Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အေလက်ပိုမြို့ကို သူပုန်တွေ သိမ်းယူမှုအပြီး ဆီးရီးယား အစိုးရဖက်က ရပ်တည် ကူညီမယ်လို့ အီရန်ကြေညာ

တော်လှန်ရေး တပ်တွေက ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံးမြို့ အေလက်ပိုကို ထိန်းချုပ်လိုက်တဲ့နောက် ဆီးရီးယား အစိုးရဖက်က အခိုင်အမာ ရပ်တည်သွားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

တော်လှန်ရေး တပ်တွေက ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံးမြို့ အေလက်ပိုကို ထိန်းချုပ်လိုက်တဲ့နောက် ဆီးရီးယား အစိုးရဖက်က အခိုင်အမာ ရပ်တည်သွားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ဂ်ချီဟာ ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ဆီးရီးယားရဲ့ မြို့တော် ဒမတ်စကက်မှာ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို သွားရောက် တွေ့ဆုံခဲ့ပြီးတဲ့နောက် မဟာမိတ် နှစ်နိုင်ငံကြား ခိုင်မာတဲ့ ထောက်ခံရပ်တည်မှုကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အီရန်ဟာ ၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် စတင်လာချိန် ကတည်းက အာဆတ်ရဲ့ မဟာမိတ်အဖြစ် အခိုင်အမာ ရပ်တည်နေခဲ့တာပါ။ အာရက်ဂ်ချီက အီရန် အနေနဲ့ ဆီးရီးယားကို တိုက်ခိုက်ရေးတပ်တွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ သဘောထားကို ဆက်လက် ထိန်းသိမ်းထားပြီး စစ်ရေး လေ့ကျင့်မှုတွေနဲ့ အကြံပေးဖို့အတွက် အရာရှိတွေကိုသာ စေလွှတ်ပေးမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်ဘနွန်မှာ အခြေစိုက်ပြီး အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကတော့ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဆတ်ကို သစ္စာခံတဲ့ အစိုးရ တပ်တွေဖက်ကနေ ကာလရှည်ကြာ တိုက်ခိုက်ပေးနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စလာမ်မစ် ဂျီဟတ်ဝါဒီ ဟာယတ် တာဟ်ရာ အယ်လ်ရှမ် (HTS) ဦးဆောင်တဲ့ မဟာမိတ် သူပုန် အဖွဲ့တွေဟာ အေလက်ပိုကို ဝင်ရောက်တိုက်ခိုက်ပြီး ၄ ရက်လောက်အတွင်း မြို့ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အေလက်ပို လေဆိပ်အပြင် အနီးတဝိုက် မြို့ငယ်တွေလည်း HTSရဲ့ လက်အောက်ကို ကျရောက်ခဲ့ပါတယ်။

ဆီးရီးယား အစိုးရဟာ ပြည်တွင်းစစ် ကာလအတွင်းမှာလည်း အေလက်ပိုကို လက်လွှတ်ခဲ့ရဖူးပေမယ့် ၄ နှစ်လောက် ကြာမြင့်ပြီးချိန်မှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

HTSက အေလက်ပိုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အလစ်တိုက်ခိုက်ပြီး သိမ်းယူခဲ့တာနဲ့ ပတ်သက်လို့တော့ အာရက်ဂ်ချီက အခုကိစ္စရဲ့ နောက်ကွယ်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပံ့ပိုးမှုတွေ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပြီးတော့ လတ်တလော ဆုတ်ခွာထားရပေမယ့် ဆီးရီးယား စစ်တပ်ဟာ အတိတ်တုန်းကလိုပဲ အကြမ်းဖက် အဖွဲ့အစည်းတွေကို တွန်းလှန်ပြီး အေလက်ပိုကို သေချာပေါက် ပြန်သိမ်းယူနိုင်မှာ ဖြစ်တယ်လို့လည်း သူက အခိုင်အမာ ဆိုပါတယ်။

အီရန် သတင်းဌာနတွေက အေလက်ပိုမှာ ရှိနေတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အေလက်ပိုမှာ ရှိနေတဲ့ အီရန် ကောင်စစ်ဝန်ရုံးလည်း တိုက်ခိုက်ခံရကြောင်း ကြေညာပေမယ့် ရုံးဝန်ထမ်းတွေ အန္တရာယ် ကင်းတယ်လို့ ထုတ်ပြန်သွားပါတယ်။

ပြည်တွင်းစစ် စတင်ခဲ့တဲ့နောက် ဆီးရီးယား စစ်တပ်ဟာ အေလက်ပိုကို လက်လွှတ်ခဲ့ရပေမယ့် မဟာမိတ် အီရန်၊ ရုရှားတို့ရဲ့ အကူအညီနဲ့အတူ ၂၀၁၅ ခုနှစ်မှာ မြို့ရဲ့ အစိတ်အပိုင်း အများစုကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တစ်မြို့လုံးကို သိမ်းယူနိုင်ခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိနေကြောင်း ဆီးရီးယား တော်လှန်ရေး အင်အားစု ခေါင်းဆောင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အာဖရိကတိုက်ထဲက တခြား စစ်စခန်းတွေဆီ အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

နိုင်ငံတကာ

အမျိုးသမီး ၆၀ နီးပါးလောက်ကို အလစ်ချောင်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူ တစ်ဦးကို အီရန်မှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။