Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိ တိုက်ဖျက်ရေးအတွက် အားထုတ်ကြဖို့ တရုတ်စစ်တပ်ကို သမ္မတ တိုက်တွန်း

အဂတိကို စုပေါင်း တိုက်ဖျက်ပေးကြဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်စစ်တပ်ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အဂတိကို စုပေါင်း တိုက်ဖျက်ပေးကြဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်စစ်တပ်ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ဟာ တိုက်ပွဲတွေကို အနိုင်ယူနိုင်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ရေးကို ဦးစားပေး အာရုံစိုက်ရင်း တစ်ဖက်မှာလည်း အဂတိတွေကို တိုက်ဖျက် ချေမှုန်းသင့်တယ်လို့ ရှီက ဒီဇင်ဘာ ၄ ရက်နေ့မှာ တိုက်တွန်းစကား ဆိုခဲ့တာပါ။

ရှီဟာ အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ အကြီးအကဲ နေရာနဲ့ သမ္မတ တာဝန်တွေကို စတင်ရယူချိန် ကတည်းက အစိုးရတွင်းနဲ့ စစ်တပ်ထဲက အဂတိ တိုက်ဖျက်ရေး ကိစ္စတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူဟာ အဲဒီ ကိစ္စကို အကြောင်းပြပြီး နိုင်ငံရေး ပြိုင်ဘက်တွေကို ရှင်းလင်း ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

PLAရဲ့ သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ဆုံချိန်မှာ ရှီက PLA အနေနဲ့ စည်းကမ်းလေးစား လိုက်နာမှု အပိုင်းမှာ အင်တိုက်အားတိုက် အရှိန်မြှင့် လုပ်ဆောင်သင့်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

PLAအပေါ် သစ္စာရှိမှု၊ အမြင်ရှင်းမှု၊ ယုံကြည်လေးစားမှုတွေကို ရေရှည် တည်မြဲအောင် ထိန်းသိမ်းဖို့အတွက် စစ်တပ်ဟာ အဂတိ ကိစ္စတွေကို တိုက်ဖျက်ပစ်ရမယ်လို့လည်း ရှီက ပြောပါတယ်။

PLAဟာ သတင်းအချက်အလက် ထောက်ပံ့ရေးတပ် ဖွဲ့စည်းထူထောင်မယ် ဆိုတာကို ဧပြီလမှာ ကြေညာခဲ့ပြီး လေ့လာသူတွေကတော့ PLAရဲ့ ဆိုက်ဘာ၊ သတင်းအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနဲ့ အာကာသ စင်ဆင်ရေးဆိုင်ရာ မဟာဗျူဟာ ပြင်ဆင်ပြောင်းလဲရေး ခြေလှမ်းတစ်ရပ်လို့ သုံးသပ်ကြပါတယ်။

PLA အနေနဲ့ အဂတိ တိုက်ဖျက်ရေးကို အလေးထား လုပ်ဆောင်ရမှာ ဖြစ်သလို အရေးအကြီးဆုံး လိုအပ်ချက်ကတော့ တိုက်ပွဲတွေကို တိုက်ခိုက်နိုင်တဲ့၊ ပြီးတော့ အနိုင်ယူနိုင်တဲ့ အရည်အသွေး ဖြစ်တယ်လို့လည်း ရှီက ပြောကြားသွားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook