Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ကမ္ဘာ့အကြီးဆုံး ရေပေါ် လေဆိပ်ကြီး တည်ဆောက်နေ

တရုတ်က တည်ဆောက်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး ရေပေါ် လေဆိပ်ကြီးဟာ နောက်ထပ် ၁၀ နှစ်လောက် အကြာမှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

တရုတ်က တည်ဆောက်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး ရေပေါ် လေဆိပ်ကြီးဟာ နောက်ထပ် ၁၀ နှစ်လောက် အကြာမှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

တရုတ်ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ကမ်းလွန် ဒါလီယန် ဂျင်ဆု ပင်လယ်အော် နိုင်ငံတကာ လေဆိပ်ကို ရည်မှန်းချက် ကြီးကြီးမားမားနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ရေပေါ်မှာ ပေါလောမျောနေပြီး ထောင့်မှန် စတုဂံဆန်ဆန် တည်ဆောက်ထားမယ့် လေဆိပ်ဟာ စုစုပေါင်း စတုရန်း ကီလိုမီတာ ၂၀ လောက် ကျယ်ဝန်းမယ်လို့ ဆိုပါတယ်။ လေဆိပ်မှာ လေယာဉ် အတက်အဆင်းလမ်း ၄ ခု ပါဝင်ပြီး ခရီးသည် အဝင်အထွက် terminalဟာ စတုရန်း မီတာ ၉ သိန်းလောက် ကျယ်ဝန်းမှာ ဖြစ်ပါတယ်။

၂၀၃၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ လေဆိပ်ဟာ နှစ်စဉ် လေယာဉ် ခရီးစဉ်ပေါင်း ၅၄၀၀၀၀ နဲ့ ခရီးသည် သန်း ၈၀ ကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ရေပေါ် လေဆိပ်ကြီးဟာ ပင်လယ်ရေမျက်နှာပြင် အထက်ကို အရှေ့အရပ်က ထွက်ပေါ်လာတဲ့ နေဝန်းလိုပဲ တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ အဲဒီလေဆိပ်ရဲ့ WeChat လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တည်ဆောက် ပြီးစီးသွားတဲ့ အချိန်ကျရင် ဒါလီယန် ဂျင်ဆု ပင်လယ်အော် နိုင်ငံတကာ လေဆိပ်ဟာ ကျွန်းတုတစ်ခုပေါ်မှာ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ် လေဆိပ် ဖြစ်လာမှာပါ။ ပြီးတော့ တခြား အထင်ကရ ရေပေါ် လေဆိပ်တွေဖြစ်တဲ့ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်နဲ့ ဂျပန်ရဲ့ ကန်ဆိုင်း လေဆိပ်တို့ကိုပါ ကျော်တက်သွားမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး ကဏ္ဍမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ ဒါလီယန် လေဆိပ် ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေး ကုမ္ပဏီ အင်ဂျင်နီယာချုပ် လီရှင်းက ဆိုပါတယ်။ လွန်တူးရ ခက်ခဲတာ၊ ဘူမိဗေဒ အနေအထား ရှုပ်ထွေးတာနဲ့ ဆောက်လုပ်ရေးကာလ အချိန်ကျပ်တာမျိုး ကိစ္စတွေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။

ဒါလီယန်ဟာ လူဦးရေ ၇.၅ သန်းလောက် နေထိုင်တဲ့ မြို့ဖြစ်ပြီး တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ နီးနီးကပ်ကပ် တည်ရှိတာကြောင့် တရုတ်ရဲ့ အဓိက ကူးသန်းသွားလာရေး ဆုံချက်နယ်မြေ တစ်ခုလည်း ဖြစ်နေပါတယ်။

ဒါလီယန်ရဲ့ အဓိက လေဆိပ်ဖြစ်တဲ့ ကျူရှူကျိ လေဆိပ်ကို ဖွင့်လှစ်ထားတာ သက်တမ်း နှစ်ပေါင်း ၁၀၀ နီးပါးလောက် ရှိလာပြီ ဖြစ်သလို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အကြိမ်ကြိမ် ချဲ့ထွင်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ထပ်ပြီး တိုးမြှင့် တည်ဆောက်လို့ မရတော့တဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။ ဒါကြောင့် မြို့အာဏာပိုင်တွေက လေဆိပ်သစ်တစ်ခု တည်ဆောက်ဖို့ မြေနေရာ ရှာဖွေမှုတွေကို ၂၀၀၃ ခုနှစ် ကတည်းက စတင်ခဲ့ပေမယ့် နောက်ထပ် နှစ် ၂၀ အကြာ၊ ၂၀၂၃ ခုနှစ်ကျမှသာ ဆောက်လုပ်ရေး လုပ်ငန်းတွေ လက်တွေ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ကြီးထွားလာအောင် တွန်းအားပေး ဆောင်ရွက်နေပြီး အဲဒီအတွက် လေဆိပ်တွေဟာလည်း အခြေခံ အကျဆုံး အရေးကြီး လိုအပ်ချက်တွေ ဖြစ်လာခဲ့ပါတယ်။ တရုတ် အာဏာပိုင်တွေက ၂၀၃၅ ခုနှစ်ကျရင် နိုင်ငံအနှံ့မှာ လေဆိပ်ပေါင်း ၃၅၀ လောက် လည်ပတ်နေနိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။