စိုးရိမ်စရာ အခြေအတွေ ကြုံတွေ့လာနေပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကြုံတွေ့ခဲ့တဲ့ လုယက်မှုဟာ ထောက်ပံ့ရေး ယာဉ်တန်းကို သွားနေကျ မဟုတ်တဲ့ လမ်းကြောင်းတစ်ခုကနေ မောင်းနှင်ဖို့ အစ္စရေး အာဏာပိုင်တွေက အချိန်ကပ်ပြီး ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ဇာရီနီကတော့ အဲဒီလို လမ်းကြောင်း အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို အတည်မပြုနိုင်သေးကြောင်း ဆိုပါတယ်။ အစ္စရေး စစ်တပ်ကလည်း လောလောဆယ်ထိ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အစ္စရေး အစိုးရဟာ UNRWAရဲ့ လုပ်ငန်းတွေကို ပြည်တွင်းမှာ အခြေစိုက် ဆောင်ရွက်ခွင့်ကနေ ပိတ်ပင်ဖို့လည်း ဆောင်ရွက်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။