Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာရှင် အာဆတ် အစိုးရ အဆုံးသတ်သွားမှုကို ဆီးရီးယား ပြည်သူတွေ စုဝေးအောင်ပွဲခံ

ဆီးရီးယား ပြည်သူတွေဟာ လူ့အခွင့်အရေးအတွက် ကြိုးစား တိုက်ပွဲဝင်ရင်း ဆီးရီးယားကို တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်း ပြန်လည် ရပ်တည်လာနိုင်အောင် အချင်းချင်း ရိုင်းပင်းဖေးမ ကူညီကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)
(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)

People’s Spring

အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ ကြီးစိုးမှု အဆုံးသတ်ကြောင်း ကြေညာတဲ့နေ့မှာ မြို့တော် ဒမတ်စကက်ရဲ့ ပြည်သူတွေ အမြောက်အမြား စုဝေးပြီး အောင်ပွဲခံခဲ့ကြပါတယ်။

တော်လှန်ရေး တပ်တွေရဲ့ အငိုက်ဖမ်းထိုးစစ် အောင်မြင်ခဲ့ပြီး မြို့တော် ဒမတ်စကက်ကို လျင်လျင်မြန်မြန် ချီတက် သိမ်းယူနိုင်ခဲ့တဲ့နောက် အာဆတ်နဲ့ မိသားစုဟာ ရုရှားနိုင်ငံကို ထွက်ပြေး ခိုလှုံသွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ အာဆတ် အစိုးရ ပြိုကျမှု အထိမ်းအမှတ် အောင်ပွဲကို တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေက စုဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒမတ်စကက် မြို့ဟောင်းဇုန်ရဲ့ အူမေယက် ရင်ပြင်မှာတော့ ထောင်သောင်းချီတဲ့ လူထုက စုဝေးအောင်ပွဲခံရင်း သောကြာနေ့ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အဲဒီရင်ပြင်ဟာ အစ္စလာမ် ဘာသာရေးမှာ အထွဋ်အမြတ် အထားခံရဆုံး နေရာတွေထဲက တစ်ခုပါ။

Public Service Announcement

Public Service Announcement

(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)
(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)

တော်လှန်ရေး တပ်ပေါင်းစုကို အဓိက ခေါင်းဆောင်ခဲ့တဲ့ အဘူ မိုဟာမက် အယ်လ် ဂျိုလာနီက အဲဒီနေ့ကို လွတ်မြောက်ရေးနေ့လို့ ရည်ညွှန်းခဲ့ပြီး ခပ်တိုတို မိန့်ခွန်းပြောသွားခဲ့ပါတယ်။ သူက ဆီးရီးယား ပြည်သူတွေဟာ အကြွင်းမရှိ စိတ်ပေါ့ပါး ပျော်ရွှင်စွာနဲ့ အောင်ပွဲခံဖို့ ထိုက်တန်နေပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဟေယတ် တာဟာရ် အယ်လ်ရှမ် (HTS) အဖွဲ့ဟာ အာဆတ်အစိုးရကို ဖြုတ်ချတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ကို အဓိက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြို့လယ်ရင်ပြင်မှာသာ မကဘဲ ဒမတ်စကက်ရဲ့ လမ်းတွေမှာလည်း ပြည်သူတွေ ထွက်လာပြီး သောင်းသောင်းဖြဖြ အောင်ပွဲခံနေခဲ့ကြတာကို တွေ့ရပါတယ်။ ဆီးရီးယား တော်လှန်ရေး အင်အားစုတွေရဲ့ အစိမ်းရောင် အလံကို နေရာအနှံ့မှာ တွေ့ခဲ့ရပြီး တချို့ကလေးတွေက မျက်နှာမှာ အဲဒီအလံပုံကို ဆေးခြယ်ထားကြပါတယ်။

ပြည်သူတွေဟာ တော်လှန်ရေး ဂီတသမား အက်ဘ်ဒယ်လ် ဘာဆတ် အယ်လ် ဆာရော့တ်ရဲ့ နာမည်ကျော် တော်လှန်ရေး သီချင်းကို သံပြိုင်သီဆိုခဲ့ကြသလို အာဆတ်အပေါ် နာနာကျည်းကျည်း လက်စားချေရေး ကြွေးကြော်နေခဲ့ကြပါတယ်။

(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)
(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)

၂၀၁၄ ခုနှစ်မှာ စတင် ထူထောင်ပြီးကတည်းက ပထမဆုံးအကြိမ် ဒမတ်စကက်ကို ဝင်ရောက်လာတဲ့ ဆီးရီးယား လူမှု ကာကွယ်ရေး အဖွဲ့တွေကိုလည်း လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ပါတယ်။ White Helmetsလို့ ခေါ်ဝေါ်လေ့ရှိတဲ့ အဲဒီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ ဧရိယာတွေမှာ ဖြန့်ကျက်ပြီး အစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ဘေးဒုက္ခတွေ ကြုံနေရတဲ့ လူထုကို ပြည်တွင်းစစ် ကာလတလျှောက် ကူညီ ကယ်ဆယ်ပေးခဲ့ပါတယ်။

ဆီးရီးယားမှာ ပြည်သူတွေဟာ ဘာသာရေးအရ ဝတ်ပြုကြတဲ့ အချိန်တွေမှာတောင် အာဆတ်အတွက် ထည့်သွင်း ဆုတောင်းပေးရမယ် ဆိုတာမျိုး ဖိနှိပ် တောင်းဆို ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့ ဝတ်ပြုမှုမှာတော့ ဘာသာရေး ခေါင်းဆောင် ရာတက်ဘ် ဘီလ်နာဘူလ်စီရဲ့ ဆုတောင်းစကားဟာ အများကြီး ကွာခြားသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆီးရီးယား ပြည်သူတွေဟာ လူ့အခွင့်အရေးအတွက် ကြိုးစား တိုက်ပွဲဝင်ရင်း ဆီးရီးယားကို တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်း ပြန်လည် ရပ်တည်လာနိုင်အောင် အချင်းချင်း ရိုင်းပင်းဖေးမ ကူညီကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)
(ဆီးရီးယားပြည်သူ​တွေ အာဏာရှင်အာဆတ် အစိုးရပြုတ်ကျမှုအ​ပေါ် ​စု​ဝေး​အောင်ပွဲခံ​နေကြစဥ်။ဓါတ်ပုံ-AP ၊Getty Images)

၂၀၁၁ ခုနှစ်တုန်းက အစိုးရကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို အာဆတ်က ရက်ရက်စက်စက် အင်အားသုံး ဖြိုခွဲခဲ့ရာက ပြည်တွင်းစစ် အစပြုခဲ့ပါတယ်။ အဲဒီ ဆယ်စုနှစ်နဲ့ချီ ရှည်လျားတဲ့ စစ်ပွဲအတွင်း လူတွေ သိန်းနဲ့ချီ သေဆုံးခဲ့သလို အစိုးရ အကျဉ်းထောင်တွေထဲ မတရား ဖမ်းဆီးချုပ်နှောင်တာ ခံခဲ့ကြရပါတယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အတိုက်အခံတွေကို ထောက်ခံကြောင်း ပြသမိတဲ့ ဘယ်လို အပြုအမူအတွက်မဆို ရက်ရက်စက်စက် အပြစ်ပေးတာ ခံခဲ့ကြရပါတယ်။

အာဆတ်ဟာ လောလောဆယ်တော့ ရုရှားကို ရောက်ရှိနေပြီး ကတည်းက လူလုံးထွက်မပြဘဲ ငြိမ်သက်နေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းထားတဲ့ အစိုးရသစ်ကို သတိကြီးကြီး အခြေအနေမျိုးနဲ့ ချဉ်းကပ် ကြိုဆိုခဲ့ကြပါတယ်။ နောက်ပြီး ပြည်တွင်းစစ်မှာ အာဆတ်ဖက်ကနေ အတိအလင်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့ကြတဲ့ ရုရှားနဲ့ အီရန်တို့ဟာ ဆီးရီးယားကနေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက် ညှိနှိုင်းနေကြောင်းလည်း သိရပါတယ်။

ကိုးကား- BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိနေကြောင်း ဆီးရီးယား တော်လှန်ရေး အင်အားစု ခေါင်းဆောင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အာဖရိကတိုက်ထဲက တခြား စစ်စခန်းတွေဆီ အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချရာမှာ စုပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကို ဖျက်သိမ်းပြီး အစိုးရသစ် လက်အောက်မှာ စုစည်းတဲ့ တပ်အင်အား တစ်ခု ပြန်လည် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်က ပြောပါတယ်။