Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ဆော်ဒီအာရေးဘီးယားကို ဖီဖာ အတည်ပြုရွေးချယ်

၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီအာရေးဘီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က အတည်ပြု ကြေညာခဲ့ပါတယ်။

၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီအာရေးဘီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က အတည်ပြု ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ဖီဖာရဲ့ အထူးကွန်ဂရက်က ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးမားဆုံးနဲ့ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲကြီးရဲ့ အိမ်ရှင်နိုင်ငံ ရွေးချယ် သတ်မှတ်မှုတွေကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားကို အရှေ့အလယ်ပိုင်း ဒေသတွင်း အင်အားကြီး အာရပ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကို နိုင်ငံတွေက ပူးတွဲအိမ်ရှင် တာဝန်ယူသွားကြမှာပါ။ ထူးခြားချက် တစ်ခုအဖြစ် ကမ္ဘာ့ဖလား နှစ်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားရဲ့ ပွဲစဉ် ၃ ခုကို ပထမဆုံး အိမ်ရှင်တာဝန်ယူခဲ့ရာ ဥရုဂွေး နိုင်ငံအပြင် အာဂျင်တီးနားနဲ့ ပါရာဂွေးတို့မှာပါ ကျင်းပစေမှာ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံ ရွေးချယ်မှု အစီအစဉ်ကို ဖီဖာရဲ့ အဖွဲ့ဝင် ၂၁၁ နိုင်ငံလုံးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

၂၀၃၀ နဲ့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် အိမ်ရှင်ရွေးချယ်မှု မဲရလဒ်တွေကို သီးခြားစီ ကြေညာခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၂၁၁ နိုင်ငံစလုံးက မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ ဖီဖာရဲ့ အတွင်းရေးမှူးချုပ် မက်တီးရက်စ် ဂရက်ဖ်စထရွမ်က ပြောပါတယ်။

တစ်ဖက်မှာတော့ ဆော်ဒီဟာ အားကစားကို ဗန်းပြပြီး နာမည်ဆိုးတွေကို ချေဖျက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အတော်ကြီး နာမည်ပျက်နေတာကို ဆော်ဒီ အစိုးရက အားကစားမှာ ငွေကြေးအလုံးအရင်း အသုံးပြုပြီး ဖုံးကွယ် ဖာထေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ဟာ ၂၀၃၄ ကမ္ဘာ့ဖလားရဲ့ အိမ်ရှင်အဖြစ် ဆော်ဒီကို ရွေးချယ်ခဲ့တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း တခြားသော ရပ်တည်ချက် တူညီတဲ့ အဖွဲ့အစည်း ၂၀ ကျော်နဲ့အတူ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီ အစိုးရဟာ အိမ်ရှင်နေရာ လျှောက်ထားစဉ် ကတည်းက ဘောလုံးကွင်း ၁၅ ခုကို လျာထားပြင်ဆင်ထားခဲ့ပြီး ၄ ခုက စတင်ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပွဲကြည့်စင် ခုံနေရာတွေ လွတ်နေတာဟာ ပရိသတ်တွေက သတ်မှတ်နေရာမှာ မထိုင်ကြလို့ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဗီဇာ ပြဿနာတွေကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌက ကာကွယ် ပြောကြားသွားပါတယ်။