Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားက ထွက်ပြေးဖို့ ကြိုစီစဉ်ထားခဲ့တာ မဟုတ်ဘူးလို့ အာဆတ်ဆို

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ တော်လှန်ရေး တပ်တွေက မြို့တော် ဒမတ်စကက်ကို သိမ်းယူလိုက်တဲ့နောက် အာဆတ်နဲ့ မိသားစုဟာ မော်စကိုမြို့တော်ဆီ လေယာဉ်နဲ့ ကတိုက်ကရိုက် ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ သူ့ဖခင် လက်ထက် ကတည်းက ဆီးရီးယားကို ကြီးစိုးခဲ့တဲ့ အာဆတ် မိသားစုရဲ့ အာဏာစက်ဟာလည်း အဲဒီအချိန်မှာ အဆုံးသတ်သွားခဲ့ပါတယ်။

အာဆတ်ဟာ နိုင်ငံကနေ ထွက်ပြေးသွားပြီးချိန် ကတည်းက အသံတိတ်နေခဲ့ရာက တစ်ပတ်လောက် အကြာ၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သူ့ဆီက ပထမဆုံး ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတရဲ့ Telegram အကောင့်ကနေ ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကြေညာချက်ဟာ ဆီးရီးယား အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဆတ်ဆီက ပထမဆုံး သဘောထား မှတ်ချက်လို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆတ်က သူဟာ ဆီးရီးယားကနေ စွန့်ခွာသွားဖို့ ကြိုပြင်မထားခဲ့ကြောင်း၊ တချို့တွေ ပြောဆိုနေသလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ကတည်းက ထွက်ပြေးသွားတာလည်း မဟုတ်ကြောင်း၊ သူဟာ ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းထိ သမ္မတ လုပ်ငန်း တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ပြောကြားထားပါတယ်။

ကြေညာချက်မှာ ဖော်ပြထားချက်အရ အာဆတ်ဟာ ဆီးရီးယားမှာ ရုရှားတပ်တွေ ဖြန့်ကျက်ထားတဲ့ မိမ်မင် လေတပ်စခန်းဆီ ရွှေ့ပြောင်းခဲ့ပြီး အဲဒီ စခန်းပါ တိုက်ခိုက် ခံလာရတဲ့ အချိန်မှာ သူ့ကို ရွှေ့ပြောင်းထွက်ခွာဖို့ ရုရှားတွေက တိုက်တွန်းခဲ့တာလို့ သိရပါတယ်။ ချက်ချင်း ထွက်ခွာနိုင်ဖို့ အတွက်လည်း ရုရှား အခြေစိုက် စခန်းရဲ့ ကွပ်ကဲရေး အရာရှိတွေကပဲ စီစဉ်ခဲ့တာလို့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

အဲဒီ အချိန်ထိ သူဟာ ရာထူးကနေ နုတ်ထွက်ပေးဖို့၊ ဒါမှမဟုတ် ပြည်ပမှာ သွားရောက် ခိုလှုံဖို့ စဉ်းစားထားခဲ့တာ မရှိဘူးလို့လည်း အာဆတ်က ဆိုပါတယ်။ သူက တော်လှန်ရေး တပ်တွေကိုလည်း အကြမ်းဖက်သမားတွေလို့ ရည်ညွှန်း သုံးနှုန်းသွားခဲ့ပြီး နိုင်ငံဟာ အကြမ်းဖက်ဝါဒ လက်အောက်ကို ကျရောက်သွားခဲ့တာလို့ ပြောဆိုထားခဲ့ပါတယ်။

ရုရှားအစိုးရ အရာရှိတွေကတော့ ဒီဇင်ဘာ ၈ ရက်နေ့ ကတည်းက အာဆတ်နဲ့ မိသားစုဟာ မော်စကိုမှာ လူသားချင်း စာနာမှုအရ ခိုလှုံနေထိုင်ခွင့် ရရှိထားခဲ့ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

ခေတ်နောက်ကျပြီး အိုမင်းဟောင်းနွမ်းနေတဲ့ စစ်လေယာဉ်တွေကို ဆီးရီးယားက မွမ်းမံပြင်ဆင်ပြီး ပြန်လည် အသုံးပြုဖို့ ကြိုးစားနေတဲ့အပေါ် အစ္စရေးက စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တော်လှန်ရေးတပ်တွေ ဖြုတ်ချတာ ခံခဲ့ရပြီး ရုရှားမှာ ထွက်ပြေး တိမ်းရှောင်နေရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဆီးရီးယား တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook